Saturday, January 27, 2018

အက္ခရာ ဗျည်း ၏ အကျိုး​ပေး များ



❝ မြန်​မာ့ရိုးရာ နာမက္ခရ ဆန်းကျမ်းပညာရပ်​ထဲ
က ဗျည်း နဲ့ သရ လို့ ​ခေါ်တဲ့ အက္ခ​ရာလေး​တွေ ကို 
ပေါင်းဖက်​​ခြင်းမှ၎င်း ၊ အသားအ​ရောင်​ ၊ အသံ
စတာ​လေး​တွေနဲ့ တပါတည်း တွဲဖက်​ကာ အမည်
တစ်​လုံး၏ ​ကောင်းမူ ဆိုးမူ ​များကို စဉ်းစား ​ဝေဖန်​ လို့ ရ​စေတဲ့ နည်း​လေး တစ်​ခု ကို မိတ်​ဆက်​ တင်​ပြ​ပေးချင်​ပါတယ်​ ။ ❞

ဥပမာ အ​နေဖြင့်​ ​စာ​ရေးသူ ကျွန်​​တော်​ ​ဝေဒင်္ဂ ရဲ့
အမည်​​လေး ကို ​ပြောပြ​ပေးပါမယ်​ ခင်​ဗျာ ။ အရင်​ဦးဆုံး ​ဝေဒင်္ဂ ဆိုတဲ့ အမည်​​လေးကို တစစီ ဖြန့်​ကျက်
ကြည့်​ရ​အောင်​ ။

☀ ဝေဒင်္ဂင်္ ☀

📃 (ေ _ ) ~ သ​ဝေထိုး + ( ဝ ) + ( ဒ ) +
( ဂ ) +( - င်္ ) ~ ကင်​စီ  📃

🎭 စာရေးသူ ကျွန်​​တော်​ ​ဝေဒင်္ဂ ဟာ 🎭

အသား နဲနဲ ညိုပါတယ်​ ။ စကား​ပြောရင်​ မပွင့်​တပွင့်​ နဲ့ ဆို​လေ့ ရှိတတ်​ပါတယ်​ ။ ​ဒေါသထွက်​ရင်​​တော့ ​ အသံကြီးက ပြဲပြဲကြီး​ပေါ့ဗျာ ။ ​လူ​တွေရဲ့ လောဘ ​ဒေါသ ​မောဟ နဲ့ နွယ်​​နေချိန်​ အသံဟာ ပင်​ကိုယ်​ အသံ မဟုတ်​လို့ ထည့်​ပြီး မစဉ်းစားရပါ ။

ကိုင်း ..... ​အောက်​က ဗျည်း + သရ + အသားအ​ရောင်​ + အသံ​နေအသံထား စသဖြင့်​ ၄မျိုးတို့က ​ပြောပြတဲ့ ​ဝေဒင်္ဂ အ​ကြောင်း အဓိပ္ပာယ်​ ဖွင့်​ဆိုမူ ကို ဖတ်​ကြည့်​လိုက်​ရ​အောင်​ဗျာ ။

(ေ _ ) ~ သ​ဝေထိုး

စိတ်​ မငြိမ်​မသက်​ ဖြစ်​တတ်​မယ်​ ၊ အခက်​အခဲ​တွေ ကို ​ဖြေရှင်းလို့ ရလာလိမ့်​မယ် ။

( ဝ )

အနုပညာ ကို ဝါသနာ ပါမယ်​ ၊ စိတ်​အလိုလိုက်​ တတ်​မယ်​ ၊ အ​ပျော်​အပါး များမယ်​ ၊ လုပ်​သမျှ ဖြစ်​မယ်​ ။
( ညို ~ ဝင်​ / ဖြူ ၊ ဝါ ~ ကျင်​ )
( သံ​အေး ~ ဝင်​ /သံပြင်း ~ ကျင်​ )

( ဒ )

သွက်​လက်​ချက်​ချာပြီး လိမ္မာ ပါးနပ်​မယ်​ ၊ ဇွဲကြီးမယ်​ ၊ အလုပ်​ များများ လုပ်​တတ်​မယ်​ ၊ အများက အမြင်​လွဲ တတ်​မယ်​ ​၊ ခေါင်းမာပြီး ထင်​ရာ လုပ်​မယ်​ ။
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

( ဂ )

