Saturday, January 27, 2018

ဗျည်းသရ​တွေ အနဲအများ ကို ကြည့်​ပြီး အမည်​ကို ​ဝေဖန်​ပိုင်းခြားနည်း

❝ ကိုယ့်​ရဲ့ ရင်​​သွေး​လေး​တွေကို မွန်​မြတ်​တဲ့ အ​မွေ ​ပေးချင်​ရင်​ ရင်​​သွေး​လေး​တွေရဲ့ ကံကြမ္မာကို ပံ့ပိုး 
ပေးနိုင်​တဲ့ အမည်​​ကောင်း​ တစ်​လုံး ကို အ​မွေ​ပေးခဲ့ပါ

ခု​ပြောပြမယ့်​ ပညာရပ်​​လေးဟာ ၇ရက်​သားသမီး အားလုံး အတွက်​ အသုံးပြုလို့ ရမယ့်​ မြန်​မာ့ရိုးရာ ပညာရပ်​ တခု က အက္ခရာ​လေး​တွေ ရဲ့ ​သဘာဝ ကို ထုတ်​နှုတ်​ တင်​ပြ​ပေးတာ ဖြစ်​ပါတယ်​ ❞

🔆 ၁ ။ သရ များများ ပါတဲ့ နာမည်

ပင်​ပန်းတယ်​ ၊ အလုပ်​​တွေ အများကြီး လုပ်​ရတယ်​ ၊  အများက အထင်​ကြီးတယ်​ ၊ မိသားစုကြားမှာ ပြသနာ လုပ်​တတ်​တယ်​ ၊ အရှုပ်​အရှင်း တစ်​ခုခုကြား ထဲမှာ အမြဲတမ်း ပါ​နေတတ်​တယ်
ဥပမာ ~ မြိုင်​ လှိုင်​ မျိုး စတဲ့ အမည်​များ

🔆 ၂ ။ ဗျည်း များများ ပါတဲ့ နာမည်

အသိုင်းအဝိုင်း ကို အားကိုးပြီး ​နေ​လေ့ ရှိတယ်​ ၊ အ​ပြောကြီးမယ်​ ၊ ကြွားဝါတတ်​မယ်​ ၊ မနိုင်​တဲ့ အလုပ်​​တွေ လုပ်​​နေပြီး အလုပ်​ရှုပ်​​နေတတ်​မယ်​ ၊ ယှဉ်​ပြိုင်​ရတာ ဝါသနာပါမယ်
ဥပမာ ~ ​အောင်​​ကျော်​​ဇေယျာ ၊ မိုးဟိန်းထွန်း ၊ ​အေးမြသီတာ​ဆွေ စတဲ့ အမည်​များ

🔆 ၃ ။ အထက်​သရ​တွေချည်း ​ပေးထားတဲ့ နာမည်

မိသားစုထဲမှာ အနိုင်​ကျင့်​ ခံရတတ်​တယ်​ ၊ အနှိမ်​ခံ ရတတ်​တယ်​ ၊ အမြဲတ​စေ ဖိနှိပ်​ ခံရတတ်​တယ်​ ၊  ဘဝ ကို မ​ကျေမနပ်​ ဖြစ်​​နေမယ်
ဥပမာ ~ မိမိ မီမီ သင်္ဂီ စတဲ့ အမည်​များ

🔆 ၄ ။ ​အောက်​ သရ​တွေချည်း ​ပေးထားတဲ့ နာမည်

သူများကို အားကိုး ​နေရတတ်​တယ်​ ၊ အားငယ်​ လွယ်​မယ်​ ​၊ ချောက်​တွန်း ခံရတတ်​တယ်​ ​၊ အောင်​မြင်​ချိန်​တွင်​ ရန်​​ပေါ်လာတတ်​တယ်
ဥပမာ ~ မူမူ ​မွှေး​မွှေး ​ရွှေ​ရွှေ စတဲ့ အမည်​များ

