Saturday, January 27, 2018

ရင်​​သွေး ​မွေးရဖွားရ လွယ်​ချင်​ရင်



ယ​နေ့ မျက်​​မှောက်​​ခေတ်​ ကိုယ်​ဝန်​​ဆောင်​ ကာလသမီး မိခင်​​လောင်းများ အတွက်​ ​အောက်​​ဖော်​ပြပါ နည်း​လေး​တွေက ဟာကနဲ ဟင်​ကနဲ ဖြစ်​စရာ ​ကောင်းတဲ့ သိမှတ်​စရာ​လေး​တွေ ဖြစ်​​နေနိုင်​​ပေမယ့်​ ကျေးလက်​​တောရွာ​တွေမှာ ခုချိန်​ထိ အသုံးပြု​နေတဲ့ ရိုးရာ နည်း​လေး​တွေ ဖြစ်​ပါတယ်​ မိခင်​​လောင်းများ အ​နေ နဲ့ သိမှတ်​စရာ တိုးပါ​စေ​တော့ ဆိုတဲ့ ​စေတနာ ဖြင့်​ ပြန်​လည်​ ​တင်​ပြ​ပေးလိုက်​ပါတယ်​ ခင်​ဗျာ

(၁) သစ်​ခုတ်​လို့ ကျန်​တဲ့ သစ်​စ ကို သစ်​ကြွပ်​ လို့ ​ခေါ်ပါတယ်​ သစ်​ကြွပ်​ ကို ဆံထုံး မှာ စိုက်​ထားပါ
ရင်​​သွေး လွယ်​လွယ်​ ​မွေးပါလိမ့်​မယ်

(၂) တမာခက်​ ကို ​သွေးပြီး တိုက်​ပါ ရင်​​သွေး လွယ်​လွယ်​ ​မွေးပါလိမ့်​မယ်

(၃) သရက်​ပင်​ငယ်​ ကို လက်​ပြန်​နှုတ်​ ​ဆေး​တောင့်​ ပြုထား ​သွေးတိုက်​ ရင်​​သွေး လွယ်​လွယ်​ ​မွေးပါလိမ့်​မယ်

(၄) ရင်​​သွေး​လေး ​မွေးရခက်​​နေရင်​ မိခင်​​လောင်း ရဲ့ ဘယ်​ဘက်​လက်​ နဲ့ ​ပေါက်​ပန်းဖြူ  ကိုင်း ကို တစ်​ထွာ ဖြတ်​ကာ ညာလက်​မှာ ကိုင်​ပြီး မီးဖွားရင်​ ရင်​​သွေး လွယ်​လွယ်​ ​မွေးပါလိမ့်​မယ်

(၅) ​ကျောက်​ပျဉ်​​ပေါ်မှာ ဂဏန်းလက်​မ ကို ၉ဂဏန်း ​ရေးသလို ​သွေးပြီး မိခင်​​လောင်း ကို တိုက်​​ပေးရင်
ရင်​​သွေး လွယ်​လွယ်​ ​မွေးပါလိမ့်​မယ်

(၆) အချိန်​တန်​လို့မှ ရင်​​သွေး ​မွေးရ ခက်​​နေရင်​ ဥ​ဒေါင်းငှက်​ အထီး ရဲ့ ​ခေါင်းက အ​မောက်​တစ်​​ချောင်း ကို ယူပြီး ကိုယ်​ဝန်​​ဆောင်​ မိခင်​၏ ဆံပင်​ထဲကို တစ်​ချက်​တည်း ထိုး​ပေးရင်​ ရင်​​သွေး လွယ်​လွယ်​ ​မွေးပါလိမ့်​မယ်​ ​မွေးပြီးတာနဲ့ ဥ​ဒေါင်း အ​မွှေး ကို ချက်​ချင်း ပြန်​နှုတ်​ဖို့ မ​မေ့ပါနဲ့

ကိုယ်​ဝန်​​ဆောင်​ မိခင်​များ သတိပြုဖို့

ရိုးရာ ယုံကြည်​မူ​တွေထဲမှာ ထူးထူးခြားခြား​တွေပါ

(၁) မြင်းတို့ နွားတို့ ချည်​တဲ့ ကြိုး ကို ကိုယ်​ဝန်​​ဆောင်​ မိခင်​ က မ​ကျော်​လွှားရပါ​ကျော်​လွှားမိပါက လ​ကျော်​ တတ်​ပြီး ​မွေးဖွားရ ခက်​တယ်​ လို့ အဆို ရှိပါတယ်

(၂) ​နေကြတ်​ချိန်​မှာ ဓားတို့ စသဖြင့်​ ထက်​ရှ​သော လှီးဖြတ်​ရတဲ့ ကရိယာများကို ကိုင်​တွယ်​ အသုံးပြုမူ မလုပ်​ရပါ ရင်​​သွေး​လေး အင်္ဂါမစုံ ဖြစ်​တတ်​တယ်​ လို့ အဆို ရှိပါတယ်

ကိုင်း..... ​ဝေဒင်္ဂ မ​ပြောဘူးလား ​ခေတ်​သစ်​ ကာလ သမီး ကိုယ်​ဝန်​​ဆောင်​ ​မေ​မေလောင်း​တွေ အဖို့က ရယ်​စရာလိုကို ဖြစ်​​နေမှာပါ မြန်​မာ့​ရှေးရိုးရာ​တွေကို ​ရှေးထုံးလဲ မပယ်​ချင်​တဲ့ မိခင်​​လောင်း​တွေ အဖို့ အသိပညာ တစုံတရာ ရမယ်​ဆို ​ဝေဒင်္ဂ ​ပြောပြရတာ ကုသိုလ်​ရပါတယ်

                                       ✍ ​ဝေဒင်္ဂ ✍

No comments:

Post a Comment