Saturday, January 27, 2018
မြန်မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဖြင့် အမည် ပေးနည်း
❝ အမည် တစ်ခု ရဲ့ အစ အက္ခရာ နဲ့ အဆုံး
အက္ခရာ တို့ကို ခုလို အမည် အရင်းလုံး
( အစ အက္ခရာ ) ၊ အမည် အဖျားလုံး
( အဆုံး အက္ခရာ ) ခေါ်ဆိုတယ်
လို့ သိမှတ်ပေးပါ
➠ ခု ပြောပြမယ့် အင်္ဂဝိဇ္ဇာ ဖြင့် အမည် ပေးနည်း
က အမည် မှည့်သင့်တဲ့ ( အမည် အရင်းလုံး ၊
အမည် အဖျားလုံး ) ကို ပြောပြပေးမှာ
ဖြစ်ပါတယ် ခင်ဗျာ
➠ ကြားထဲမှာ မိမိတို့ နှစ်သက်ရာ အက္ခရာ
တွေကို ထပ်မံ ဖြည့်စွက် လို့ ရပါတယ်
( အမည် အရင်းလုံး ၊ အမည် အဖျားလုံး )
ကိုသာ အညံ့ ဆိုးပြစ် မရှိအောင် လို့ အဓိက
ထား ရွေးချယ်ရမှာ ဖြစ်ပါတယ်
➠ မြန်မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဖြင့် အမည်
ပေးနည်း စတင် မဖတ်ရှူ ခင်မှာ ဘယ်ဂြိုဟ်
တွေဟာ မိမိတို့ရဲ့ မွေးနံ နဲ့ ပဉ္စပွတ် ၊ အညွှန့် ၊
ဆပွတ် ၊ မူလ ၊ စတုရန်း ၊ အမြစ် ၊ တြိရန်း
စသည်တို့ ဖြစ်တယ် ဆိုတာ ကို သိမှတ်
ထားရပါမယ် ❞
💫 တနင်္ဂနွေ သားသမီး 💫
⏩ ပဉ္စပွတ် ~ ကြာသပတေး
⏩ အညွှန့် ~ တနင်္လာ
⏩ ဆပွတ် ~ သောကြာ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ တနင်္ဂနွေ ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ ဗုဒ္ဓဟူး
⏩ အမြစ် ~ စနေ
⏩ တြိရန်း ~ အင်္ဂါ
💫 တနလာၤ သားသမီး 💫
⏩ ပဉ္စပွတ် ~ သောကြာ
⏩ အညွှန့် ~ အင်္ဂါ
⏩ ဆပွတ် ~ စနေ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ တနလာင်္ ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ ကြာသပတေး
⏩ အမြစ် ~ တနင်္ဂနွေ
⏩ တြိရန်း ~ ဗုဒ္ဓဟူး
💫 အင်္ဂါ သားသမီး 💫
⏩ ပဉ္စပွတ် ~ စနေ
⏩ အညွှန့် ~ ဗုဒ္ဓဟူး
⏩ ဆပွတ် ~ တနင်္ဂနွေ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ အင်္ဂါ ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ သောကြာ
⏩ အမြစ် ~ တနင်္လာ
⏩ တြိရန်း ~ ကြာသပတေး
💫 ဗုဒ္ဓဟူး သားသမီး 💫
⏩ ပဉ္စပွတ် ~ တနင်္ဂနွေ
⏩ အညွှန့် ~ ကြာသပတေး
⏩ ဆပွတ် ~ တနင်္လာ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ ဗုဒ္ဓဟူး ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ စနေ
⏩ အမြစ် ~ အင်္ဂါ
⏩ တြိရန်း ~ သောကြာ
💫 ကြာသတေး သားသမီး 💫
⏩ ပဉ္စပွတ် ~ တနင်္လာ
⏩ အညွှန့် ~ သောကြာ
⏩ ဆပွတ် ~ အင်္ဂါ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ ကြာသပတေး ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ တနင်္ဂနွေ
⏩ အမြစ် ~ ဗုဒ္ဓဟူး
⏩ တြိရန်း ~ စနေ
💫 သောကြာ သားသမီး 💫
⏩ ပဉ္စပွတ် ~ အင်္ဂါ
⏩ အညွှန့် ~ စနေ
⏩ ဆပွတ် ~ ဗုဒ္ဓဟူး
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ သောကြာ ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ တနင်္လာ
⏩ အမြစ် ~ ကြာသပတေး
⏩ တြိရန်း ~ တနင်္ဂနွေ
💫 စနေ သားသမီး 💫
⏩ ပဉ္စပွတ် ~ ဗုဒ္ဓဟူး
⏩ အညွှန့် ~ တနင်္ဂနွေ
⏩ ဆပွတ် ~ ကြာသပတေး
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ မူလ ~ စနေ ( မွေးနံ ဂြိုဟ် )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ အင်္ဂါ
⏩ အမြစ် ~ သောကြာ
⏩ တြိရန်း ~ တနင်္လာ
💡 မြန်မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဖြင့်
အမည် ပေးနည်း ကတော့ .....
❏ မူလ + မူလ
❏ မူလ + ပဉ္စပွတ်
❏ မူလ + အညွှန့်
❏ မူလ + ဆပွတ်
❏ ဆပွတ် + မူလ
❏ ဆပွတ် + တြိရန်း
❏ ပဉ္စပွတ် + စတုရန်း
❏ တြိရန်း + ပဉ္စပွတ်
❏ ပဉ္စပွတ် + အညွှန့်
❏ အညွှန့် + ပဉ္စပွတ်
❏ ဆပွတ် + ပဉ္စပွတ်
❏ ပဉ္စပွတ် + ပဉ္စပွတ်
❏ အညွှန့် + အညွှန့်
❏ ဆပွတ် + ဆပွတ်
❏ အမြစ် + အညွှန့်
အထက်ပါ နည်းစနစ် ဥပဒေ အရ အမည်
ပေးပါက ဇာတာရှင် မှာ ကောင်းကျိုး ချမ်းသာ
လိုရာ ဆန္ဒ များ ပြည့်စုံ စေပြီး ကျန်းမာ ချမ်းသာ
ဘေးရန် ကင်းကွာ စေတယ် လို့ အင်္ဂဝိဇ္ဇာ ပညာ
က ဆိုပါတယ်
ရှေး ပညာရှိ ပညာရှင် အဆက်ဆက် က
ဘာလေး ပဲ ဖြစ်လာလာ ရေလဲ သုံးလေ့
ရှိကြကုန်သော မြန်မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ
ကို ပမာ ပြုရသော် ကျယ်ဝန်း နက်ရှိုင်း
လွန်းလှလို့ မိုးကောင်းကင် နဲ့ သမုဒ္ဒယာပြင်
ကဲ့သို့ပင် ဟူ၍သာ ဆိုချင်ပါတယ်
မြန်မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဟာ သိလိုသမျှ
ကိစ္စတွေ အတွက် အဖြေ ရှာဖွေ ဖော်ထုတ်လို့
ရတဲ့ ဣစ္ဆာသယ ပညာရွှေအိုးကြီး ဖြစ်ပါတယ်
ပညာရှင် တစ်ယောက် တစ်မျိုး နဲ့ ပညာရပ်
ဆိုင်ရာ မူကွဲလေးတွေ များစွာ လေ့လာခွင့်
ရစေတဲ့ မြန်မာ လူမျိုးတို့၏ ချစ်စရာ ကောင်းတဲ့
မြန်မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာရပ်ပဲ ဖြစ်ပါတယ်
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
ရင်သွေးငယ်လေးပုံ ပေးသုံးပါသော ဖေဖေနဲ့မေမေ
ကို ဝေဒင်္ဂ ဝိုင်းတော်သားများ က အထူးပဲ ကျေးဇူး
တင်ရှိပါတယ် ခင်ဗျာ
🔎 ရင်သွေး ပျောက် ရှာဖို့ 🔍
❝ ပျောက်သွားတဲ့ ကလေး အိမ်ပြန်မလာဘူး ဆိုရင် ဗြုန်းကနဲ ကလေး အိမ်က ပျောက်သွားရင် ❞
👶 ကလေး ခြုံ အိပ်ခဲ့တဲ့ စောင် ကို မိခင် ဖြစ်သူ က
ကလေးရုပ်သဏ္ဌာန်ပြုလုပ်ပြီး မိခင်လက်နှင့်ထွေးပြီး အိပ်ပါ ။ နို့တိုက်ဟန် ပြုပါ ။ ကလေး အိမ် အမြန် ပြန်လာပါ ဆိုပြီး ကလေး အမည် ခေါ်ကာ ဆုတောင်းပါ ။
👶 ကလေးရှိတဲ့ နေရာသတင်းကြားတာ ၊ တစ်ဦးဦး က ထိန်းသိမ်းပေးပြီး မိဘနဲ့ဆက်သွယ်တာ စသဖြင့်
... ထူးခြားပါလိမ့်မယ် ။
👶 ကလေးက အိမ်မှာမပျော်လို့ အိမ်က
ထွက်ပြေးတာ ဆိုရင်တော့ မလုပ်ပါနဲ့
ထူးခြားမူ ရှိမည် မဟုတ်ပါ ။
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
နာမည် ဆန်းဆန်း ရှိသူတွေ ပဲ ကြုံရလေ့ ရှိတဲ့ ပြသနာများ
❝ မိဘတွေက သားသမီးတွေကို နာမည် ပေးကြတဲ့
အခါမှာ သူများနဲ့ မတူအောင် ဆိုပြီး တစ်မူထူး တဲ့
နာမည်တွေ ပေးလေ့ ရှိပါတယ်။ တကယ်တော့
ဒီလိုမျိုးနာမည် ဆန်းဆန်းတွေ မှည့်ထားတာက
ပြသနာ တ်ာတော် များများ ကိုကြုံတွေ့ရလေ့ ရှိပြီး
တခါတလေ သင်ကိုယ်တိုင် လက်ရှိ နာမည် အစား
သူများ မှတ်မိ နိုင်မယ့် နာမည်မျိုးကို ပိုတောင့်တ
မိတဲ့ အခါမျိုး ရှိပါလိမ့်မယ်။ ❞
၁. အသံထွက် ရတာ ခက်ခဲတယ်
သင့် အနေ နဲ့ ကတော့ ကိုယ့် နာမည် ကို
အသံထွက် ရတာ အခက်အခဲ မရှိပေမယ့်
တခြားသူတွေ အဖို့တော့ခက်ခဲ ပါလိမ့်မယ်။
သင်ကိုယ်တိုင်က နာမည် ကို ကာရန် လိုက်ပြီး