🔆 ၅ ။ လုံးဝ သရ မပါတဲ့ နာမည်

တစ်​​ဇောက်​ကန်း ဖြစ်​မယ်​ ဇွတ်​လုပ်​တတ်​မယ်​ ၊ မိုက်​မဲတယ်​ လူရည်​လည်​သလိုနဲ့ အတယ်​ ၊ အ​ပြောအဆို ချိုသာ​ပေမယ့်​ ပွင့်​လင်းတယ်​ ၊ ခပ်​​ပေါ့​ပေါ့ လုပ်​တတ်​တယ်
ဥပမာ ~ ​မောင်​​မောင်​ခ ၊ ဦးစ စတဲ့ အမည်​များ

🔆 ၆ ။ တစ်​လုံးတည်း ရှိတဲ့ အာ​မေဋိတ်​ နာမည်

မကြာခဏ ဘဝ အ​ပြောင်းအလဲ များမယ်​ ၊
အ​ခြေအ​နေ အမျိုးမျိုးကြားမှာ ရပ်​တည်​ ​နေရတတ်​တယ်​ ၊ ဟန်​​ဆောင်​ ​ကောင်းတယ်
ဥပမာ ~ ဝိုင်း ၊ လှိုင်း စတဲ့ အမည်​များ

🔆 ၇ ။ ပန်းက​လေး​တွေရဲ့ အ​မည်​ ​ပေးတဲ့ နာမည်​များ

သူများ ​စော်​ကား လွယ်​တယ်​ ၊ ရန်​ရှာခြင်း ခံရမယ်​ ၊  တက်​ကြွရင်းက စိတ်​ဓာတ်​ ကျလွယ်​တယ်
ဥပမာ ~ စံပယ်​ ၊ ချယ်​ရီ ၊ နှင်းဆီ စတဲ့ အမည်​များ

🔆 ၈ ။ ​ရေ​အောက်​ က ပစ္စည်း အ​မည်​ ​ပေးတဲ့ နာမည်​များ

ဘဝမှာ သိပ်​ထူးခြားတဲ့ အန္တရာယ်​ တစ်​ခု ( သို့ ) ပူပင်​ ​သောက တစ်​ခုခုကို ကြုံ​တွေ့ ရတတ်​တယ်​ ၊  အ​တွေးအ​ခေါ် အသစ်​​တွေ စဉ်းစားမယ်​ ၊ အ​ပြောင်းအလဲ များမယ်
ဥပမာ ~ ပုလဲ ၊ သန္တာ ၊ အဏ္ဏဝါ စတဲ့ အမည်​များ

🔆 ၉ ။ လ​တွေရဲ့ အ​မည်​ ​ပေးတဲ့ နာမည်​များ

ထင်​ရာမြင်​ရာ လုပ်​တတ်​မယ်​ ၊ မသိမသာ ​တော်​လှန်​မယ်​ ၊ သူများ မလုပ်​တာ​တွေ အားလုံးကို လိုက်​လုပ်​မယ်​ ၊ စကား​ပြော ကြီးကျယ်​တယ်
ဥပမာ ~ ဧပရယ်​ ​၊ မေသင်္ကြန်​ ၊ ဦးဝါဆို စတဲ့ အမည်​များ

🔆 ၁၀ ။ ​ကောင်းကင်​​ပေါ်က အရာဝတ္ထု အ​မည်​ ​ပေးတဲ့ နာမည်​များ

ဘဝမှာ တစ်​ကြိမ်​တစ်​ခါ နာမည်​ ပျက်​တတ်​တယ်​ ၊  စွပ်​စွဲခံရတတ်​တယ်​ ၊ အရှက်​တကွဲ ဖြစ်​ရမယ်​ ၊  အန္တရာယ် ကြုံရလိမ့်​မယ်​ ၊ ရန်​သူ ​ပေါများမယ်​ ​၊ အေး​ဆေး တည်​ငြိမ်​စွာ မ​နေရတတ်​ပါ ၊ အ​ပြောင်းအလဲ များမယ်
ဥပမာ ~ စန္ဒာ ၊ ဖိုးလမင်း ​၊ မောင်​​နေမင်း ၊ အိန္ဒြာ ၊  မိုး​ကျော်​ ၊ ဂျူ ပီတာ ၊ စ​နေမ ​၊ မောင်​ရာဟု စတဲ့ အမည်​များ

🔆 ၁၁ ။ တန်​ဖိုးဖြတ်​ထားတဲ့ အ​မည်​ ​ပေးတဲ့ နာမည်​များ

အတက်​အကျ များမယ်​ ၊ လုပ်​ငန်း တစ်​ခုကို လုပ်​​ရင်း တစ်​ဝက်​တစ်​ပျက်​နဲ့ ​နောက်​အလုပ်​တစ်​ခုကို ​ပြောင်းလဲ လုပ်​ရမယ်​ ၊ မိသားစုဒုက္ခကို အမြဲ ​ဖြေရှင်း ​နေရမယ်​ ၊ ကိုယ်​လုပ်​ထားတဲ့ ပင်​ပန်းခံမူ​တွေကို ကိုယ်​ မခံစားရပါ
ဥပမာ ~ ​မောင်​ရာ​ကျော်​ ​၊ မောင်​​သောင်းတန်​ ၊ ​မောင်​သိန်းတန်​ ၊ မဆယ်​ ​၊ မောင်​သန်းတင်​ စတဲ့ အမည်​များ

🔆 ၁၂ ။ တိရစ္ဆာန်​ အ​မည်​ ​ပေးတဲ့ နာမည်​များ

လူချစ်​လူခင်​ ​ပေါများမယ်​ စိတ်​တိုမယ်​ ​၊ ဒေါသ ကြီးမယ်​ ၊ သူများ အရှုပ်​အ​ထွေး​တွေမှာ အမြဲ ပါဝင်​ ​နေတတ်​တယ်​ ၊ အိမ်​​ထောင်​​ရေးမှာ အပူတစ်​ခုခု ​ရောယှက်​ ​နေရမယ်
ဥပမာ ~ ကို​ခွေး မ​ခွေး မဝက်​မ ကိုကျားကြီး ​ရွှေဇီးကွက်​ ​မောင်​ကြွက်​သိုး စတဲ့ အမည်​များ

🔆 ၁၃ ။ ဗျူ ပ္ပတ်​ ကို ဦးစား​ပေးတဲ့ နာမည်​များ

လက်​​တွေ့မှာ​တော့ ဗျူ ပ္ပတ်​ ရဲ့ ဆန့်​ကျင်​ဘက်​​တွေ ကိုချည်း လုပ်​တတ်​တယ်
ဥပမာ ~ ​မောင်​ယဉ်​​ကျေး လို့ မှည့်​ထားပြီး လက်​​တွေ့မှာ အ​ပြောရိုင်းတယ်​ ၊ ​ရှေ့​နောက်​ မကြည့်​ပဲ ​ပြောတတ်​တယ်​ ​၊ မောင်​သတ္တိ လို့ မှည့်​ထားပြီး လက်​​တွေ့မှာ ​ကြောက်​တတ်​တယ်​ ၊ စိုးရိမ်​ ​သောကကြီး တတ်​တယ်​ ၊ ​မောင်​သုခ လို့ မှည့်​ထားပြီး လက်​​တွေ့မှာ ဒုက္ခ အမျိုးမျိုး ကို ​တွေ့ရပြီးမှ ​အောင်​မြင်​မူ ကို ရတတ်​တယ်​ ​၊ မောင်​ပညာ လို့ မှည့်​ထားပြီး လက်​​တွေ့မှာ ပညာသင်​ရ ခက်​ခဲ တတ်​တယ်​ ၊ ​မောင်​မိုက်​ခဲ လို့ မှည့်​ထားပြီး လက်​​တွေ့မှာ ရန်​သူ​တွေရဲ့ ဖိနှိပ်​မူကို ခံရတတ်​တယ်​ စတဲ့ သ​ဘောများ

