Saturday, January 27, 2018

⏳ ဂြိုဟ် စိုးမိုးချိန် နှင့် သန္ဓေတည်ခြင်း ⌛



❝ ဆေးပညာ ဂိုဏ်းခွဲ ဖြစ်တဲ့ ခန္ဓာဗေဒ အရ
ကာလ ရေကြည် တည်နေချိန် က စပြီး သန္ဓေသား
ပေါက်ဖွား တဲ့အချိန် အထိ သန္ဓေသား တည်နေပုံ ကို
လေ့လာသူ တွေ သိကြပါလိမ့်မယ်

ဒီလို သန္ဓေသား တည်ပုံ ကို ဆေးပညာ အရ
မဟုတ်ပဲ နက္ခတ်ဗေဒင် အမြင် နဲ့လည်း လေ့လာလို့
ရပါတယ် သန္ဓေသား တည်နေချိန်မှာ တစ်လ နဲ့တစ်လ စိုးမိုးတဲ့ ဂြိုဟ်တွေ မတူပါဘူး ❞
   
🔎 ကဲ ... စိုးမိုးတဲ့ဂြိုဟ် နဲ့ သန္ဓေသား ဖွံ့ဖြိုး
တိုးတက် ပုံကို ပြောပြပါမယ် 🔍

🚼 ပထမလ မှာ သောကြာဂြိုဟ် စိုးမိုးတယ်။
သုတ်သွေး ဟာ အရည် အဆင့် မှာပဲ ရှိနေ
ပါသေးတယ်

🚼 ဒုတိယလ မှာတော့ အင်္ဂါဂြိုဟ် စိုးမိုးတယ်။
ကာလရေကြည် (ပဋိသန္ဓေ ရဲ့ အစ)
အခဲငယ်လေး ဖြစ်သွားပါပြီ

🚼 တတိယလ မှာ ကြာသာပတေးဂြိုဟ်
စိုးမိုးတယ်။ ခက်မ ငါးဖြာ လို့ ခေါ်တဲ့ ခြေတံ
လက်တံ တွေ ရုပ်လုံး ပေါ်လာတယ်

🚼 စတုတ္ထလ မှာ တနင်္လာဂြိုဟ် အုပ်စိုးတယ်။
အတွင်း ထဲမှာ အရိုးဖြစ်လာပြီ

🚼 ပဉ္စမလ မှာ တနင်္လာဂြိုဟ် စိုးမိုးတယ်
အပေါ်ယံ မှာ အရေပြား ဖြစ်လာတယ်

🚼 ဆဋ္ဌမလ မှာ စနေအုပ်စိုးတယ်
အမွှေးအမျှင်များ ပေါက်လာတဲ့ ကာလပါ

🚼 သတ္တမလ မှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတယ်
နာဗ်​ကြော၊ အာရုံကြောများ ဖြစ်လာတယ်

🚼 အဋ္ဌမလ မှာ အာစာန လဂ်သခင်ဂြိုဟ်
စိုးမိုးပါတယ်။ ရင်​​သွေး​လေး ဟာ ချက်ကြိုး က
တစ်ဆင့် မိခင် ရဲ့ အစာအဟာရ ကို စပြီး ယူပါပြီ

🚼 န၀မလ မှာ တနင်္လာဂြိုဟ် စိုးမိုးပါတယ်
ရင်​​သွေး​လေး ဟာ ရေငတ်တာ၊ ဆာလောင်
မွတ်သိပ်တာ တို့ ခံစား တက်တဲ့ အဆင့် အထိ
ရောက်နေပါပြီ

🚼 ဒသမလ မှာ တနင်္လာဂြိုဟ် စိုးမိုးပါတယ်။
မိခင်ဝမ်းကြာတိုက် ကနေ ပြင်ပ လောက ကို
ထွက်လာပြီး လောကဓံ ကို ရင်ဆိုင်ဖို့ အသင့်
ဖြစ်နေပါပြီ
   
💫 စိုးမိုးနေတဲ့ ဂြိုဟ်တွေဟာ အနေအထား
ကောင်း ပါမှ မိခင်ရော ရင်​​သွေး​လေး ပါ
ကျန်းမာရေး ကောင်းမွန် နိုင်ပါတယ် 

💫 ဂြိုဟ်တွေ အနေအထား မကောင်းရင် ဖြစ်စေ၊
နိစ်ခံပြီး ပါမဂြိုဟ်တွေ ရဲ့ စိုးမိုးမှု ကို ခံနေရရင်
ဒီလို ဖြစ်တဲ့လမှာ သားပျက်တာ၊ သားလျောတာ
တွေ ဖြစ်တက်ပါတယ်

⏩ စိတ်ဝင်စားတယ် ဆိုရင် တွေးတော ကြံဆ
ကြည့်ကြပါတော့...

🔯 မိမိတို့ အတွက်​ အသုံးဝင်​တဲ့ ပညာရပ်​ ၁ခု ဖြစ်​တယ်​ ဆိုရင်​ မိမိတို့ မိတ်​​ဆွေများပါ သိခွင့်​ရကြဖို့
Share သွားကြပါ​နော်​ 🔯

                                         ✍ ​ဝေဒင်္ဂ ✍

No comments:

Post a Comment