❝ အိမ်ထောင်ပြု ပြီး ကိုယ်ဝန် ရှိလာသော အခါ သားသားလေးလား မီးမီးလေးလား ဆိုတာကို
မိဘလောင်းတိုင်းက သိချင်နေတတ်ကြပါတယ်
ကြိုက်တာမွေး ချစ်ကြမည် ဖြစ်သော်လည်း လိုချင်နေသော သားသားလေးဖြစ်စေ မီးမီးလေးဖြစ်စေ
ကို ရလျှင် ပို၍ သံယောဇဉ် တွယ်တာ ချစ်ခင် တတ်ကြပါသည် ❞
ပထမဆုံး အနေဖြင့် ဘုရား မှာ မိမိတို့ မွေးနံထောင့် မှာ မြင်ရလေ့ ရှိတတ်တဲ့ ဂြိုဟ်တွေရဲ့ ဂြိုဟ်သက်ကို သိထားဖို့ လိုပါတယ်
တနင်္ဂနွေဂြိုဟ် ~ ၆နှစ်
တနလာင်္ဂြိုဟ် ~ ၁၅နှစ်
အဂါင်္ဂြိုဟ် ~ ၈နှစ်
ဗုဒ္ဓဟူးဂြိုဟ် ~ ၁၇နှစ်
ကြာသပတေးဂြိုဟ် ~ ၁၉နှစ်
သောကြာဂြိုဟ် ~ ၂၁နှစ်
စနေဂြိုဟ် ~ ၁၀နှစ်
ရာဟုဂြိုဟ် ~ ၁၂နှစ်
ရာဟုနေ့သား အကြောင်း နဲနဲ ပြောပြချင်ပါတယ်
လူအများစုဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်း မွေးရင် မိမိ ဟာ ရာဟုသား လို့ ပြောတတ်ကြပါတယ် ဒါက တဝက်မှန်ပြီး တဝက်မှားတဲ့ အသိလေးပဲ ဖြစ်ပါတယ်
တကယ်က ရာဟုသား စစ်စစ် ဖြစ်ဖို့ဆိုတာက မိမိ ကို မွေးတဲ့ ဗုဒ္ဓဟူးနေ့ ဟာ ပြသဒါးနေ့ ဖြစ်မှသာ ရာဟုသား လို့ ခေါ်ပါတယ် အဲလို ပြသဒါး ဖြစ်နေတဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်း မွေးမှသာ ရာဟုသား
စစ်စစ် ဖြစ်ပါတယ်
🌞 ပထမဆုံး ကလေး အတွက် တွက်နည်း 🌞
ကြင်ဖက်မောင်နှံ ၂ဦးစလုံး၏ မွေးနံဂြိုဟ်သက် ကို ပေါင်း၍ ၃ဖြင့် မြှောက်ပြီး ၇ဖြင့် စားပါ
၂ ၊ ၄ ၊ ၅ ၊ ၆ ကြွင်းရင် သားသားလေး
၁ ၊ ၀/၇ ၊ ၃ ၊ ၈ ကြွင်းရင် မီးမီးလေး
ဖွားမြင်မှာ ဖြစ်ပါတယ်
🌞 နောက် ကလေးများ အတွက် တွက်နည်း 🌞
ကြင်ဖက်မောင်နှံ ၂ဦးစလုံး၏ မွေးနံဂြိုဟ်သက် နဲ့ နောက်ဆုံး မွေးထားတဲ့ ရင်သွေးလေး နံဂြိုဟ်သက် ကို ပေါင်း၍ ၃ဖြင့် မြှောက်ပြီး ၇ဖြင့် စားပါ
၂ ၊ ၄ ၊ ၅ ၊ ၆ ကြွင်းရင် သားသားလေး
၁ ၊ ၀/၇ ၊ ၃ ၊ ၈ ကြွင်းရင် မီးမီးလေး
ဖွားမြင်မှာ ဖြစ်ပါတယ်
ဤတွက်နည်းလေး ၂ခုဟာ တခါတရံ လွဲတတ်သော်လည်း မှန်ကန်သည် က များပါတယ်
မိတ်ဆွေများလဲ မိမိတို့ ရင်သွေးလေးတွေ အတွက် တွက်ချက်ကြည့်ရင်း ထင်မြင်ချက်လေးတွေ ပေးနိုင်ပါတယ် ခင်ဗျာ
မိမိတို့ အ
တွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့ Share သွားကြပါနော်
အက်ဒမင် အဖို့ ကတော့ ပထမ ရင်သွေး အတွက် တွက်တာ လွဲပြီး ၊ ဒုတိယ ရင်သွေး အတွက် တွက်တာ မှန်သွားပါတယ် ခင်ဗျာ 😂😂😂
ရင်သွေးငယ်လေး မောင်ရဲမာန်ပြည့် ပုံကို ပေးသုံးပါသော မိတ်ဆွေကြီး ဦးသူရိန်+ဒေါ်မြလေး တို့အား လည်း အထူး ကျေးဇူး တင်ရှိပါကြောင်း ခင်ဗျာ
သားသားလေးလား မီးမီးလေးလား ကြိုပြီး သိရဖို့
အတွက် က ခု ပြောပြတဲ့ နည်းလေး အပြင် သူ့ထက် လွယ်တဲ့ နည်းလေး ရှိပါသေးတယ် အောက်က စာတန်းလေး နှိပ်ကြည့်ပြီး ထိုနည်း ကို ဖတ်ကြည့်ပေးကြပါ
https://m.facebook.com/story.php?story_fbid=685189838356918&id=493133034229267
✍ ဝေဒင်္ဂ ✍
No comments:
Post a Comment