Saturday, January 27, 2018
နာမည် ဆန်းဆန်း ရှိသူတွေ ပဲ ကြုံရလေ့ ရှိတဲ့ ပြသနာများ
❝ မိဘတွေက သားသမီးတွေကို နာမည် ပေးကြတဲ့
အခါမှာ သူများနဲ့ မတူအောင် ဆိုပြီး တစ်မူထူး တဲ့
နာမည်တွေ ပေးလေ့ ရှိပါတယ်။ တကယ်တော့
ဒီလိုမျိုးနာမည် ဆန်းဆန်းတွေ မှည့်ထားတာက
ပြသနာ တ်ာတော် များများ ကိုကြုံတွေ့ရလေ့ ရှိပြီး
တခါတလေ သင်ကိုယ်တိုင် လက်ရှိ နာမည် အစား
သူများ မှတ်မိ နိုင်မယ့် နာမည်မျိုးကို ပိုတောင့်တ
မိတဲ့ အခါမျိုး ရှိပါလိမ့်မယ်။ ❞
၁. အသံထွက် ရတာ ခက်ခဲတယ်
သင့် အနေ နဲ့ ကတော့ ကိုယ့် နာမည် ကို
အသံထွက် ရတာ အခက်အခဲ မရှိပေမယ့်
တခြားသူတွေ အဖို့တော့ခက်ခဲ ပါလိမ့်မယ်။
သင်ကိုယ်တိုင်က နာမည် ကို ကာရန် လိုက်ပြီး
တခြားသူတွေ မှတ်မိအောင်လို့ ပြောပြရတာတွေ
လည်းရှိမှာပါ။
၂. လူသစ်တွေ နဲ့ တွေ့ဆုံ တဲ့ အခါ
သူများတွေ နဲ့ မိတ်ဖွဲ့တဲ့ အခါ သူတို့ အသံထွက်
မှန်စေဖို့ ကိုယ်က လိုက်ပြင်ပေး နေရပါတယ်။
အသံထွက်ရ ခက်ခဲတဲ့ အခါ သူတို့ကို ၂ခါ ၃ခါ
လောက် ပါးစပ်နဲ့ရော၊ တခါတလေ လက်တွေ
တောင်ပါလိုက်ဦးမယ်၊ ဒီလို အသံထွက်တာလို့
ဆရာ လုပ်ရတဲ့အခါလည်း ရှိပါသေးတယ်။
မတတ်နိုင်တဲ့ အဆုံးမှာတော့ ကိုယ့်နာမည် ကို
ဟာသနှောပြီး ဒီလိုမျိုးလေး ခေါ်လည်း ရပါတယ်
လို့ ပြန်ပြင် ပေးရတာလေးတွေလည်း ရှိပါတယ်။
၃. အမှန်ပြင် ပေးနေရတာ
လူတွေက သူများ နာမည် ကို နာမည် စာလုံး
ပေါင်းတဲ့ အခါ မှားအောင် ပေါင်းတာပဲ ဖြစ်ဖြစ်၊
အသံထွက် အမှား ထွက်တာပဲ ဖြစ်ဖြစ် နှစ်နှစ်
ခြိုက်ခြိုက် ရှိကြပါတယ်။ သူတို့ မှားတိုင်း သင်
ပြင်ပေတော့ပဲ။ နာမည် ရှည်တဲ့သူတွေ ဆိုရင်
ပိုဆိုးမှာပါ။ ကြာတော့ သင် ကိုယ်တိုင် ကိုယ့်
နာမည် ကို ၂ကြိမ် ၃ကြိမ် မက ရွတ်ပြ ပြောပြ
နေရတာ စိတ်တို လာပါတယ်။
၎. မှတ်မိလွယ်သော နာမည် တခု စဉ်းစားရတာ
လူတွေကို သင့် နာမည် အမှန် လိုက်ပြင်ပြင်
ပေးနေရတာ စိတ်ရှုပ်လာတော့ သင်ကိုယ်တိုင်
က လူတွေ သင့်ကိုမှတ်မိအောင် အလွယ်ခေါ်
နာမည်တခုထပ်စဉ်းစားရပါတော့တယ်။
နာမည်ကမှတ်ရတာခက်ခဲတဲ့အခါ သူများတွေက
သင့်ကိုတွေ့လို့ မျက်နှာရင်းနှီးနေတာတောင်မှ
လူကိုရင်းရင်းနှီးနှီးသိတယ်…ဒါနဲ့နာမည်ကဘာဆိုလား.. ကသိကအောက်နဲ့ဒီလိုအမေးခံရတာလေး
တွေရှိကိုရှိပါတယ်။
၅. မေးခွန်းတွေ မေးတယ်
စာလုံးပေါင်း၊ အဓိပ္ပါယ် သင့် နာမည် က ထူးခြား
တဲ့အခါ တွေ့သမျှ လူတိုင်း က သင့်ကို မေးခွန်းတွေ
တန်းစီမေးမှာပါပဲ..နာမည်ကဘာလို့ဒီလိုမှည့်တာလဲ..အဓိပ္ပါယ် ကရော ဘာလဲ..ပြီးတော့ ဘယ်လို