အ​ပြောအဆို ပွင့်​လင်းတယ်​ ၊ ရဲရင့်​တယ်​ ၊ အ​တွေး အသစ်​​တွေ စဉ်းစားမယ်​ ​၊ ပြောစရာ ရှိရင်​ မျက်​နှာ မ​ထောက်​တတ်​ပါ ၊ အလုပ်​ အမျိုးမျိုးကို ပြိုင်​တူ လုပ်​တတ်​မယ်​ ။
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

( - င်္ ) ~ ကင်​စီ

စကား​ပြော လူရည်​လည်​မယ်​ ၊ သူများ အားကျ တတ်​မယ်​ ၊ မိသားစု ကွယ်​ရာမှာ ထင်​ရာ လုပ်​ တတ်​မယ်​ ၊ ​ပေါ့​ပေါ့ နဲ့ လွယ်​လွယ်​ ​နေတတ်​မယ်​ ၊ အလှအပ ကို ကြိုက်​တတ်​မယ်​ ၊ ​သေသပ်​တယ်​ ။

🔎 ကြည့်ပုံ ကြည့်နည်း လေးက ဒီလိုပါ 🔍

( ဝ ) ဗျည်း အက္ခရာ ရဲ့ ​အောက်​မှာ ပါတဲ့
( ညို ~ ဝင်​ ) ဆိုတာက ​ဝေဒင်္ဂ ရဲ့ အသားအ​ရောင်​ ဟာ ညို ရင်​ မှည့်​ထားတဲ့ ဗျည်း အက္ခရာ နဲ့ ​ကာယကံရှင်​၏ ဝေဒင်္ဂ ဟာ သဟဇာတ ဖြစ်​တယ်​ ၊ ဒီ အဓိပ္ပာယ်​ ဖွင့်​ဆိုမူဟာ ​ဝေဒင်္ဂ အတွက်​ အကျုံးဝင်​ တဲ့ အဓိပ္ပာယ်​ ဖွင့်​ဆိုမူ လို့ သ​ဘော ရပါတယ်​ ။

( ဖြူ  ၊ ဝါ ~ ကျင်​ ) ဆိုတာက ကာယကံရှင်​ ဝေဒင်္ဂ ဟာ အသားအ​ရောင်​ ( ဖြူ  ၊ ဝါ ) တဲ့သူ ဖြစ်​​နေရင်​ ဒီ အဓိပ္ပာယ်​ ဖွင့်​ဆိုမူဟာ ​ဝေဒင်္ဂ အတွက်​ သဟဇာတ မဖြစ်​ဘူး အကျုံးမဝင်​ ဆိုတဲ့ အဓိပ္ပာယ်​ ဖွင့်​ဆိုမူ လို့ သ​ဘော ရလို့ ခု​ပြောတဲ့ အဓိပ္ပာယ်​ ဖွင့်​ဆိုမူ​တွေရဲ့ ​ဆန့်​ကျင်​ပြောင်းပြန်​​တွေကိုသာ လုပ်​​နေတဲ့သူ ဖြစ်​လာပါလိမ့်​မယ်​ ။

( သံ​အေး ~ ဝင်​ /သံပြင်း ~ ကျင်​ ) ဆိုတာ​တွေလဲ အထက်​ပါ သ​ဘော အတိုင်းပဲ နားလည်​ရမှာ ဖြစ်​ပါတယ်​ ။

ခု​ပြောပြတဲ့ နာမက္ခရဆန်းပညာ နည်း​လေး ဟာ လူတစ်​ဦး အတွက်​ အမည်​ မှည့်​တာ အပြင်​ ၊ ရှိပြီး အမည်​ကိုပါ အမည်​​ကြောင့်​ ဖြစ်​လာနိုင်​တဲ့ ကိစ္စ​တွေ မိမိတို့ဖာသာ 
လေ့လာ သုံးသပ်​ ဆင်​ခြင်​ နိုင်​ကြပါလိမ့်​မယ်​ ။

۞ အက္ခရာ ဗျည်း ၏ အကျိုး​ပေး များ ۞

✦ က ✦

စိတ်​ကြီးမယ်​ ၊ ပြင်းထန်​မယ်​ ၊ ဝီရိယ လွန်​ကဲမယ်​ ၊  သတ္တိ ရှိမယ်​ ၊ တဘက်​သတ်​ ​တွေးမယ်​ ၊ လုပ်​ချင်​တဲ့ အ​ပေါ်မှာ အချိန်​ဖြုန်းမယ်
( ဖြူ  ၊ ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ခ ✦

မိန်းမဆန်​မယ်​ ၊ အ​တွေး အမျိုးမျိုးကို ​တွေးမယ်​ ၊ စိတ်​အ​ပြောင်းအလွဲ များမယ်​ ၊ အ​ပေါင်းအသင်း အ​ပေါ်မှာ ခင်​လွယ်​ တတ်​မယ်

✦ ဂ ✦

အ​ပြောအဆို ပွင့်​လင်းတယ်​ ၊ ရဲရင့်​တယ်​ ၊ အ​တွေး အသစ်​​တွေ စဉ်းစားမယ်​ ​၊ ပြောစရာ ရှိရင်​ မျက်​နှာ မ​ထောက်​တတ်​ပါ ၊ အလုပ်​ အမျိုးမျိုးကို ပြိုင်​တူ လုပ်​တတ်​မယ်
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဃ ✦

ပြောချင်​တာ လုပ်​ချင်​တာ​တွေ များပြီး မပြီးနိုင်​ မဆုံးနိုင်​ လုပ်​တတ်​မယ်​ ၊ လက်​လွယ်​မယ်​ ၊ စိတ်​လွယ်​မယ်​ ၊ ရန်​သူ များမယ်
( ညို ~ ဝင်​ / ဖြူ  ၊ ဝါ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ င ✦

အိမ်​တွင်း​ရေး ရှုပ်​မယ်​ ၊ ငြိမ်​ငြိမ်​ ​နေတတ်​မယ်​ ၊ စိတ်​အလို လိုက်​တတ်​မယ်​ ​၊ ကောင်းစား လွယ်​ ကျဆုံး လွယ်​မယ်​ ၊ အိမ်​​ထောင်​ဆက်​ များမယ်
( ဖြူ  ~ ဝင်​ / မဲ ၊ ညို ၊ ဝါ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ စ ✦

အပြိုင်​အဆိုင်​ ဝါသနာ ပါမယ်​ ​၊ လောကွတ်​ မ​ကောင်းပါ ​၊ စေတနာ ​ကောင်းမယ်​ ၊ အ​ပြော ပြတ်​သားပြီး အလုပ်​ မပြတ်​သားပါ ၊ ဆန့်​ကျင်​သူ​တွေကို ရက်​ရက်​ စက်​စက်​ လုပ်​တတ်​မယ်
( ဖြူ  ၊ ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဆ ✦

အလှအပ ကို ကြိုက်​တတ်​မယ်​ ၊ လူက မာ​ကျောပြီး စိတ်​က ​ပျော့မယ်​ ​၊ ကျော်​ကြား လွယ်​တယ်
( ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ဇ ✦

ပြန်​မ​ပြော နားမ​ထောင်​ သမား ဖြစ်​မယ်​ ၊ ထင်​ရာ မြင်​ရာ ဇွတ်​ လုပ်​မယ်​ ၊ ထိန်းသိမ်းမူ​တော့ ရှိမယ်​ ၊  လုပ်​ပြီးမှ ​နောင်​တ ရတတ်​မယ်​ ​၊ ပျော်​​ပျော်​ပါးပါး ​နေတတ်​မယ်
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ စ် ✦

ဆန္ဒ လွန်​ကဲမယ်​ ၊ စိတ်​ ​ပျော့ညံ့မယ်​ ၊ မိန်းမ ဆန်​မယ်​ ​၊ ပြောစမှတ်​ ဖြစ်​ရာ ကိစ္စများ မကြာခဏ လုပ်​တတ်​မယ်​ ၊ ရန်​ဖြစ်​လွယ်​တယ်
( ညို ~ ဝင်​ / ဖြူ  ၊ ဝါ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ည ✦

အ​ပျော်​အပါး များမယ်​ ၊ လုပ်​ချင်​ရာ​တွေ ထင်​ရာ လုပ်​ပြီးမှ ​နောင်​တ ရတတ်​မယ်​ ၊ အချစ်​​ရေး ကံ​ခေတယ်​ ​၊ ပေါ့​ပေါ့ပျက်​ပျက်​ လုပ်​တတ်​မယ်
( ဖြူ  ၊ ညို ~ ဝင်​ / ဝါ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဋ ✦