🔆 ၁၄ ။ မိဘအမည်​ ​ရောပြီး ပေးတဲ့ နာမည်​များ

အရွယ်​ ​ရောက်​လာရင်​ မိဘနဲ့ အတူ မ​နေရတတ်​ပါ ၊ အရွယ်​ မ​ရောက်​​သေးရင်​လည်း မိဘစကား ကို တ​လေးတစား နားမ​ထောင်​တတ်​ပါ ၊ ထင်​ရာ လုပ်​တတ်​ပါမယ်​ ၊ မိဘက စိတ်​ညစ်​စရာ ကြုံ​တွေ့ပြီးကာမှ တည်​ငြိမ်​သွားပါမယ်
ဥပမာ ~ ဦးမြ​ဖေ ရဲ့ သမီး ဇီဇဝါမြ​ဖေ ၊ ဦးရဲမြင့်​ ရဲ့ သား ရဲ​ကျော်​စွာမြင့်​ ၊ ဦးမြ​မောင်​+​ဒေါ်သန်းသန်း ရဲ့ သား ​ကျော်​မြသန်း စတဲ့ အမည်​များ

╔═════╗
►  သတိပြုရန်​  ◄
╚═════╝
အများသိပြီး အများ​ခေါ်တဲ့ အမည်​ တစ်​လုံးဟာ မ​ကောင်းတဲ့ အတွက်​ အခြားအမည်​ ​ပြောင်း​ပေမယ့်​ မူလအမည်​ရဲ့ သြဇာ​လောင်းရိပ်​ က မလွတ်​နိုင်​ပါ ၊ ဒါ့​ကြောင့်​ ဒုတိယအမည်​ ​ပြောင်း​ခေါ်မယ့်​ အစား ပထမ အမည်​နဲ့ပဲ ထိုး​နေကျ လက်​မှတ်​ ​ပြောင်းထိုး လိုက်​ပါ ၊ အဲဒါ နည်းနည်း​တော့ ထူးခြားပါလိမ့်​မယ်​ ၊ ဒုတိယအမည်​ ​ပြောင်းရင်​ ​ပြောင်းတာပဲ ရှိပါမယ်​ ၊  ပထမအမည်​တုန်းက မ​ကျော်​ကြားပဲ ဒုတိယအမည်​ နဲ့မှ ​ကျော်​ကြားလာတဲ့ ကိစ္စ​တွေဟာ အလုံးစုံ တိုက်​ဆိုင်​မူ​တွေပါ ၊ မူလအမည်​က ကိုယ့်​အတွက်​ ပညတ်​ ပြီးသားမို့ အဲဒီ ပညတ်​သာလျှင်​ ကိုယ့်​ရဲ့ ​ကောင်း​မွေ ဆိုး​မွေ ခံပါလိမ့်​မယ်

🔯 မိမိတို့ အတွက်​ အသုံးဝင်​တဲ့ ပညာရပ်​ ၁ခု ဖြစ်​တယ်​ ဆိုရင်​ မိမိတို့ မိတ်​​ဆွေများပါ သိခွင့်​ရကြဖို့ Share သွားကြပါ​နော်​ 🔯

🎉 ရင်​​သွေးငယ်​​လေး သားသား ​မောင်​ဝင့်​​တေဇ ပုံကို ​ပေးသုံးပါ​သော မိတ်​​ဆွေကြီး ဦး​တေဇာ​အောင်​+​ဒေါ်ငြိမ်းသန္တာထွန်း တို့အားလည်း အထူး ​ကျေးဇူး တင်​ရှိပါ​ကြောင်း ခင်​ဗျာ 🎉

                                                  ✍ ​ဝေဒင်္ဂ ✍

No comments:

Post a Comment