စာလုံး ပေါင်း ရလဲ..စသဖြင့်ပေါ့။ တခါတလေ
ကိုယ့် နာမည် နဲ့ ကိုယ်တောင်မှ နာမည် က တမျိုးပဲ
နော်.. ဘယ် ဒေသ က မို့လို့လဲ..ရီရတယ်..စတာ
က ပါသေးတယ်။ သူငယ်ချင်းတွေ ရှိလာတဲ့ အခါ
ကျရင်လည်း နာမည်ပေါ် လိုက်ပြီး သင် မနှစ်သက်
တဲ့ နာမည်ဆိုးတွေ နဲ့ ပြောင်နောက်ခံရပါလိမ့်မယ်။
၆. အမြဲမှား နေတယ်
သင့် နာမည် က စာလုံးပေါင်း ခက်ခဲနေရင် ဒါမှ
မဟုတ် တအား ရှည်နေရင်တခုခု မှာယူတဲ့ အခါ
မှာပဲဖြစ်ဖြစ်၊ ၀ယ်ယူ တာပဲဖြစ်ဖြစ် စာရင်း ထွက်
လာတဲ့ အခါ ကျရင် နာမည် က အမြဲ လွဲနေ တတ်
ပါတယ်။ နောက်တခုကတော့ သင့်ဆီပို့လိုက်တဲ့
email တွေ၊ အရေးကြီး စာရွက်စာတမ်းတွေက
နာမည်မှားနေတဲ့အခါကျရင် သိပ် စိတ်ရှုပ် ရလေ့
ရှိပါတယ်။ အရေးကြီး စာရွက် စာတမ်းတွေ
ဥပမာ…မှတ်ပုံတင် တဲ့ ကိစ္စတွေ၊ ပတ်စ်ပို့ လုပ်တာ တွေ မှာ နာမည် မှားနေခဲ့ရင် ပြင်ရတာ အချိန်
ကြန့်ကြာတဲ့ အပြင် အလုပ် နှောင့်နှေး ပါသေးတယ်။
အခု တင်ပြ သွားတာလေး တွေက Metro ကနေ
ကိုးကားထား တဲ့ နာမည် ထူးထူးဆန်းဆန်းလေး
တွေ မှည့်ခံထားရတဲ့ ပိုင်ရှင်တွေမှာ ကြုံရလေ့ရှိတဲ့
အခက်အခဲလေးတွေဖြစ်ပါတယ်။
⫷C⫸⫷R⫸⫷D⫸
► ဝေဒင်္ဂ ရဲ့ အမည် အကြောင်း စာစုလေးများ ◄
➩ အမည် ဂိုဏ်း တန်ဖိုး တွက်နည်းလေးပါ
https://m.facebook.com/story.php?story_fbid=713528792189689&id=493133034229267
➩ အက္ခရာ ဗျည်း ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ
https://m.facebook.com/story.php?story_fbid=712899375585964&id=493133034229267
➩ သရ နှင့် သံယုဂ် ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ
https://m.facebook.com/story.php?story_fbid=712896758919559&id=493133034229267
➩ ဗျည်းသရတွေ အနဲအများ ကို ကြည့်ပြီး
အမည်ကို ဝေဖန်ပိုင်းခြားတဲ့ နည်းလေး တွဲစပ်ပြီး
တခါတည်း လေ့လာချင်ရင်ဖြင့်
https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267
➩ နာမကာရဏ ကင်ပွန်းတပ် မင်္ဂလာ ပြုလုပ်နည်း
https://m.facebook.com/story.php?story_fbid=704344779774757&id=493133034229267
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
ရင်သွေးလေး မMay Thawtar Chel ရဲ့ ပုံရိပ် ကို
အသုံးပြုဖို့ ခွင့်ပြုပေးတဲ့ ရင်သွေးလေး ရဲ့ မေမေ နဲ့
ဖေဖေ ကို အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ :)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment