မိမိတို့ရဲ့ အိမ့်ရတနာ ရင်သွေးလေးတွေ ဝမ်းထဲ
ပိုက်ထွေး လို့ ထိန်းသိမ်းထားကြရတဲ့ မိခင်လောင်းတွေ အနေနဲ့ လွယ်ထားတဲ့ ရင်သွေးလေးဟာ သားသားလေး ဖြစ်မလား မီးမီးလေး ဖြစ်မလား ကြိုတင်ပြီး အလွယ်တကူ တွက်ချက်လို့ ရနိုင်တဲ့ ဗေဒင်ကိန်းခန်းလေး တင်ပြပေးလိုက်ပါတယ်
၁ ။ ပထမဆုံး မွေးဖွားမယ့် ရင်သွေးလေးတွေ အတွက် တွက်နည်း
အိမ်ဦးနတ်ကြီး ရဲ့ မွေးနံ + အိမ်ရှင်မ ရဲ့ မွေးနံ + ၂ = ပေါင်းရလဒ် ကို ၃ဖြင့် စားပါ
၁ ၊ ၀ ကြွင်းပါက မီးမီးလေး
၂ ကြွင်းပါက သားသားလေး
ဖွားမြင်မှာ ဖြစ်ပါတယ်
၂ ။ နောက်ထပ် မွေးလာမယ့် ရင်သွေးလေးတွေ အတွက် တွက်နည်း
အိမ်ရှင်မ ရဲ့ မွေးနံ + နောက်ဆုံး မွေးထားတဲ့
ရင်သွေးလေး မွေးနံ = ပေါင်းရလဒ် ကို ၃ဖြင့် စားပါ
၁ ၊ ၀ ကြွင်းပါက မီးမီးလေး
၂ ကြွင်းပါက သားသားလေး
ဖွားမြင်မှာ ဖြစ်ပါတယ်
မွေးနံ အတွက် အစားထိုးရန် ဂဏန်းလေးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ခင်ဗျာ :)
တနင်္ဂနွေ ကို ၁
တနင်္လာ ကို ၂
အဂါၤ ကို ၃
ဗုဒၶဟူး ကို ၄
ၾကာသပေတး ကို ၅
သောကြာ ကို ၆
စနေ ကို ၀ သို့ ၇
ရာဟု အတွက် က မွေးဖွားသော ဗုဒ္ဓဟူးနေ့ ဟာ ပြသဒါးနေ့ ဖြစ်နေပါမှ ရာဟုသား စစ်စစ် ဖြစ်ပါတယ် ထိုသို့ ဖြစ်ပါက ၈ ဟု ယူပါ မဖြစ်က သာမန် ဗုဒ္ဓဟူး ၄ လို့ပဲ တွက်ပေးပါ
ဤတွက်နည်းလေး ၂ခုဟာ တခါတရံ လွဲတတ်သော်လည်း မှန်ကန်သည် က များပါတယ်
မိတ်ဆွေများလဲ မိမိတို့ ရင်သွေးလေးတွေ အတွက် တွက်ချက်ကြည့်ရင်း ထင်မြင်ချက်လေးတွေ ပေးနိုင်ပါတယ် ခင်ဗျာ
မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့ Share သွားကြပါနော်
၂ဂိုး ဂိုးမရှိ နဲ့ ရှုံးထားပြီး ကန်တော့ပွဲ ၂ပွဲ ရမှာတော့ သေချာနေတဲ့ အက်ဒမင် အဖို့ ကတော့ သွေးထွက်အောင် မှန်သွားပါတယ် ခင်ဗျာ 😂😂😂
ရင်သွေးငယ်လေး သားကဲပိကျိ ပုံကို ပေးသုံးပါသော မိတ်ဆွေကြီး ဦးသူရိန်+ဒေါ်မြလေး တို့အားလည်း အထူး ကျေးဇူး တင်ရှိပါကြောင်း ခင်ဗျာ
No comments:
Post a Comment