လူတစ်​​ယောက်​ နှင့်​ ​ပေါင်းလျှင်​ ​ပြောမနာ ဆိုမနာ ​ပေါင်းမယ်​ ၊ ပြီးရင်​ ကိုယ်​ကပဲ ဖြတ်​ပစ်​ တတ်​မယ်​ ၊ အ​ပျော်​အပါး ဝါသနာ ပါမယ်​ ၊ ခရီး သွားတာ ဝါသနာ ပါမယ်
( ဖြူ  ၊ ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဌ ✦

သွေး​အေး​အေး နှင့်​ လုပ်​တတ်​မယ်​ ၊ မဖြစ်​မ​နေ လုပ်​မယ်​ ၊ ဆန်းဆန်းပြားပြား ကိစ္စ ဟူသ​ရွေ့ လုပ်​တတ်​မယ်​ ၊ အားလုံး အ​ပေါ်မှာ ဝါသနာ ထုံမယ်​ ၊  အချစ်​ကြီးမယ်​ ၊ ရက်​ရက်​စက်​စက်​ လုပ်​တတ်​မယ်
( ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​ပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ဍ ✦

အလုပ်​​တွေ အများကြီး လုပ်​တတ်​မယ်​ ​၊ ပြောပြီး ​မေ့တတ်​မယ်​ ၊ ရည်​ရွယ်​ချက်​ ကြီးကြီး နဲ့ လုပ်​ပြီးမှ အဖျားရှူးသွား တတ်​မယ်​ ၊ ပတ်​ဝန်းကျင်​ နဲ့ မတည့်​တတ်​ပါ
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဎ ✦

အတ္တကြီးမယ်​ အ​ပြောကြမ်းမယ်​ ၊ စိတ်​ကြီးတယ်​ ၊  အိုးအိမ်​ အတည်​တကျ မရှိတတ်​ပါ ၊ ခဏခဏ ​ပြောင်းလဲမူ များမယ်
( ညို ~ ဝင်​ / ဖြူ  ၊ ဝါ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ဏ ✦

မ​ကောင်းမူ မှာ ​မွေ့​ပျော်​မယ်​ ၊ နည်းနည်းပါးပါး ဆန့်​ကျင်​ရမှ ​ကျေနပ်​မယ်​ ၊ အချစ်​ဦး နဲ့ လွဲမယ်​ ၊ ဖြစ်​သမျှ အ​ပေါ်မှာ ခဏပဲ စိတ်​ညစ်​ပြီး​နောက်​ ​ပျော်​​ပျော်​ပါးပါး ​နေတတ်​မယ်
( မဲ ၊ ညို ~ ဝင်​ / ဖြူ  ၊ လတ်​ ၊ ဝါ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ တ ✦

ကြွားဝါ တတ်​မယ်​ ၊ သတ္တိ ရှိမယ်​ ၊ ပွင့်​လင်းမယ်​ ၊  ရိုးသားမယ်​ ၊ ဟန်​​ဆောင်​ ​ကောင်းမယ်​ ၊ ခံနိုင်​ရည်​ ရှိမယ်​ ၊ စကားကြီး စကားကျယ်​ ​ပြောဆို တတ်​မယ်
( ဖြူ  ၊ ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ထ ✦

စကား​ပြော ​ကောင်းမယ်​ ၊ ကတိ မတည်​ တတ်​ပါ ၊  ဟန်​​ဆောင်​ တတ်​မယ်​ ၊ တက်​တက်​ ကြွကြွ ​နေတတ်​မယ်​ ​၊ လုပ်​ငန်းမှာ မငြိမ်​မသက်​ ဖြစ်​မယ်
( ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ဒ ✦

သွက်​လက်​ချက်​ချာပြီး လိမ္မာ ပါးနပ်​မယ်​ ၊ ဇွဲကြီးမယ်​ ၊ အလုပ်​ များများ လုပ်​တတ်​မယ်​ ၊ အများက အမြင်​လွဲ တတ်​မယ်​ ​၊ ခေါင်းမာပြီး ထင်​ရာ လုပ်​မယ်
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဓ ✦

အ​ပြောအဆို မတတ်​သဖြင့်​ ရန်​သူ များမယ်​ ​၊ ပျော်​​ပျော်​ ပါးပါး ​နေတတ်​မယ်​ ၊ နူးညံ့ သိမ်​​မွေ့ပြီး အလှအပ မြတ်​နိုးမယ်​ ​၊ ချော​မောမယ်​ ၊ စိတ်​ကို ကျဆင်း လွယ်​မယ်
( ညို ~ ဝင်​ / ဖြူ  ၊ ဝါ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ န ✦

စိတ်​​ကောက်​ လွယ်​တယ်​ ၊ ဟန်​ပန်​ ​ကောင်းမယ်​ ၊  အလှအပ ကို မြတ်​နိုးမယ်​ ၊ စိတ်​မှန်​မယ်​ ​၊ ဒေါသ ကြီးမယ်​ ၊ အိမ်​​ထောင်​ဖက်​ နှင့်​ အမြဲ ရန်​ဖြစ်​​နေမယ်
( မဲ ၊ ညို ~ ဝင်​ / ဖြူ  ၊ ဝါ ၊ လတ်​ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ပ ✦

ဟုတ်​တာ​တွေ ​ပြောမယ်​ ၊ ကတိ တည်​မှ ကြိုက်​တယ်​ ၊ လက်​​တွေ့ ဆန်​မယ်​ ၊ ကိုယ့်​အားကိုယ်​ကိုးမယ်​ ၊ အ​ပေါင်းအသင်း ဆန့်​မယ်
( ဖြူ  ၊ ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဖ ✦

လူများရဲ့ အကြားမှာ ထင်​​ပေါ် ​ကျော်​​ကြား​အောင်​ လုပ်​တတ်​မယ်​ ၊ အလှအပ မြတ်​နိုးမယ်​ ၊ စိတ်​ကူး ယဉ်​မယ်​ ၊ အ​ပျော်​အပါး များမယ်​ ၊ ချစ်​စဖွယ်​ စကား ​ပြောမယ်
( ဝါ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ဗ ✦

သြဇာ ​ပေးတတ်​မယ်​ ၊ အလုပ်​ မျိုးစုံ လုပ်​တတ်​မယ်​ ၊ ​လောဘ ကြီးမယ်​ ၊ ပွင့်​လင်းမယ်​ ၊ စရိုက်​ ကြမ်းမယ်​ ၊ လုပ်​ရဲ ကိုင်​ရဲ မယ်
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဘ ✦

မိန်းမ ဆန်​မယ်​ ၊ စကား တတ်​မယ်​ ၊ အားနာ တတ်​မယ်​ ​၊ သေသပ်​စွာ ​နေတတ်​ လုပ်​တတ်​မယ်​ ၊ သွက်​လက်​မယ်​ ၊ အားလုံးကို ဝါသနာပါမယ်
( ညို ~ ဝင်​ / ဖြူ  ၊ ဝါ ၊ လတ်​ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ မ ✦

အိမ်​​ထောင်​​ရေး မှာ ဇွတ်​ယူတတ်​မယ်​ ၊ အချစ်​​ရေး ကံ​ခေတယ်​ ​၊ ခေါင်းမာတယ်​ ၊ ပတ်​ဝန်းကျင်​ ကို ဂရုမစိုက်​ တတ်​ပါ ၊ အလိုက်​ကမ်းဆိုး မသိတတ်​ပါ ၊ ​ကျော်​ကြား လွယ်​သလို ကျဆင်းလွယ်​တယ်
( ဖြူ  ၊ ညို ~ ဝင်​ / ဝါ ၊ လတ်​ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ယ ✦

အ​ပေါင်းအသင်း မှားတတ်​မယ်​ ၊ စိတ်​ရှည်​မယ်​ ၊ သံ​ယောဇဉ်​ ကြီးမယ်​ ၊ စိတ်​ကူး ယဉ်​မယ်​ ၊ အလှအပ ကို မက်​​မောမယ်​ ၊ သိမ်​​မွေ့မယ်
( ဖြူ  ၊ ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ရ ✦

စပ်​စု တတ်​မယ်​ ၊ လုပ်​ငန်း အမျိုးမျိုး ပညာ အမျိုးမျိုး ကို လိုက်​စား တတ်​မယ်​ ၊ စလယ်​ဆုံး မလုပ်​တတ်​ပါ ၊ လူအထင်​ကြီး ခံရမယ်
( ဝါ ~ ဝင်​ / ညို ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ လ ✦

လုပ်​ချင်​တာ​တွေကို ​ခေါင်းမာမာနှင့်​ လုပ်​တတ်​မယ်​ ၊ ​တော်​လှန်​ရမှ ​ကျေနပ်​မယ်​ ၊ မ​မျှော်​လင့်​ပဲ အိမ်​​ထောင်​ ကျမယ်​ ၊ အိမ်​​ထောင်​​ရေးမှာ ပြသနာ ဖြစ်​ပြီးမှ သာယာမယ်
( ညို ၊ လတ်​ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံပြင်း ~ ဝင်​ / သံ​အေး ~ ကျင်​ )

✦ ဝ ✦

အနုပညာ ကို ဝါသနာ ပါမယ်​ ၊ စိတ်​အလိုလိုက်​ တတ်​မယ်​ ၊ အ​ပျော်​အပါး များမယ်​ ၊ လုပ်​သမျှ ဖြစ်​မယ်
( ညို  ~ ဝင်​ / ဖြူ  ၊ ဝါ ~ ကျင်​ )
( သံ​အေး ~ ဝင်​ /သံပြင်း ~ ကျင်​ )

✦ သ ✦

အိမ်​​ထောင်​ဆက်​ များနိုင်​တယ်​ ၊ ရည်းစားများမယ်​ ၊  စိတ်​ကူးယဉ်​မယ်​ ၊ စိတ်​ဆတ်​တယ်​ ၊ မကြာခဏ မဟုတ်​တာ​တွေကို လုပ်​​လေ့ ရှိတယ်​ ​၊ ကောင်းစား လွယ်​တယ်
( မဲ ၊ ညို ~ ဝင်​ / ဖြူ  ၊ ဝါ ၊ လတ်​ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဟ ✦

ဆန္ဒ​စောမယ်​ ၊ ပြာမယ်​ ၊ ပူပင်​မယ်​ ၊ သိမ်​​မွေ့မယ်​ ၊  မကြာခဏ အငိုက်​မိမယ်​ ၊ အချင်းချင်း သစ္စာ အ​ဖောက်​ ခံရမယ်
( ညို ~ ဝင်​ / ဖြူ  ၊ ဝါ ~ ကျင်​ ) 
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ ဠ ✦

အထီးကျန်​ ​နေ​လေ့ ရှိမယ်​ ၊ အ​ပြော အဆို မတတ်​ပါ ​၊ ဟော​ဟောဒိုင်းဒိုင်း ​ပြောဆို လုပ်​ကိုင်​ တတ်​မယ်​ ၊ ရည်​ရွယ်​ချက်​မဲ့ အလုပ်​​တွေ အများကြီး လုပ်​မယ်
( ညို ၊ ဝါ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

✦ အ ✦

လွတ်​လပ်​မူကို ကြိုက်​တယ်​ ၊ စိတ်​ချမ်းသာမူကို လိုလားမယ်​ ၊ ခရီးထွက်​တာ ဝါသနာ ပါမယ်​ ၊ ဘာပဲ လုပ်​လုပ်​ ကိုယ့်​သ​ဘောနှင့်​ကိုယ်​ လုပ်​မယ်
( ညို ၊ ဝါ ~ ဝင်​ / ဖြူ  ၊ မဲ ~ ကျင်​ )
( သံ​အေး ~ ဝင်​ / သံပြင်း ~ ကျင်​ )

 ╔══════════════════╗ 
 ►တွဲပြီး ဖတ်​ရှူ  ရမည့်​ စာ​လေးများ ◄
 ╚══════════════════╝

သရ နှင့်​ သံယုဂ်​ ၏ အကျိုး​ပေး များ အ​ကြောင်း
စာ​လေး​တွေကို ဒီိ​နေရာ​လေး က ​လေ့လာ
ပေးကြပါ  ခင်​ဗျာ ။

https://m.facebook.com/story.php?story_fbid=712896758919559&id=493133034229267

ဝေဒင်္ဂ တစ်​ခါက ဗျည်းသရ​တွေ အနဲအများ ကို
ကြည့်​ပြီး အမည်​ကို ​ဝေဖန်​ပိုင်းခြားတဲ့ နည်း​လေး တစ်​ခု တင်​​ပေးဖူးပါတယ်​ တွဲစပ်​ပြီး ​တခါတည်း 
လေ့လာချင်​ရင်​ဖြင့်

https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267

🔯 မိမိတို့ အတွက်​ အသုံးဝင်​တဲ့ ပညာရပ်​ ၁ခု ဖြစ်​တယ်​ ဆိုရင်​ မိမိတို့ မိတ်​​ဆွေများပါ သိခွင့်​ရကြဖို့
Share သွားကြပါ​နော်​ 🔯

                                         ✍ ​ဝေဒင်္ဂ ✍

No comments:

Post a Comment