တခြားသူတွေ မှတ်မိအောင်လို့ ပြောပြရတာတွေ
လည်းရှိမှာပါ။
၂. လူသစ်တွေ နဲ့ တွေ့ဆုံ တဲ့ အခါ
သူများတွေ နဲ့ မိတ်ဖွဲ့တဲ့ အခါ သူတို့ အသံထွက်
မှန်စေဖို့ ကိုယ်က လိုက်ပြင်ပေး နေရပါတယ်။
အသံထွက်ရ ခက်ခဲတဲ့ အခါ သူတို့ကို ၂ခါ ၃ခါ
လောက် ပါးစပ်နဲ့ရော၊ တခါတလေ လက်တွေ
တောင်ပါလိုက်ဦးမယ်၊ ဒီလို အသံထွက်တာလို့
ဆရာ လုပ်ရတဲ့အခါလည်း ရှိပါသေးတယ်။
မတတ်နိုင်တဲ့ အဆုံးမှာတော့ ကိုယ့်နာမည် ကို
ဟာသနှောပြီး ဒီလိုမျိုးလေး ခေါ်လည်း ရပါတယ်
လို့ ပြန်ပြင် ပေးရတာလေးတွေလည်း ရှိပါတယ်။
၃. အမှန်ပြင် ပေးနေရတာ
လူတွေက သူများ နာမည် ကို နာမည် စာလုံး
ပေါင်းတဲ့ အခါ မှားအောင် ပေါင်းတာပဲ ဖြစ်ဖြစ်၊
အသံထွက် အမှား ထွက်တာပဲ ဖြစ်ဖြစ် နှစ်နှစ်
ခြိုက်ခြိုက် ရှိကြပါတယ်။ သူတို့ မှားတိုင်း သင်
ပြင်ပေတော့ပဲ။ နာမည် ရှည်တဲ့သူတွေ ဆိုရင်
ပိုဆိုးမှာပါ။ ကြာတော့ သင် ကိုယ်တိုင် ကိုယ့်
နာမည် ကို ၂ကြိမ် ၃ကြိမ် မက ရွတ်ပြ ပြောပြ
နေရတာ စိတ်တို လာပါတယ်။
၎. မှတ်မိလွယ်သော နာမည် တခု စဉ်းစားရတာ
လူတွေကို သင့် နာမည် အမှန် လိုက်ပြင်ပြင်
ပေးနေရတာ စိတ်ရှုပ်လာတော့ သင်ကိုယ်တိုင်
က လူတွေ သင့်ကိုမှတ်မိအောင် အလွယ်ခေါ်
နာမည်တခုထပ်စဉ်းစားရပါတော့တယ်။
နာမည်ကမှတ်ရတာခက်ခဲတဲ့အခါ သူများတွေက
သင့်ကိုတွေ့လို့ မျက်နှာရင်းနှီးနေတာတောင်မှ
လူကိုရင်းရင်းနှီးနှီးသိတယ်…ဒါနဲ့နာမည်ကဘာဆိုလား.. ကသိကအောက်နဲ့ဒီလိုအမေးခံရတာလေး
တွေရှိကိုရှိပါတယ်။
၅. မေးခွန်းတွေ မေးတယ်
စာလုံးပေါင်း၊ အဓိပ္ပါယ် သင့် နာမည် က ထူးခြား
တဲ့အခါ တွေ့သမျှ လူတိုင်း က သင့်ကို မေးခွန်းတွေ
တန်းစီမေးမှာပါပဲ..နာမည်ကဘာလို့ဒီလိုမှည့်တာလဲ..အဓိပ္ပါယ် ကရော ဘာလဲ..ပြီးတော့ ဘယ်လို
စာလုံး ပေါင်း ရလဲ..စသဖြင့်ပေါ့။ တခါတလေ
ကိုယ့် နာမည် နဲ့ ကိုယ်တောင်မှ နာမည် က တမျိုးပဲ
နော်.. ဘယ် ဒေသ က မို့လို့လဲ..ရီရတယ်..စတာ
က ပါသေးတယ်။ သူငယ်ချင်းတွေ ရှိလာတဲ့ အခါ
ကျရင်လည်း နာမည်ပေါ် လိုက်ပြီး သင် မနှစ်သက်
တဲ့ နာမည်ဆိုးတွေ နဲ့ ပြောင်နောက်ခံရပါလိမ့်မယ်။
၆. အမြဲမှား နေတယ်
သင့် နာမည် က စာလုံးပေါင်း ခက်ခဲနေရင် ဒါမှ
မဟုတ် တအား ရှည်နေရင်တခုခု မှာယူတဲ့ အခါ
မှာပဲဖြစ်ဖြစ်၊ ၀ယ်ယူ တာပဲဖြစ်ဖြစ် စာရင်း ထွက်
လာတဲ့ အခါ ကျရင် နာမည် က အမြဲ လွဲနေ တတ်
ပါတယ်။ နောက်တခုကတော့ သင့်ဆီပို့လိုက်တဲ့
email တွေ၊ အရေးကြီး စာရွက်စာတမ်းတွေက
နာမည်မှားနေတဲ့အခါကျရင် သိပ် စိတ်ရှုပ် ရလေ့
ရှိပါတယ်။ အရေးကြီး စာရွက် စာတမ်းတွေ
ဥပမာ…မှတ်ပုံတင် တဲ့ ကိစ္စတွေ၊ ပတ်စ်ပို့ လုပ်တာ တွေ မှာ နာမည် မှားနေခဲ့ရင် ပြင်ရတာ အချိန်
ကြန့်ကြာတဲ့ အပြင် အလုပ် နှောင့်နှေး ပါသေးတယ်။
အခု တင်ပြ သွားတာလေး တွေက Metro ကနေ
ကိုးကားထား တဲ့ နာမည် ထူးထူးဆန်းဆန်းလေး
တွေ မှည့်ခံထားရတဲ့ ပိုင်ရှင်တွေမှာ ကြုံရလေ့ရှိတဲ့
အခက်အခဲလေးတွေဖြစ်ပါတယ်။
⫷C⫸⫷R⫸⫷D⫸
► ဝေဒင်္ဂ ရဲ့ အမည် အကြောင်း စာစုလေးများ ◄
➩ အမည် ဂိုဏ်း တန်ဖိုး တွက်နည်းလေးပါ
https://m.facebook.com/story.php?story_fbid=713528792189689&id=493133034229267
➩ အက္ခရာ ဗျည်း ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ
https://m.facebook.com/story.php?story_fbid=712899375585964&id=493133034229267
➩ သရ နှင့် သံယုဂ် ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ
https://m.facebook.com/story.php?story_fbid=712896758919559&id=493133034229267
➩ ဗျည်းသရတွေ အနဲအများ ကို ကြည့်ပြီး
အမည်ကို ဝေဖန်ပိုင်းခြားတဲ့ နည်းလေး တွဲစပ်ပြီး
တခါတည်း လေ့လာချင်ရင်ဖြင့်
https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267
➩ နာမကာရဏ ကင်ပွန်းတပ် မင်္ဂလာ ပြုလုပ်နည်း
https://m.facebook.com/story.php?story_fbid=704344779774757&id=493133034229267
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
ရင်သွေးလေး မMay Thawtar Chel ရဲ့ ပုံရိပ် ကို
အသုံးပြုဖို့ ခွင့်ပြုပေးတဲ့ ရင်သွေးလေး ရဲ့ မေမေ နဲ့
ဖေဖေ ကို အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ :)
👶 ရင်သွေး ရရှိစေရန် 👶
❝ ရင်သွေး မရသေးသူများ အတွက် ဆရာကြီး
မင်းသိင်္ခ ရဲ့ ရင်သွေး ရရှိစေဖို့ အစီအရင်လေး
ဝေမျှပေးလိုက်ပါတယ် ❞
👏 မိတ်ဆွေတို့ရေ 👏
👉 ဝေဒင်္ဂ ရေးသားထားတဲ့ ရင်သွေး
မရသေးသူများ အတွက် ပြုရမယ့်
အစီအရင်လေး ကို ဖတ်ရှူ့ ချင်ပါ
က အောက်ပါ LINK ကို နှိပ်ပြီး
ဖတ်ရှူ့  ပေးကြပါ 👇
https://m.facebook.com/story.php?story_fbid=689082707967631&id=493133034229267
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
🚼 မမြင်ရသော ကြိုးကလေးများ 🚼
ဘယ် မိဘ မဆို ကိုယ့် ရင်သွေး ရင်နှစ်
မှန်သ၍ အတုမဲ့ အနှိုင်းမဲ့ ချစ်ကြတာ
ချည်းပါပဲ။
ရပ်ဝေး မှာ ရှိနေတဲ့ သားတွေ သမီးတွေ
အတွက် လည်း အမြဲ ပူပန် နေကြတယ် ။
အဲလို ရပ်ဝေး မှာ ရှိတဲ့ သားသမီးတွေ
တစ်ခုခု ဖြစ်ရင် ( ဘာဖြစ်တယ် ဆိုတာ
အတိအကျ မပြောနိုင်ပေမယ့် ) ဖြစ်တယ်
ဆိုတာကတော့ မိခင်ဖြစ်သူ ဟာ သူ့နည်း
သူ့ဟန်နဲ့ သိနေ ပြီးသား ဖြစ်တာမျိုး တွေ
ကြားဖူး ကြပါလိမ့်မယ် ။
မမြင်ရတဲ့ မမြင်နိုင်တဲ့ သမုဒယ သံယောဇဉ် ကြိုးတွေကြောင့် 'သိ' နေရတာပဲပေါ့။ မိဘရဲ့
မေတ္တာ ကြီးမား ခိုင်ခံ့ တဲ့ သံယောဇဉ် ဆိုတာ
မမြင်ရ၊ မတွေ့ရပေမယ့် နားလည် ခံစားတတ်
သူ အဖို့ နားလည် ခံစား လို့ ရနိုင်ပါတယ် ။
မိဘ နဲ့ သားသမီး ၊ သားသမီး နဲ့ မိဘ
ကြား မှာ ကူးလူး ယှက်သန်း နေတဲ့ မေတ္တာ
ရနံ့ တွေကို ကြားလူ က ၀င်ပြီး ခံစားဖို့
ခက်ခဲမယ် ထင်ပါတယ် ။ အဲ သိဖို့ ဆို ပိုပြီး ခက်တာပေါ့ ။
ဒါပေမယ့် ……..
နာမည် နာမ တွေရဲ့ နောက်ကွယ်မှာ
ပုန်းအောင်း နေတဲ့
အစွမ်းသတ္တိတွေ ၊
အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ၊
အတိတ်နိမိတ်တွေ
စသဖြင့် တို့ ရဲ့ အကြောင်းအရာ ကို
နားလည်ဖို့ ဆန်းပညာ အကြောင်း
သိမှတ် ထားရင်တော့ ဒါတွေကို
ကောင်းကောင်း သိနိုင်တာပေါ့ ။
သားသမီး တစ်ဦး ရဲ့ နာမည် နဲ့
သူ့ မိဘတွေရဲ့ အမည်ကို သိရင် သူတို့ရဲ့
တစ်ဦး အပေါ် တစ်ဦး ထားတဲ့ သံယောဇဉ်
မေတ္တာ အတိမ်အနက် ကို ထင်ထင် လင်းလင်း
သိနိုင် ပါလိမ့်မယ် ။
အမှန်တော့ ဒါဟာ သိပ်မခက်လှပါဘူး ။
ဝေဒင်္ဂ ရဲ့ အပေါင်းအသင်းတွေ စိတ်ဝင်စား ကြမယ်ဆိုရင် ……….
💡ရင်သွေးလေး ရဲ့ မွေးနံ နဲ့ သူ မိဘတွေ ရဲ့
နာမည် ကို သိတာနဲ့ ခုပြောပြမယ့် နည်းကို
အသုံးပြုလို့ ရပါပြီ 💡
📃 အရင်ဆုံး သိမှတ်ထားရမယ့် အခြေခံ
အချက်လေးတွေ ဖတ်ပေးပါ 📃
❝ အက္ခ္ခရာလေးတွေ ကို ကိုယ်စားပြုတဲ့
ဂြိုဟ်များ နဲ့ နံသင့် သချာင်္များ ❞
❂ တနင်္ဂနွေဂြိုဟ် ~ ၁
↪ အ ၊ ဥ ၊ သြ ၊ ဣ ၊ ဧ ၊ အာ ၊ ဤ ၊ ဦး
❂ တနင်္လာဂြိုဟ် ~ ၂
↪ က ၊ ခ ၊ ဂ ၊ ဃ ၊ င
❂ အင်္ဂါဂြိုဟ် ~ ၃
↪ စ ၊ ဆ ၊ ဇ ၊ စ် ၊ ည
❂ ဗုဒ္ဓဟူးဂြိုဟ် ~ ၎
↪ ရ ၊ ယ ၊ လ ၊ ဝ
❂ ကြာသပတေးဂြိုဟ် ~ ၅
↪ ပ ၊ ဖ ၊ ဘ ၊ ဗ ၊ မ
❂ သောကြာဂြိုဟ် ~ ၆
↪ သ ၊ ဟ
❂ စနေဂြိုဟ် ~ ၇ / ဝ
↪ တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ
❝ ၇ရက်သားသမီး တို့၏ မိတ်ဖက် ဂြိုဟ်များ ❞
💫 တနင်္ဂနွေ သားသမီး 💫
⏩ အပြင်မိတ် ~ ကြာသတေး
⏩ အတွင်းမိတ် ~ သောကြာ
⏩ ဓာတ်မိတ် ~ စနေ
💫 တနလာၤ သားသမီး 💫
⏩ အပြင်မိတ် ~ ဗုဒ္ဓဟူး
⏩ အတွင်းမိတ် ~ ဗုဒ္ဓဟူး
⏩ ဓာတ်မိတ် ~ ကြာသပတေး
💫 အင်္ဂါ သားသမီး 💫
⏩ အပြင်မိတ် ~ သောကြာ
⏩ အတွင်းမိတ် ~ ကြာသပတေး
⏩ ဓာတ်မိတ် ~ ဗုဒ္ဓဟူး
💫 ဗုဒ္ဓဟူး သားသမီး 💫
⏩ အပြင်မိတ် ~ တနင်္လာ
⏩ အတွင်းမိတ် ~ စနေ
⏩ ဓာတ်မိတ် ~ သောကြာ
💫 ကြာသတေး သားသမီး 💫
⏩ အပြင်မိတ် ~ တနင်္ဂနွေ
⏩ အတွင်းမိတ် ~ အင်္ဂါ
⏩ ဓာတ်မိတ် ~ တနင်္လာ
💫 သောကြာ သားသမီး 💫
⏩ အပြင်မိတ် ~ အင်္ဂါ
⏩ အတွင်းမိတ် ~ တနင်္ဂနွေ
⏩ ဓာတ်မိတ် ~ ဗုဒ္ဓဟူး
💫 စနေ သားသမီး 💫
⏩ အပြင်မိတ် ~ ဗုဒ္ဓဟူး
⏩ အတွင်းမိတ် ~ ဗုဒ္ဓဟူး
⏩ ဓာတ်မိတ် ~ တနင်္ဂနွေ
👉🏼ဥပမာလေး ပြောပြပါမယ်နော် 👇🏼
ဆိုပါစို့လေ
ဖေဖေ က ဝေဒင်္ဂ
မေမေ က မအေးသောင်း
ပဲ ထားပါတော့လေ 😂
အဲ သူတို့ ကြင်ဖက်မောင်နှံ မှာ
တနလာင်္သား ရင်သွေးလေး
ရှိတယ် ဆိုပါစို့လေ 😂
ကဲ အပြောင်အပျက်တွေ တော်ပါပီ 😁
ဖေဖေ နဲ့ မေမေ့ အမည် ကို နံသင့်
သချာင်္ ပြောင်းပါ
ဝေဒင်္ဂ = ၄ ၊ ၀ ၊ ၂
အေးသောင်း = ၁ ၊ ၆ 😁
ရပါမယ်
ရင်သွေးလေး က တနလာင်္သား ဆိုတော့
💫 တနလာင်္ သားသမီး 💫 နဲ့ ဆိုင်တာကို
ကြည့်ပါ
💫 တနလာၤ သားသမီး 💫
⏩ အပြင်မိတ် ~ ဗုဒ္ဓဟူး
⏩ အတွင်းမိတ် ~ ဗုဒ္ဓဟူး
⏩ ဓာတ်မိတ် ~ ကြာသပတေး
ရင်သွေး ရဲ့ မွေးတဲ့ နေ့နံ ဟာ
မိဘ ၂ပါး ဖြစ်တဲ့
ဝေဒင်္ဂ နဲ့ မအေးသောင်း တို့ရဲ့ နံသင့်သချာင်္
နဲ့ တိုက်ဆိုင်ကြည့်ရင် အပြင် + အတွင်း မိတ်
ဖြစ်နေပါတယ်
အဲလောက်လေးကို သဘောပေါက်ရင်
အောက်ပါ အချက် ၆ချက် နဲ့ ရင်သွေး နဲ့
မိဘ အကြား ဘာတွေ ဖြစ်လာမယ်
ဆိုတာ ဖတ်ရှူ့  လို့ ရပါပြီ
ကဲ ကြည့်ကြရအောင်
၁ ။ အမိ အဘ နာမည် တွေဟာ အပြင်မိတ်
မှာ ရှိ နေရင်
မိဘ နှစ်ပါးစလုံး ရဲ့ မေတ္တာ ကို ပြည့်ပြည့် ၀၀
ခံစားခွင့် ရှိမယ် ။
ချစ်ခင် ယုယ ကြင်နာ မှုတွေ ကို အမိ အဘ
တို့ရဲ့ အသက် အတိုင်း ရရှိမယ် ။
သူတို့ ရှိစဉ် မှာ သူတို့ရဲ့ အကျိုးပြုမှု ကြောင့်
ကိုယ့် ဘ၀ မှာ တိုးတက် အောင်မြင်မယ် ။
လိုချင် တဲ့ ဆန္ဒ တွေ ပြည့်ဝ အောင်
ရည်ရွယ်ချက် ပန်းတိုင် ရောက်ရှိအောင်
မိဘ တွေက အကျိုးပြု မှာ ဖြစ်ပါတယ် ။
သူတို့ရဲ့ ကျေးဇူးတရား ကြောင့် အမွေ အနှစ်
တွေ ရရှိ နိုင်တယ်။
၂ ။ အမိ အဘ နာမည် တွေ ဟာ အတွင်းမိတ်
မှာ ပါရှိ နေရင်
မိဘ နှစ်ပါးစလုံး ရဲ့ ချစ်ခင် ကြင်နာမှု ကို
အနီးကပ် ခံစား ရမယ် ။
အသက်ထက်ဆုံး အတူတကွ
နေထိုင် ကြရမယ် ။
ကိုယ့် ဘ၀ သာယာ ချမ်းမြေ့ မှု အ၀၀ ကို
အမိ အဘ တို့ ကပဲ အစွမ်းကုန် ပေးလိမ့်မယ် ။
ငွေကြေး မချမ်းသာ တဲ့တိုင် စိတ်ချမ်းသာမယ် ။
အမိ အဘ နဲ့ အတူ နေရ လို့ ရရှိ တဲ့
စိတ် ချမ်းသာမှု မျိုး ဘယ်မှာ မရရှိ နိုင်ဘူး ။
အမိ အဘ ရဲ့ အယူအဆ ဆုံးဖြတ်ချက်
တွေကို သားသမီး ဖြစ်သူ က လက်ခံ သလို ၊ သားသမီး တို့ရဲ့ ဆန္ဒ ကိုလည်း မိဘ ဖြစ်သူ
တွေက သဘောပေါက် ကြတယ် ။
ကိုယ့် မွေးနေ့ အတွင်းမိတ် မှာ ပါတဲ့
သက်ဆိုင်ရာ ဂဏန်းတွေ မှာ အမိ ရော ၊
အဖ ရော ရဲ့ နာမည် အက္ခရာ တွေ ပါနေခြင်း
ဟာ အတူတကွ နေထိုင်ခြင်း ၊ စိတ်ချမ်းသာခြင်း
တို့ကို ပြနေ ပါတယ် ။
၃ ။ အမိ အဘ အမည် တွေဟာ ဓာတ်မိတ်
မှာ ပါရှိ နေရင်
မိဘ နှစ်ပါး စလုံး ရဲ့ ဖြူစင် တဲ့ မေတ္တာ ကို
ပြည့်ဝ စွာ ခံစား ရမယ် ။
ကိုယ် ဘာ လုပ်လုပ် ခွင့်လွှတ် တတ်မယ်။ ( မကြိုက်တာ မဟုတ်တာ လုပ်မိလို့ ဆို ဆုံးမ
မှာ မဟုတ်ဘူး )
ကိုယ့် စိတ်ဓာတ် နဲ့ မိဘတွေ ရဲ့ အတွင်းစရိုက် ၊ စိတ်သန္တာန် နဲ့ ထပ်တူ ထပ်မျှ နီးပါး ရှိမယ် ။
သဘော က မိဘတွေဟာ ဘာသာတရား
ကိုင်းရိုင်းသူ ဖြစ်ရင် သူ့ သားသမီး ဟာ
လည်း ဘာသာတရား ကိုင်းရှိုင်းမယ် ။
မိဘ နှစ်ပါး စလုံး က ဘ၀ အောင်မြင်မှု ရရှိရေး အတွက် အကျိုး ကျေးဇူး ပြုမယ် ။
ဘယ် အသက် အရွယ် ရောက် နေနေ ၊
ဘယ် အတန်း ရောက်ရောက် မိဘ ကိုယ်တိုင် ကျောင်းပို့ ကျောင်းကြို တာ မုန့်လိုက်ကျွေး
တာမျိုး ရှိမယ်။
မိဘ တွေ ကွယ်လွန် တဲ့ အခါ ကျန်ရှိတဲ့
အမွေ အနှစ် တွေ လုံးဝရရှိမယ် ။
အနည်းဆုံး မိဘ ရဲ့ စိတ်နေသဘောထား ၊ အကျင့်စရိုက် ၊ အကြိုက်ချင်း တူတာ က အစ
အမွေ သဘော အဖြစ် ရရှိမယ် ။
၎ ။ အပြင်ဓာတ် မှာပဲ ဖြစ်ဖြစ် ၊ အတွင်းဓာတ်
မှာပဲ ဖြစ်ဖြစ် ၊ အဘ နာမည် မပါ ခဲ့ရင်
ဖခင် ဖြစ်သူ နဲ့ အတူ မနေ ရဘူး ၊
အမြဲတစေ ခွဲခွာ နေ ရမယ် ။
လုပ်ကျွေး ပြုစုသူ မှာလည်း ခက်ခဲ
ပင်ပန်းမယ် ။
အတူ မနေရ ခိုက် မှာ ဖခင် အတွက် အမြဲ
စိုးရိမ် ပူပန် နေ ရမယ် ။
ဖခင် အတွက် သောက ပို နေ ရ မယ် ။
ငယ်စဉ် အခါ ကတည်းက ဖခင် ဖြစ်သူ ရဲ့
အကျိုး ပြုမှု တွေ မခံခဲ့ ရဘူး ။
ဘ၀ အောင်မြင်ရေး အတွက် လည်း ဖခင်
ကို သိပ် အားမကိုး ရဘူး ။
ဖခင် ရဲ့ အကျင့် စရိုက် ၊ စိတ်နေ သဘောထား
တွေ လည်း ကွာခြား နိုင်တယ်။
အကြိုက်ချင်း လည်း တူမှာ မဟုတ်ဘူး ။
ဖခင် ရဲ့ အမွေ မရရှိ နိုင်ဘူး ။
၅ ။ ဘယ် မိတ် မှာ မဆို မိခင် နာမည် မပါ
ခဲ့ရင်
ငယ်စဉ် ကတည်းက မိခင်မေတ္တာ
ငတ်ခဲ့ ရမယ် ။
မိခင် နဲ့ ခွဲခွာ နေရတာ များမယ်။
အကြိုက် ချင်း မတူ နိုင်ဘူး ။
ဒါပေမယ့် လိုက်လျော မိတတ် ကြမယ် ။
ကြီးလာ တဲ့ အခါ မှာ မိခင် အတွက် ပူပင်
သောက ရောက် နေမယ် ။
မိခင် အတွက် ဆို အခက်အခဲ အနှောင့်
အယှက် တွေ တွေ့ရမယ် ။
ပင်ပင် ပန်းပန်း လုပ်ကိုင် ကျွေးမွေး ရမယ် ။
ဒါပေမယ့် မိခင် ဆီက အမွေအနှစ်
မရရှိ နိုင်ဘူး ။
မိခင် ရဲ့ အကျိုး ကျေးဇူး ပြုမှု မရှိ နိုင်ဘူး ။
မိခင် ရဲ့ အကျင့် စရိုက် ၊ စိတ်နေ သဘောထား တွေလည်း ကွာဟ နေလိမ့်မယ် ။
၆ ။ ဘယ် မိတ် မှာ မဆို မိဘ နှစ်ပါး စလုံး
နာမည် မပါ ခဲ့ရင်
မိဘ နှစ်ပါး စလုံး နဲ့ အတူ မနေရဘူး ။
မိဘ ရဲ့ ချစ်ခင် ကြင်နာမှု တွေ ကို အနီးကပ် ပြည့်ပြည့် ၀၀ မခံစား ရတဲ့ သဘော ကို ဆောင်နေတယ် ။
ဘ၀ တိုးတက် အောင်မြင်မှု ကို မိဘ နှစ်ပါး
ရဲ့ အကျိုး ကျေးဇူး ကြောင့် မရရှိ နိုင်ဘူး ။
အနေ ဝေးလွန်း အားကြီး တတ်တာ ကြောင့် သံယောဇဉ် နည်းပါး ကြမယ် ။
နက်ရှိုင်း တဲ့ ချစ်ခင် ကြင်နာ မှုမျိုး
သိပ် မရှိ ကြဘူး ။
ဒါပေမယ့် ကိုယ် နဲ့ ဝေးနေရတဲ့ အမိ အဘ
တွေကို လုပ်ကိုင် ကျွေးမွေး ဖို့ ဘေးကျပ် နံကျပ် ဖြစ်စရာ အကြောင်း တွေ ရှိနေ တတ်တယ်။
အမိအဘတို့ရဲ့ အကျင့်စရိုက်တွေနဲ့ ကွာဟ
နေကြ လိမ့်မယ် ။
မိဘ တွေက တောနေ စရိုက် မိရိုး ဖလာ
အတိုင်း ပြုမှု ဆောင်ရွက် တတ်ရင် သားသမီး
ဖြစ်သူ ဟာ မြို့နေ စရိုက် ခေတ်မီ တဲ့ အပြုအမှု
တွေ ရှိနေ တတ်တယ် ။
ဒါဟာ တစ်ဦး တစ်ယာက် ရဲ့ မွေးနံ နဲ့
အဲဒီ မွေးနံ နဲ့ဆိုင်တဲ့ အပြင်မိတ် ၊ အတွင်းမိတ် ၊ ဓာတ်မိတ် တို့ကို ကြည့်ပြီး တိတိကျကျ ပြောနိုင်
တဲ့ အချက် တွေပါပဲ ။
' ဥာဏ်သွားသူတွေ ' အဖို့ သားသမီး နဲ့ မိဘ
အကြား ရှိနေတဲ့ အချက်တွေ ၊ သဘော
သဘာဝ တွေ ကို မူတည် ပြီး သားသမီး ရဲ့
မွေးနံ ဆိုတာ နဲ့ သူ့မိဘ နာမည်ဟာ ဘယ်လို
ဖြစ်မယ် ။ ဘယ် နံထဲ မှာ ပါတယ် ဆိုတာ ကို ' ပြောင်းပြန် လုပ်ပြီး ' ပြောနိုင် ပါသေးတယ် ။
ဒီထက် ဥာဏ်သွား သူတွေ ကတော့ ခုထက်
မက ချဲ့ထွင်ပြီး အသေးစိပ် တိတိကျကျ
ပြောနိုင် ပါလိမ့်မယ်။
နည်းစနစ် ရဲ့ ပရိယာယ် ကို သိရင်
ဥာဏ်ရှိ သလို ဆုံးဖြတ်ချက် ချနိုင်တာ
မှာ ဟာ မြန်မာ့ရိုးရာ ဆန်းပညာ ပါပဲ
ခင်ဗျား ။
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
သားသားလေး နဲ့ မေမေ့ ပုံ ကို အသုံးပြုခွင့်
ပြုပေးသော ညီမငယ်လေး Bo ma chay
ကို အထူးပဲ ကျေးဇူး တင်ပါတယ် ခင်ဗျာ
😍😘😚
ခွဲမွေးမ့်ရက် ဗေင် မေးလို့ တွက်ဒယ
❝ သားဖွားနဲ့မီးယပ် ဆရာဝန်ကြီး ဆရာဦးစိုးလွင်
ဆိုတာ ဝေဒင်္ဂ အထူး မိတ်ဆက်ပေးစရာ မလိုတဲ့
သားဖွားမီးယပ် ဆိုင်ရာ ကိစ္စတွေမှာ အသိပညာ
ပေးနေတဲ့ ဆရာကြီး တစ်ဦးပါပဲ ❞
ခွဲစိပ်ချိန် ကို တဖက်သား ဆရာဝန်ကြီးတွေ ဖက်ကနေ မစဉ်းစားပဲ ညနက်သန်းခေါင်တွေ ပေးတတ်ကြသော
ဗေဒင်ဆရာများ အကြောင်း နဲ့ ဗေဒင်ဆရာ က ရွေးတဲ့ ခွဲစိပ်ချိန် မရောက်မချင်း ပေတေပြီး မမွေးတဲ့ ဗေဒင် ကိုသာ သိပ်ယုံလွန်းပြီး မိမိရဲ့ ကျန်းမာရေး ကို သတိမမူတဲ့ မမဗိုက်တို့ အကြောင်း ရေးထားတဲ့ ဆောင်းပါးလေးမှာ ဝေဒင်္ဂ ကိုယ်တိုင်လဲ ဆရာကြီး ရေးတဲ့
စာလေးကြောင့် အသိပညာ တိုးခဲ့ဖူးပါတယ်
အဆိုပါ ဆောင်းပါးလေး ဖတ်ရပြီး ကတည်းက ဝေဒင်္ဂ လဲ ရင်သွေးငယ် ဖွားမြင်ဖို့ မင်္ဂလာ အချိန်အခါ ရက် တို့ လာမေးတဲ့ မိတ်ဆွေများကို ဆရာကြီး ရေးထားတဲ့ ထို
ဆောင်းပါးလေးက သိမှတ်စရာလေးတွေ ပြန်ပြောပြတဲ့ အလုပ်လေးတစ်ခု ရသွားပါတယ်
ခွဲမွေးရမယ့်ရက် ဗေဒင်မေးလို့တွက် ဆိုတဲ့ စာအုပ် မှ
ရက်ရာဇာ ပြသဒါး ခွဲမလား မွေးမလား ဆိုတဲ့ အခန်းကို ဆရာကြီး ရဲ့ PAGEလေးမှာ တင်ထားတာ တွေ့မိလို့ ကိုယ်ဝန်ဆောင်မိခင်များ သိမှတ်ရအောင် ထပ်ဆင့်ပြီး
ပြန်လည် ဝေမျှပေးလိုက်ပါတယ်
အောက်က LINKလေးက သားဖွားနဲ့မီးယပ်
ဆရာဝန်ကြီး ဆရာဦးစိုးလွင် ရဲ့ PAGE LINK လေးပါ
https://www.facebook.com/DrSoe-Lwin-242727989149454
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
ဆိုတာ ဝေဒင်္ဂ အထူး မိတ်ဆက်ပေးစရာ မလိုတဲ့
သားဖွားမီးယပ် ဆိုင်ရာ ကိစ္စတွေမှာ အသိပညာ
ပေးနေတဲ့ ဆရာကြီး တစ်ဦးပါပဲ ❞
ခွဲစိပ်ချိန် ကို တဖက်သား ဆရာဝန်ကြီးတွေ ဖက်ကနေ မစဉ်းစားပဲ ညနက်သန်းခေါင်တွေ ပေးတတ်ကြသော
ဗေဒင်ဆရာများ အကြောင်း နဲ့ ဗေဒင်ဆရာ က ရွေးတဲ့ ခွဲစိပ်ချိန် မရောက်မချင်း ပေတေပြီး မမွေးတဲ့ ဗေဒင် ကိုသာ သိပ်ယုံလွန်းပြီး မိမိရဲ့ ကျန်းမာရေး ကို သတိမမူတဲ့ မမဗိုက်တို့ အကြောင်း ရေးထားတဲ့ ဆောင်းပါးလေးမှာ ဝေဒင်္ဂ ကိုယ်တိုင်လဲ ဆရာကြီး ရေးတဲ့
စာလေးကြောင့် အသိပညာ တိုးခဲ့ဖူးပါတယ်
အဆိုပါ ဆောင်းပါးလေး ဖတ်ရပြီး ကတည်းက ဝေဒင်္ဂ လဲ ရင်သွေးငယ် ဖွားမြင်ဖို့ မင်္ဂလာ အချိန်အခါ ရက် တို့ လာမေးတဲ့ မိတ်ဆွေများကို ဆရာကြီး ရေးထားတဲ့ ထို
ဆောင်းပါးလေးက သိမှတ်စရာလေးတွေ ပြန်ပြောပြတဲ့ အလုပ်လေးတစ်ခု ရသွားပါတယ်
ခွဲမွေးရမယ့်ရက် ဗေဒင်မေးလို့တွက် ဆိုတဲ့ စာအုပ် မှ
ရက်ရာဇာ ပြသဒါး ခွဲမလား မွေးမလား ဆိုတဲ့ အခန်းကို ဆရာကြီး ရဲ့ PAGEလေးမှာ တင်ထားတာ တွေ့မိလို့ ကိုယ်ဝန်ဆောင်မိခင်များ သိမှတ်ရအောင် ထပ်ဆင့်ပြီး
ပြန်လည် ဝေမျှပေးလိုက်ပါတယ်
အောက်က LINKလေးက သားဖွားနဲ့မီးယပ်
ဆရာဝန်ကြီး ဆရာဦးစိုးလွင် ရဲ့ PAGE LINK လေးပါ
https://www.facebook.com/DrSoe-Lwin-242727989149454
🔊🔊🔊
❝ Pageလေးထဲမှာ အခြားအခြားသော ...
❂ ဗေဒင်ဆိုင်ရာ သိမှတ်စရာများ
❂ ယတြာများ
❂ ပြုံးပျော်စရာ ဗေဒင်ဟာသများ
❂ ဗေဒင်ကာတွန်းများ
❂ ဗေဒင်စာအုပ်pdfများ
❂ ဗေဒင်apkများ
❂ ဘာသာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ ...
စသဖြင့် လေ့လာစရာလေးတွေ
တင်ပေးထားပါတယ် ဝင်ရောက်
ဖတ်ရှူ လေ့လာကြပါ ခင်ဗျာ ❞
🔯 မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင်
မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ
ပေးကြပါဦး ခင်ဗျာ 🔯
✍ ဝေဒင်္ဂ ✍
🚼 စိုးမိုးဂြိုဟ် ကြောင့် ကြုံရမယ့် ရင်သွေး ကံကြမ္မာ 🚼
❝ ကိုယ့် ရင်နဲ့ အမျှ ချစ်ရတဲ့၊ ကြင်နာရတဲ့၊ ယုယ ရတဲ့ ရင်သွေးငယ် တို့ရဲ့ အကြောင်း တွေကို ကြိုသိထား ရင် မကောင်းဘူးလား။ ရင်သွေး တစ်ယောက် ရလာ တာနဲ့ ဒီရင်သွေး ရဲ့ ကံကြမ္မာကို သိထားရင် သူ့အတွက် ဆောင်သင့်တာ၊ ရှောင်သင့်တာ၊ သတိပြုသင့်တာ၊ ဂရုစိုက်သင့်တာတွေသိလာမယ်၊ သူတို့လေးတွေ ရဲ့ရှေ့ရေး၊ သူတို့လေးတွေ ရဲ့ အနာဂတ် လှပ လာ အောင် ဖန်တီးပေးနိုင်မယ် မဟုတ်လား။ ဒီတော့ ရင်သွေး ရှိသူတိုင်း အတွက် သိမှတ်စရာလေးတွေကို ပြောပြပေးပါမယ် ❞
💡 အဓိက သိထားရမှာ ကတော့ ရင်သွေးငယ် တို့ရဲ့ မွေးရက်ပါဘဲ၊ ဒီမွေးရက်ဟာ မြန်မာ သင်္ကြန် တက်တဲ့နေ့ ကနေ ဘယ်နှစ်ရက် ကွာခြားတယ် ဆိုတာ ရေတွက် ရပါမယ်။ ဒါဆိုရင် ရင်သွေး ကံကြမ္မာ ကို သိဖို့ ကတော့ ဟောဒီလို လွယ်လွယ်လေး ပါပဲ 💡
( 1⃣ ) သင်္ကြန် အတက်နေ့ မှ ၁၇ရက် အတွင်း မွေးဖွား တဲ့ ရင်သွေး
ဒီရင်သွေးငယ် တွေဟာ တနင်္ဂနွေဂြိုဟ် ရဲ့
အားကောင်း တဲ့ အုပ်စိုးမှု ကို ခံရတဲ့ ရင်သွေးလေးတွေဖြစ်တယ်၊
ဒါကြောင့်မို့ ထွန်းကား ပေါက်မြောက်မယ့်သူတွေ လို့ သတ်မှတ်နိုင်တယ်၊ ထက်မြက်မှု ရှိမယ့် ရင်သွေးလေးတွေ ပါပဲ။
ကျန်းမာရေး နဲ့ ပတ်သက်ပြီး နှလုံးသွေး၊ မျက်စိဆိုင်ရာ ရောဂါတွေ ဖြစ်တတ်တယ်။
ဒီရင်သွေးလေးတွေ ချုချာရင် သံကို လက်စွပ်ကွင်း ပြီး ၀တ်ထားပေးရမယ်၊ ကျွေးရမယ့် ဓါတ်စာတွေ က ဘာလီ၊ ဆန်ပြုတ်၊ ချင်း၊ လေးညှင်း၊ ဇာတိပ္ဖိုလ်၊ လိမ္မော်၊ ရှောက်၊ သံပုရာ တို့ပါပဲ၊ အများဆုံး တိုက် ကျွေး သင့်တာ ကတော့ ပျားရည် ဖြစ်တယ်။
ကျန်းမာရေး အထူး ဂရုစိုက် ရမယ့် အရွယ်တွေ ကတော့ ၁နှစ်၊ ၄နှစ်၊ ၁၀နှစ်၊ ၁၃နှစ်တို့မှာ ဖြစ်တယ်။
အဲဒီ့လို ၁၇ရက် အလွန်က နောက် ၂၃ရက် အတွင်း မွေးဖွားသူ ရင်သွေးလေးများ ကိုတော့ အင်္ဂါဂြိုဟ် က အုပ်စိုးပါတယ်။
သူတို့လေးတွေဟာ အသက်ကြီးပိုင်း မှာ ကောင်းစား ပါလိမ့်မယ်။ အရက်သေစာ နဲ့ မူးယစ် ဆေးဝါးတွေကို ရွံအောင်၊ မုန်းအောင်၊ ကြောက် အောင် ဆိုဆုံးမဖို့ အထူး အရေးကြီးပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ရမှာ ကတော့ ကျောက်၊ ၀က်သက် နှင့် အဖျား အမျိုးမျိုးပါပဲ။
ရင်သွေးလေး ဟာ ချူချာမယ်ဆိုရင် ကျောက်နီ ကို သံ နဲ့ လက်စွပ် ကွင်းပြီး ၀တ်ဆင် ပေးရမှာ ဖြစ်တယ် ဓါတ်စာတွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်ကောင်း တို့ဖြစ်ပြီး ဂရုစိုက်ရမယ့် အသက်အရွယ်တွေ က ၉နှစ်၊ ၁၈နှစ် အရွယ် ဖြစ်တယ်။
ဒါက သင်္ကြန်တက်ပြီး ရက်၃၀ အတွင်းမှာ မွေးတဲ့ တနင်္ဂနွေ အုပ်စိုးခံ ရင်သွေး နဲ့ အင်္ဂါဂြိုဟ် အုပ်စိုးခံ ရင်သွေး တို့ အဖို့ပေါ့။
( 2⃣ ) သင်္ကြန်တက်ပြီး ပထမရက်၃၀ နဲ့ နောက်ရက် ၃၀ကြား မွေးဖွားတဲ့ ရင်သွေးတွေ အတွက် ကတော့
သောကြာဂြိုဟ် အုပ်စိုး ခံရသူများ ဖြစ်တယ်၊ ဒီရင်သွေးလေးတွေ ဟာ အလှအပ မြတ်နိုးမယ်၊ အပျော်အပါး နှစ်သက်မယ်၊ ဘာကိုမှ သိပ် အလေးအနက် မထားတတ်ဘူး၊
ရင်သွေးလေး အတွက် ဆောင်ထား ပေးရမှာ က ငွေ နဲ့ လုပ်တဲ့ လခြမ်းပုံပါ လည်ဆွဲဖြစ်တယ်၊ ၁၅နှစ်၊ ၁၆နှစ် ကျန်းမာရေး ဂရုစိုက် ရမယ်။
ရင်သွေးလေး ဖြစ်တတ်တဲ့ ဝေဒနာ က အထူးသဖြင့် ကတော့ အဆုတ်ရောင်ရောဂါပဲ၊ ဒါကြောင့် ရင်သွေး အဖို့ လေ ကောင်းလေသန့် ရဖို့ အရေးကြီးတယ်၊
ပဲအမျိုးမျိုး၊ သစ်ချသီး၊ တယ်သီး၊ သဖန်းသီး၊ နှင်းဆီပွင့် နဲ့ နှင်းဆီရွက် တို့ကို ဓါတ်စာ အဖြစ် ကျွေး သင့်တယ်။
( 3⃣ ) သင်္ကြန်တက်ပြီး ရက်၆၀ က နောက်ရက်၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးလေး ဟာ
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးသူ ဖြစ်တယ်၊ ဒီ ရင်သွေး ကို သန္ဓေရစဉ် ကတည်းက မိဘတွေဟာ စီးပွားရေး ပြေလည် လာမယ်။
ဖြစ်တတ်တဲ့ ဝေဒနာတွေ က အကြောရောဂါ၊ အဖောအရောင်၊ အိပ်မရရောဂါများ၊ ကိုယ် လက်တစ်ခြမ်းသေပဲဖြစ်တယ်။
၅နှစ်၊ ၁၄နှစ်အရွယ် မှာ အထူးဂရုစိုက်ရမယ်။
ဒီရင်သွေး အတွက် အိပ်ရေးဝဖို့၊ အနားရစေ ဖို့ အရေးကြီးသလို ဆိတ်ငြိမ်အေးချမ်း တဲ့ ပတ်ဝန်း ကျင်လည်း လိုအပ်တယ်၊
ချူချာမယ်ဆိုရင်တော့ ငွေလက်စွပ်ဝတ်ဆင်ပေးရမယ်၊ ပေါင်မုန့်၊ မုန်လာဥ၊ ကရဝေးစေ့ သစ်ချသီး နဲ့အခွံမာတဲ့ သစ်သီးတွေ ကို ဓါတ်စာ အဖြစ် ကျွေးပေးရမယ်။
( 4⃣ ) သင်္ကြန်တက်ပြီး ရက်၉၀ကနေ နောက်၃၀ ရက် အတွင်း မွေးဖွားတဲ့ ရင်သွေးငယ် ဟာ
တနင်္လာဂြိုဟ် နဲ့ နက်ပကျွန်းဂြိုဟ် တို့ရဲ့ စိုးမိုး
တာကို ခံရတယ်။
ဒီရင်သွေးလေးငယ် တွေဟာ ချူချာ တတ်တယ်၊ စိတ်ဓါတ် ရေးရာ ပျော့ညံ့တယ်၊ အလွယ်တကူ စိတ်ထိခိုက် တတ်တယ်၊
ကျန်းမာရေး အထူး ဂရုစိုက် ရမယ့် ရင်သွေးလေး ပါပဲ၊ ၂နှစ်၊ ၇နှစ်၊ ၁၁နှစ်၊ အရွယ်တွေ မှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်တယ်။
ဒီရင်သွေးငယ်ကို လေကောင်းလေသန့် ရစေဖို့ အရေးကြီးတယ်၊ အဆောင် အဖြစ် ပုလဲ ကို ရွှေ နဲ့ ဖြစ်ဖြစ်၊ ငွေ နဲ့ ဖြစ်ဖြစ် ကွင်းဝတ်ရမယ်။
ရင်သွေးလေး ဖြစ်တတ်တဲ့ ရောဂါ တွေက အစာမကြေရောဂါ၊ အစာအိမ် ရောဂါ အမျိုးမျိုး၊ ၀မ်းဗိုက်ဖောရောင် တာတို့ ဖြစ်ကြပါတယ်၊
ဓါတ်စာ အဖြစ် သောက်သုံးသင့်တာ က အသီးအမျိုးမျိုး ရဲ့အရည် ပဲ ဖြစ်တယ်၊
ဖရဲသီးစားလို့တည့်ပါတယ်။
( 5⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၁၂၀ က နောက်၃၀ ရက် အတွင်း မွေးတဲ့ ရင်သွေးလေးငယ်များ ဟာ
တနင်္ဂနွေဂြိုဟ် နဲ့ယူရေးနပ်ဂြိုဟ် တို့ စိုးမိုးတာ ကို ခံရတယ်၊ ဒီရင်သွေးလေးတွေ ဟာ စိတ်ကြီးတယ်၊ ဒေါသကြီးတယ်၊ ထက်မြက်တယ်။
သူတို့ကို၎နှစ်၊ ၁၀နှစ်၊ ၁၃နှစ် အရွယ် မှာ အထူး ဂရုစိုက် ရမယ်
နှလုံး နဲ့ ပတ်သက် တဲ့ ရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ရောဂါ၊ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခါးနာ၊ ခေါင်းကိုက် စတဲ့ ရောဂါတွေ ဖြစ် တတ်မယ်။
ဓါတ်စာ အဖြစ် သင့်လျော်တာတွေ က
ဇာတိပ္ဖိုလ်၊ လေးညှင်း၊ ချင်း၊ သံပုရာ၊ လိမ္မော်၊ ရှောက် စသည်တို့ပါပဲ။ ရှောင်ရမယ့် အစာတွေ က အဆိမ့်လွန်၊ အချိုလွန်၊ အချဉ်လွန်၊ အငန်လွန်အစာ တွေ ဖြစ်တယ်
ဆောင်ရမှာ က ပယင်း ကို ရွှေ နဲ့ ကွင်းထားတဲ့ လက်စွပ်ပါ။
( 6⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၁၅၀ ကနေ
နောက် ရက်ပေါင်း၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ဟာ
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတာကိုခံ ရသူလေးတွေပါပဲ၊ ဒါကြောင့် အပိုဒ် ( 3⃣ ) မှာ ပြောခဲ့တဲ့ အတိုင်း ဆောင်နိုင်၊ ရှောင်နိုင်၊ မှတ်သား အသုံးချ နိုင်ပါတယ်။
( 7⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၁၈၀ ကနေ
နောက် ရက်ပေါင်း၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ
သောကြာဂြိုဟ် က ပဲ စိုးမိုးနေပါတယ်၊ ဒါကြောင့် အပိုဒ် ( 2⃣ )မှာ ပြောခဲ့တဲ့ အတိုင်း မှတ်သား နိုင်ပါတယ်။
( 8⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၁၀ ကနေ နောက် ၃၀ရက် အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ
အင်္ဂါဂြိုဟ် က ပဲ စိုးမိုးပါတယ်၊ အင်္ဂါဂြိုဟ် စိုးမိုး တာမို့ သင်္ကြန်တက်ပြီး ၁၇ရက် ကနေ နောက် ၂၃ရက် အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တွေ လိုပဲ မှတ်သား နိုင်တယ်။ (အသက် ကြီးသွားရင် တော့ ကွာခြား သွားလေ့ရှိတယ်။)
( 9⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၄၀ က နောက် ရက်၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ
ကြာသပတေးဂြိုဟ် က စိုးမိုးနေမယ်၊ ရင်သွေးငယ် အသက်၃နှစ်၊ ၁၂နှစ်မှာ ကျန်းမာရေးအထူး ဂရုပြုရ မယ်။ ကိုယ်လက်လှုပ်ရှား၊ အားကစားလုပ်တာ၊ အခြား အလုပ်တွေ လုပ်တာမို့၊ ခန္ဓာကိုယ် အောက်ပိုင်း ၊နာကျင် ကိုက်ခဲ တတ်မယ်၊ အကြော တက်တယ်။ အရေပြားရောဂါတွေ၊ ကြိုတင် ကာကွယ် တဲ့ အနေ နဲ့ အနားယူ တတ်ဖို့ လိုတယ်။
အကြောရောဂါ ဖြစ်ရင်၊ ကိုက်ခဲတာ ဖြစ်ရင်၊ ဇာတိပ္ဖိုလ်သီး ကို ဆား နဲ့ သွေးပြီး ခပ်ထူထူလေး မကြာခဏ လိမ်းပေး ရမယ်။ သင့်လျှော် တဲ့ ဓါတ်စာတွေ ကတော့ မြက်၊ ကညွတ်၊ ချယ်ရီသီး၊ နာနတ်သီး၊ စပျစ်သီး၊ ဒန်းသီး၊ သဖန်းသီး တို့ပါပဲ။
ကျန်းမာရေး ချူချာရင် ခဲမဖြူ ကို လက်စွပ် ကွင်းဝတ်ရမယ်။
( 🔟 ) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၇၀ က
နောက် ထပ် ရက်ပေါင်း၆၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ် တို့ ဟာ
စနေဂြိုဟ် က စိုးမိုးတယ်။ ဒီရက် အတွင်း မွေးဖွား တဲ့ စနေသားသမီး ဟာ မိဘ ကို ဒုက္ခ ပေး တတ်တယ်၊ ( တစ်ခြား ရက်တွေ မှာ မွေး တဲ့ စနေသားသမီး တွေဟာ ဒုက္ခ မပေးတတ် ပါဘူး။)
ကျန်းမာရေး ဂရုစိုက်ရမယ့် အရွယ်က ၄နှစ်နဲ့ ၈နှစ် အရွယ် မှာ ဖြစ်တယ်၊ ဖြစ်တတ်တဲ့ ရောဂါတွေ က အသည်းရောဂါ၊ သည်းခြေရောဂါ၊ အူသိမ်မှာ ဖြစ် တတ်တဲ့ ရောဂါ၊ ထုံကျင်ကိုက်ခဲ၊ သွေးအဆိပ်တက် ရောဂါတွေပါပဲ၊ အသား နည်းနည်းပဲ ကျွေးပြီး အသီး အရွက် များများ ကျွေးပေး ရမယ်။
( 1⃣1⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၃၃၀ ကနေ
တစ်ကြိမ် သင်္ကြန်ကျလို့ အကြတ်နေ့ အထိ ရက်ပေါင်း၃၀ အတွင်း မွေးဖွားသူ တို့ကို
ကြာသပတေးဂြိုဟ် ကပဲ စိုးမိုးပါတယ်။
ဒီတော့ မှတ်သားစရာတွေ၊ ဆောင်စရာ၊ရှောင်စရာတွေက အပိုင်း( 9⃣ ) လိုပဲ ဖြစ်ပါတယ်။
💫 ကဲ ဒီလို ကိုယ့်ရင်သွေး မွေးတဲ့ ရက်ကိုမူတည် ပြီး စိုးမိုးတဲ့ဂြိုဟ် အရ၊ ကြိုတင် သိထားရင် ကိုယ့်
ရင်သွေး ကို ဘယ်လို ပြုစု စောင့်ရှောက် သင့်တယ် ဆိုတာ ရိပ်စားမိလောက်ပါပြီ။ 💫
👪 မိဘတိုင်း ရင်သွေးများကို ထိထိရောက်ရောက် ချစ်ခင်ယုယ နိုင်ပါစေ... 👪
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
❝ စကားပြောသော ထန်းရွက်ကလေးများ ❞
☸ မြန်မာ့ ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာ
ယဉ်ကျေးမှု တစ်ခု ဖြစ်တဲ့ ထန်းဖူး ဇာတာ ) နဲ့
ပတ်သက် လို့ လူတိုင်း သိသင့်တဲ့ အတွက်
ဗဟုသုတ အဖြစ် တင်ပြပေးလိုက်ပါတယ် ☸
ရှေ့ဆက်ဖတ် ကြည့်ရအောင်ပါနော် .....
မြန်မာ့ ရိုးရာ ဓလေ့ထုံးစံ အရ ယုံကြည်စွာ
လက်ခံထား တဲ့ စနစ် တစ်ခု ကတော့ ဇာတာဖွဲ့ခြင်း
ပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ ရဲ့ အိမ်ဦးခန်း မှာ ဗူးကလေး တွေ ၀ါးကျည်တောက်ကလေး တွေ နဲ့ ထည့်ထား တဲ့ ဇာတာလေး တွေ တွေ့မြင်ဖူး ကြပါမယ်
အိမ်ဦးခန်း မှာ အခန့်သား နေရာရနေ တဲ့ ဇာတာ
လေး တွေ မှာ ဘာတွေ ပါတယ်။ ဘယ် သဘောတရား နဲ့ ပြုလုပ်ထားသလဲ၊ ဘာကြောင့် ဇာတာ ဖွဲ့ကြသလဲ ဆိုတာ သိတဲ့သူ ခပ်နည်းနည်းပါ၊ ဒါကလဲ သာမန်
လူတွေ အပြစ် မဟုတ်ပါ။ ဗေဒင်ဆရာ တွေက
ကောင်းတယ် ဆိုရင် များသောအားဖြင့် မျက်စိမှိတ် ပြီး ဇာတာ ဖွဲ့တဲ့သူ က များပါတယ်။
ထန်းရွက် ဇာတာ ၊ စက္ကူ ဇာတာ ၊ ပလပ်စတစ် ဇာတာ ၊ ငွေပြား ဇာတာ ၊ ရွှေပြား ဇာတာ ၊ ဆင်စွယ် ဇာတာ ၊ ကြေးပြား ဇာတာ အသီးသီး ဖွဲ့ကြတာတွေ တွေ့ရ
ပါလိမ့်မယ်။
卐 ဇာတာ ဆိုတာ ဘာလဲ 卐
ဇာတာ ဆိုတာ မှတ်စာ ပါ။ ဘာ မှတ်စာ လဲ
ဆိုတော့
လူတစ်ဦး မွေးတဲ့ အချိန် မှာ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ဂြိုဟ်တွေဟာ ဘယ်နေရာမှာ ရောက် နေလဲ ၊ မွေးတဲ့အချိန်မှာ အရှေ့ မိုးကုတ်စက်ဝိုင်း မှာ လင်းနေတဲ့
ကြယ်တာရာတွေ ဟာ ဘယ်ရာသီမှာ ရောက်နေလဲ ၊ ကာယကံရှင် ဟာ ဘယ် နက္ခတ် နဲ့ ယှဉ်လဲ ၊ မိမိ မွေးဖွားချိန် ဟာ ဘယ်နှစ် ၊ ဘယ်လ ၊ ဘယ်နေ့ ဘယ်
အချိန် စသည် ... တို့ကို မှတ်ထား တဲ့ ထန်းရွက် ကို ဇာတာ လို့ ခေါ်ပါတယ်။
卐 ဇာတာကို ဘာကြောင့် ထန်းရွက်နဲ့ လုပ်ရလဲ 卐
ဒီနေရာ မှာ ရိုးရာ ဓလေ့ ယှဉ်ပြီး ပြောပြ ရပါမယ်၊ အိန္ဒိယ မှာ စက္ကူလိပ် နဲ့ ဇာတာ လုပ်ကြတယ်၊ မွန် လူမျိုး
တွေဟာ ၀ါးပေါ်မှာ ဇာတာ လုပ်ကြတယ်၊ အဲသလိုပဲ
မြန်မာလူမျိုးဟာ ထန်းရွက်ပေါ်မှာ ဇာတာလုပ်ကြတယ်။
မြန်မာ့ ရိုးရာ ဓလေ့ မှာ ၄င်း သစ်ပင် များမှာ ၄င်း
ထန်းပင် ဟာ အရေး ပါ အရာ ရောက်ပါတယ်၊
မင်္ဂလာ ရှိတဲ့ အပင်၊ အသက် အရှည်ဆုံး အပင်၊
ပဒေသာပင် လို့ သတ်မှတ် ကာ (သပြေပင် ၊ အုန်းပင် ၊ ထန်းပင် သုံးမျိုး ကို မြန်မာ လူမျိုးတွေရဲ့ မင်္ဂလာပွဲတိုင်း မှာ အသုံးပြုကြတယ်။)
မင်္ဂလာပွဲ ဆိုရင် သပြေညွှန့် ဟာ အရေးအကြီးဆုံး
အသုံးအဆောင် တစ်ခု အဖြစ် အသုံးပြုကြတယ်။
အဲသလို လက်ထပ်မင်္ဂလာပွဲနဲ့ တစ်ခြားပွဲတွေမှာ
အုန်းညွှန့် အုန်းပင်ပေါက်ဟာ မပါမဖြစ်တဲ့ အပင်
ဖြစ်တယ်၊
အဲ ထန်းကျပြန်တော့ ပင်စည်ကနေ တစ်ပင်လုံး လူ့
အကျိုးဆောင်တဲ့ အပင်ဖြစ်တယ် လို့ ယူဆ ကြတယ်။ သစ်ပင်တွေထဲမှာ အသက်ရှည်ဆုံး လည်း ဖြစ်တယ်။ အဲဒါကြောင့် ထန်းပင်ရဲ့ အရွက်ကို မင်္ဂလာယူပြီး
ထန်းရွက်နဲ့ ဇာတာဖွဲ့ တာပါ၊
ရိုးရိုး စာရွက် နဲ့ သော်လည်းကောင်း ၊ ကြေးပြား ၊
ဆင်စွယ် ၊ ပလပ်စတစ်ပြား အားလုံး မှာ ဇာတာ
လုပ်လို့ ရသားပဲ ၊ မလုပ်တာက ထန်းပင် ဟာ
ပဒေသာပင် ဖြစ်လို့ပါပဲ ၊ လုပ်တဲ့ ဇာတာရှင် ရဲ့
စီးပွားရေး ၊ ကြီးပွားရေး ၊ ငွေကြေးဥစ္စာ ကျန်းမာရေး ဟာ ပဒေသာပင်ကြီး လို ကြီးပွားတိုးတက်
ပါစေတော့ဆိုတဲ့ ဆန္ဒနဲ့ လုပ်ကြတာပါ။
卐 ဇာတာ ပြုလုပ်ပုံ 卐
ဇာတာ တစ်စောင် ဖြစ်ရန် အတွက် ထန်းရွက် တစ်ခု
နှင့် တစ်ခု ကြားတွင် ထန်းရွက်ငယ်များ အစာ
အဖြစ် ထည့်၍ ပြုလုပ် ရပါတယ် ။ သို့မှသာ ဇာတာ
ဖောင်းနေကာ သံကညစ် ဖြင့် ရေးသား နိုင်မှာ
ဖြစ်ပါတယ် ။ အစာထည့်ပြီး ထန်းကြမ်းကို
ညှိပြီးလျှင် တမာစေ့ကော် နှင့် အတွင်းမှ တစ်ခု နှင့် တစ်ခု ကပ်ကာ ကွာမလာအောင် သစ်သားဘောင် ဖြင့် ပြုလုပ်ထားသော ဇာတာညှပ်ကိရိယာ တွင် ထည့်ထားရပါတယ် ။ ထိုသို့ ကြပ်နေအောင် ၁၅ရက် မှ တစ်လ
အတွင်း ထားလျှင် အထူး ကပ်ပြီး ခိုင်ခန့်သော ထန်းဖူးဇာတာ အကြမ်းများ ရလာပါတယ် ။ ထန်းဖူးများကို
ပုံစံဖြင့် လက်နှင့်ချုပ်ရန် ဖောက်ကာ ကြိုးနှင့် ချုပ်ရ၏ ။
ချုပ်ပြီး ဘေးတစ်ဖက်တစ်ချက် မှ ဇာတာပုံ ပေါ်လာရန် ပုံစံအတိုင်း လှလှပပ လှီးရပါတယ် ။ ပြီးရင် ပန်း ၊
စက်ဝိုင်း ဆွဲသူထံ ပို့ပြီး ဆွဲခိုင်း ရပါတယ် ။ ဇာတာ တစ်စောင် ပြုလုပ်ရန် လက်တွေ့ အလွန် ကရိတထ များသော အလုပ် ဖြစ်ပါတယ် ။
卐 ဇာတာ ရေးနည်း 卐
ပေရွက် ပေါ်တွင် ထင်ရှားစွာ စာလုံးများ ပေါ်ရင်
သံကညစ် ဖြင့် ရေးသားရပါတယ် ။ ပေရွက် (သို့)
ထန်းဖူးဇာတာ မှာ မညီသောကြောင့် စားပွဲပေါ်တွင်
၎င်း ၊ အမာ ပေါ်တွင် ၄င်း ရေး၍ မရပါ ။ ရေးပါက
မညီပါ ၊ မညက်ပါ ၊ မလွယ်ပါ ။ ထို့ကြောင့် ဒူးထောင်
၍ မုဆိုးထိုင် ထိုင်ကာ ဒူးပေါ် တင်ပြီး သံကညစ် ဖြင့်
ထိန်းကာ ရေးရပါတယ် ။ စက်ဝိုင်း နဲ့ မျဉ်း များကို
ကွန်ပါ ၊ ပေတံ တို့ဖြင့် သတ်မှတ် ထားသော
အကျယ်အဝန်း တွင် မိအောင် ရှင်းလင်း သေသပ်
လှပစွာဖြင့် ရေးရပါတယ် ။
卐 ဇာတာ နဲ့ ရက်ချုပ် 卐
ဇာတာ ဆိုတာ စာကြောင်းရေ အားဖြင့် ၇ကြောင်း
ရှိတာကို ခေါ်တယ်။ ရက်ချုပ်ဆိုတာ စာကြောင်းအရ ၅ကြောင်း ရှိတာကို ခေါ်တယ်။
ရက်ချုပ် ကို ကလေး တစ်ယောက် မွေးပြီးတာနဲ့
လုပ်ရတယ် ၊ ကလေး ၁၆နှစ်ကျော်ရင် ဇာတာ
ပြန်လုပ်ရတယ်လို့ အဆိုရှိတယ် ။ မွေးကတည်း က ဇာတာ လုပ်ထားရင် ပိုကောင်းတာပေါ့လေ ၊
တစ်ခါတည်း နဲ့ ကိစ္စ ပြီးတာပေါ့။
ဇာတာ မှာ စာကြောင်းရေ ၈ကြောင်း ထက်
မပိုအောင် ရေးကြတဲ့ အဓိပ္ပာယ်က ၇ရက်သားသမီး အားလုံး မေတ္တာ ခံယူနိုင်သူ ဖြစ်ရပါစေသား ဆိုတဲ့
မေတ္တာခံယူ တဲ့ သဘော နဲ့ ရေးကြတာပါ ။
ရက်ချုပ် မှာ စာကြောင်းရေ ၅ကြောင်း ရေးတာ
ကတော့ ငါးနှစ် အထိ မိဘရင်ခွင် မှာ နေရတဲ့
အတွက် ဖြစ်ပါတယ် ။ မိဘနှစ်ပါး မေတ္တာ ခံယူထား
နိုင်သူ ဖြစ်ပါစေ လို့ မေတ္တာခံယူ တဲ့ သဘောနဲ့
ရေးကြတာ ဖြစ်ပါတယ် ။
ဇာတာ မှာ စာကြောင်း က စပြီး ရည်ရွယ်ချက်ရှိ ပြီးသားပါ။ ပြီးတော့ စာကြောင်းတွေရဲ့ ဘေးမှာ ပါတဲ့ (စ) (ဓ) (ဗ) (၀)တို့ဟာ ဤဇာတာရှင်ကို သူတော်စင်များ
စောင့်ရှောက်ပါစေဆိုပြီး ဆုတောင်း ထားတဲ့ သဘောပါ။ အဲသလိုပဲ ဇာတာတစ်ချို့မှာ (ဗု) (ဓံ) (သံ) (ဒေ)လို့ ရေးထားတာက ဘုရား ၊ တရား ၊ သံဃာ ၊ နတ်ဒေ၀ါတို့ ဤဇာတာရှင်ကို စောင့်ရှောက် ပါစေလို့
ဆုတောင်း တဲ့ သဘောပါ။
卐 ထန်းဖူး ဇာတာ အမျိုးမျိုး 卐
ထန်းဖူး ဇာတာ ဖြစ်သော်လည်း လက်ရာ နှင့် ပန်းဆွဲမူ အပေါ် မူတည် ၍ အမျိုးမျိုး အမည် ကွဲပြား ၍
ခေါ်ပါတယ် ။
၁ ။ အဓိပတိတိုင်ရိုးရိုး
၂ ။ အဓိပတိတိုင်ပန်း
၃ ။ အဓိပတိပန်းရာသီနေကြာ
၎ ။ အဖြစ်တော်
၅ ။ နေကြာဇာတာ
၆ ။ ဘီရိုပုံ
၇ ။ ထောင့်ပန်းနေကြာ
၈ ။ ပန်းတဝက်ဇာတာ
၉ ။ ငါးကြီးအာနန္ဒ
၁၀ ။ ပန်းအပြည့်ဇာတာ
၁၁ ။ အဖုံးအပိတ်
၁၂ ။ တြိစက္ကဇာတာ
စသဖြင့် ၁၂မျိုး မျှ ဇာတာ အခေါ်အဝေါ် ရှိပါတယ်
卐 ဇာတာ မှာ ဘာတွေ ရေးရသလဲ 卐
ဇာတာ တစ်စောင် မှာ စာကြောင်းရေ (၇) ကြောင်း
ရှိတယ် ဆိုတာ ပြောပြီးပြီ၊ စာ (၇)ကြောင်း ပြည့်အောင် လျှောက်ဖြည့်ရေးထား တာ မဟုတ်ပါဘူး၊
သူ့အကြောင်းနဲ့ သူ့အရာ အားလုံး
ရှိပြီးသားပါ။
ပထမ အခုယုဂ်ဟာ ကလိယုဂ်မို့ ဇာတာ မှာ ဇာတာရှင်ရဲ့ မွေးတဲ့နှစ်ကို ထည့်ရတယ်၊ ပြီးတော့ ဒီဃရသ
နှစ်ကြွင်း ကို ထည့်ရတယ်၊ မွေးသက္ကရာဇ်ကို
ရေးရမယ်။ ( နှစ်ကြွင်းဆိုတာ မွေးသက္ကရာဇ် ကို
၁၁၀၀ နှစ်ဖြိုလို့ ကျန်တဲ့ နှစ်ကို ဆိုလိုတာပါ )
ပြီးတော့ မွေးလ ၊ မွေးရက် ၊ မွေးနေ့၊ မွေးချိန် ၊
(အင်္ဂလိပ်) ခုလရက် ပါ ရေးရတယ်။ မြန်မာ နာရီ
ကျော်နာရီ လဂ်စန်း ဟောရတ် တြင်း န၀င်း လဂ်စီး
နက္ခတ်၊ နေရိပ်ဖ၀ါး (ညမွေးဆိုရင် မွန်းတည့်
နက္ခတ် ပါ ရတယ်) နာမည် စသဖြင့် အသီးသီးတို့ကို
ရေးရပါတယ်။
卐 ဇာတာ ဖွဲ့ဖို့ တွက်ချက် ရတာလေးတွေ 卐
၁ ။ အာယနာ / ၂ ။ သာယနာ / ၃ ။ ရဝိဖုဋ /
၎ ။ ဒိနန္ဓ / ၅ ။ နိသဒ္ဓ / ၆ ။ နေ့ဗဟို /
၇ ။ ညဗဟို / ၈ ။ တက္ကလ / ၉ ။ ကျော်နာရီ /
၁၀ ။ လဂ်စီးနက္ခတ် / ၁၁ ။ ဟောရတ် /
၁၂ ။ တြွင်း / ၁၃ ။ နဝင်း / ၁၄ ။ မွန်းတည့်နက္ခတ် /
၁၅ ။ တိထီ / ၁၆ ။ မြင်နက္ခတ် / ၁၇ ။ စင်နက္ခတ် /
၁၈ ။ ပြည်စန်း / ၁၉ ။ တိုင်ဦး / ၂၀ ။ ဓာတ်တိုင် /
၂၁ ။ စုတ်တိုင် / ၂၂ ။ ဆီတိုင် / ၂၃ ။ မိတ္တုတိုင် /
၂၄ ။ အထွန်း / ၂၅ ။ ၁နွေ ဘုတ္တိ /
၂၆ ။ ၂လာၤ ဘုတၱိ / ၂၇ ။ ၃ဂၤါ ဘုတၱိ
၂၈ ။ ၄ဟူး ဘုတၱိ / ၂၉ ။ ၅ေတး ဘုတၱိ /
၃၀ ။ ၆ၾကာ ဘုတၱိ / ၃၁ ။ စေန ဘုတၱိ /
၃၂ ။ ရာဟု ဘုတၱိ / ၃၃ ။ ကိတ် ဘုတ္တိ /
၃၄ ။ လဂ် ဘုတ္တိ / ၃၅ ။ ပုည / ၃၆ ။ ဣသရ /
၃၇ ။ ပဝတ္တိ / ၃၈ ။ ထီးဖြူ / ၃၉ ။ သိရီ /
၄၀ ။ ဆင်ဖြူ / ၄၁ ။ သုဝဏ္ဏ / ၄၂ ။ ရတနာပုံ /
၄၃ ။ ရဇိတ / ၄၄ ။ အဓိပတိ / ၄၅ ။ ကလိယုဂ် /
၄၆ ။ ဘဝါး / ၄၇ ။ အံသာစက် / ၄၈ ။ ဘာဝစက် /
၄၉ ။ နှစ်ကြွင်း / ၅၀ ။ သုံဒ္ဓဒိန် /
၅၁ ။ ပဋိသန္ဓေတိုင်
အထက်ပါ အချက်များ အားလုံး ကို တွက်ချက် ပြီးမှသာလျှင် ဇာတာ တစ်စောင် ကို ဖွဲ့ရခြင်း ဖြစ်သည် ။
卐 ဇာတာ တစ်စောင် ကို ထိန်းသိမ်း ထားနည်း 卐
ဒီ ခေါင်းစဉ် ကို ကြည့်ပြီး ဇာတာ ကို ဘာများ
ထိန်းသိမ်း ထားစရာ ရှိလို့ ဒီအတိုင်း ထားရင်
ဘာဖြစ်မလဲ လို့ မေးစရာ ပေါ်လာပြီ
အခု ပြောပြချင်တာက ဇာတာ ဆိုတာ မလုပ်ရင်
ကိစ္စ မရှိဘူး၊ ဇာတာ ရှိတယ် ဆိုရင် သူ့အထိုက် နဲ့ သူ့အလျောက် ထားရပါမယ်။
ဇာတာ တစ်စောင် အိမ်မှာ ရှိတယ် ဆိုရင် အဲဒီ
ဇာတာ ကို အိမ်က ဘုရားစင် ညာဘက် မှာ ထားရမယ်။ အဲ….ထားပုံထားနည်း က ရာသီခွင် ( စက်ဝိုင်း ) ကို
အောက်က ထားရတယ်။
ဘာကြောင့် အောက်က ထားရသလဲ ဆိုတော့ တဘက်ပါ စာညင်း ကို ကြည့်ပါ။ အောင်ဇေယျတု စတဲ့ စာတွေဟာ အောက်ကနေပြီး အပေါ်ကို တက်နေတာ တွေ့ရလိမ့်မယ်။ အဲသလိုပဲ ဇာတာရှင် ရဲ့ ကံကြမ္မာဟာ တက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စက်ဝိုင်း ကို အောက် က ထားပြီး ထောင်ထား ရတာပါ။
ပြီးတော့ ကိုယ့် အသက်အိမ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့
လုပ်တဲ့ ဇာတာ ကို တစ်ယောက်တည်း နဲ့ ဇာတာ
နှစ်စောင် မထားကောင်းဘူး လို့ အဆို ရှိတယ်။
ဒါကြောင့် အိမ်မှာ ဇာတာ နှစ်စောင် ရှိရင်
တစ်စောင် ကို ရေထဲ မျှောပစ် ရတယ်။
နောက် ဇာတာ ဟာ ကျိုး နေမယ်၊ ပဲ့ နေမယ်၊ ပိုးထိုး
နေမယ် ဆိုရင် လည်း ဇာတာ အသစ် လုပ်ရပါတယ်။ အနာအဆာ ရှိနေတဲ့ ဇာတာ ကို မထားရဘူး။
卐 ဇာတာရေမျှောနည်း 卐
ရေမျှော ရတဲ့နည်း ကတော့ ကိုယ့် မွေးနေ့
ရေတက် နေအချိန် ( မနက် ၆နာရီ မှ ၈နာရီ အတွင်း ) မှာ ဇာတာ ကို အ၀တ်ဟောင်း နဲ့ ပတ်၊ အဲဒီ အ၀တ်
ဟောင်း မှာ ဆန် တစ်ဆုပ်၊ မြေဇာမြက် တစ်ဆုပ်၊
ကြေးနီပိုက်ဆံ တစ်ပြား၊ သံချောင်း တစ်ချောင်း
ထည့်ပြီး မြစ်ဆိပ် ရေရှင် မှာ ကိုယ့်ရဲ့ မကောင်းတဲ့
ကံတွေ ပါသွားပါစေ လို့ ဆုတောင်း ရေမျှော
ရပါတယ်။
ကဲ…..ဇာတာနဲ့ ပတ်သက်လို့ ဗဟုသုတတွေ
သိရပြီ ကျေနပ်ပါတော့နော်…..။
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
🙏 ဗုဒ္ဓေါမေသရဏံအညံနတ္တိ 🙏
✍ ဝေဒင်္ဂ ✍
⏳ ဂြိုဟ် စိုးမိုးချိန် နှင့် သန္ဓေတည်ခြင်း ⌛
❝ ဆေးပညာ ဂိုဏ်းခွဲ ဖြစ်တဲ့ ခန္ဓာဗေဒ အရ
ကာလ ရေကြည် တည်နေချိန် က စပြီး သန္ဓေသား
ပေါက်ဖွား တဲ့အချိန် အထိ သန္ဓေသား တည်နေပုံ ကို
လေ့လာသူ တွေ သိကြပါလိမ့်မယ်
ဒီလို သန္ဓေသား တည်ပုံ ကို ဆေးပညာ အရ
မဟုတ်ပဲ နက္ခတ်ဗေဒင် အမြင် နဲ့လည်း လေ့လာလို့
ရပါတယ် သန္ဓေသား တည်နေချိန်မှာ တစ်လ နဲ့တစ်လ စိုးမိုးတဲ့ ဂြိုဟ်တွေ မတူပါဘူး ❞
🔎 ကဲ ... စိုးမိုးတဲ့ဂြိုဟ် နဲ့ သန္ဓေသား ဖွံ့ဖြိုး
တိုးတက် ပုံကို ပြောပြပါမယ် 🔍
🚼 ပထမလ မှာ သောကြာဂြိုဟ် စိုးမိုးတယ်။
သုတ်သွေး ဟာ အရည် အဆင့် မှာပဲ ရှိနေ
ပါသေးတယ်
🚼 ဒုတိယလ မှာတော့ အင်္ဂါဂြိုဟ် စိုးမိုးတယ်။
ကာလရေကြည် (ပဋိသန္ဓေ ရဲ့ အစ)
အခဲငယ်လေး ဖြစ်သွားပါပြီ
🚼 တတိယလ မှာ ကြာသာပတေးဂြိုဟ်
စိုးမိုးတယ်။ ခက်မ ငါးဖြာ လို့ ခေါ်တဲ့ ခြေတံ
လက်တံ တွေ ရုပ်လုံး ပေါ်လာတယ်
🚼 စတုတ္ထလ မှာ တနင်္လာဂြိုဟ် အုပ်စိုးတယ်။
အတွင်း ထဲမှာ အရိုးဖြစ်လာပြီ
🚼 ပဉ္စမလ မှာ တနင်္လာဂြိုဟ် စိုးမိုးတယ်
အပေါ်ယံ မှာ အရေပြား ဖြစ်လာတယ်
🚼 ဆဋ္ဌမလ မှာ စနေအုပ်စိုးတယ်
အမွှေးအမျှင်များ ပေါက်လာတဲ့ ကာလပါ
🚼 သတ္တမလ မှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတယ်
နာဗ်ကြော၊ အာရုံကြောများ ဖြစ်လာတယ်
🚼 အဋ္ဌမလ မှာ အာစာန လဂ်သခင်ဂြိုဟ်
စိုးမိုးပါတယ်။ ရင်သွေးလေး ဟာ ချက်ကြိုး က
တစ်ဆင့် မိခင် ရဲ့ အစာအဟာရ ကို စပြီး ယူပါပြီ
🚼 န၀မလ မှာ တနင်္လာဂြိုဟ် စိုးမိုးပါတယ်
ရင်သွေးလေး ဟာ ရေငတ်တာ၊ ဆာလောင်
မွတ်သိပ်တာ တို့ ခံစား တက်တဲ့ အဆင့် အထိ
ရောက်နေပါပြီ
🚼 ဒသမလ မှာ တနင်္လာဂြိုဟ် စိုးမိုးပါတယ်။
မိခင်ဝမ်းကြာတိုက် ကနေ ပြင်ပ လောက ကို
ထွက်လာပြီး လောကဓံ ကို ရင်ဆိုင်ဖို့ အသင့်
ဖြစ်နေပါပြီ
💫 စိုးမိုးနေတဲ့ ဂြိုဟ်တွေဟာ အနေအထား
ကောင်း ပါမှ မိခင်ရော ရင်သွေးလေး ပါ
ကျန်းမာရေး ကောင်းမွန် နိုင်ပါတယ်
💫 ဂြိုဟ်တွေ အနေအထား မကောင်းရင် ဖြစ်စေ၊
နိစ်ခံပြီး ပါမဂြိုဟ်တွေ ရဲ့ စိုးမိုးမှု ကို ခံနေရရင်
ဒီလို ဖြစ်တဲ့လမှာ သားပျက်တာ၊ သားလျောတာ
တွေ ဖြစ်တက်ပါတယ်
⏩ စိတ်ဝင်စားတယ် ဆိုရင် တွေးတော ကြံဆ
ကြည့်ကြပါတော့...
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
🚼 အမည် ဂိုဏ်း တန်ဖိုး 🚼
❝ မိမိတို့ရဲ့ ပေးထားသော အမည် မှာ ပါနေတဲ့
အမည် အက္ခရာ နံ ရဲ့ တန်ဖိုး ကို ဂဏန်းများ
အစားထိုး ကာ ပေါင်းပေး ရမှာ ဖြစ်ပါတယ် ❞
🔅 အက္ခရာလေးတွေ ကို ကိုယ်စားပြုတဲ့ ဂြိုဟ်များ
💫 တနင်္ဂနွေဂြိုဟ် ~ အ၊ဥ၊သြ၊ဣ၊ဧ၊အာ၊ဤ၊ဦး
💫 တနင်္လာဂြိုဟ် ~ က၊ခ၊ဂ၊ဃ၊င
💫 အင်္ဂါဂြိုဟ် ~ စ၊ဆ၊ဇ၊ဈ၊၊ည
💫 ဗုဒ္ဓဟူးဂြိုဟ် ~ ယ၊လ၊ဝ
💫 ကြာသပတေးဂြိုဟ် ~ ပ၊ဖ၊ဘ၊ဗ၊မ
💫 သောကြာဂြိုဟ် ~ သ၊ဟ
💫 စနေဂြိုဟ် ~ တ၊ထ၊ဒ၊ဓ၊န၊ဋ၊ဌ၊ဍ၊ဎ၊ဏ
💫 ရာဟုဂြိုဟ် ~ ရ
❉ အစားထိုး ရမည့် ဂဏန်း များ ❉
💫 ၁နွေ နံ အစားထိုး ဂဏန်း ~ ၈
💫 ၂င်္လာ နံ အစားထိုး ဂဏန်း ~ ၅
💫 ၃င်္ဂါ နံ အစားထိုး ဂဏန်း ~ ၆
💫 ၄ဟူး နံ အစားထိုး ဂဏန်း ~ ၃
💫 ၅တေး နံ အစားထိုး ဂဏန်း ~ ၁
💫 ၆ကြာ နံ အစားထိုး ဂဏန်း ~ ၂
💫 ၀နေ နံ အစားထိုး ဂဏန်း ~ ၇
💫 ၈ဟု နံ အစားထိုး ဂဏန်း ~ ဝ
အမည်နံများ အစားထိုး အားလုံးပေါင်း ရလာဒ် ကို
၈ ဖြင့် စား ပါ ။ အကြွင်း မှာ ဂိုဏ်း ဖြစ်ပါတယ်
💠 ၁ကြွင်း ~ တံခွန် ဂိုဏ်း
💠 ၂ကြွင်း ~ ရာဇာ ဂိုဏ်း
💠 ၃ကြွင်း ~ ခြင်္သေ့ ဂိုဏ်း
💠 ၄ကြွင်း ~ ခွေး ဂိုဏ်း
💠 ၅ကြွင်း ~ နွား ဂိုဏ်း
💠 ၆ကြွင်း ~ မြင်း ဂိုဏ်း
💠 ၇ / ၀ကြွင်း ~ ဆင် ဂိုဏ်း
💠 ၈ကြွင်း ~ ကျီး ဂိုဏ်း
☀ ဥပမာ ဝေဒင်္ဂင်္ ကို တွက်ပြပါမယ် ☀
📃 ( ဝ ) + ( ဒ ) + ( ဂ ) 📃
( ၃ ) + ( ၇ ) + ( ၅ ) = ၁၅ ကို ၈ဖြင့် ÷ သော အခါ အကြွင်း ၇ ရသဖြင့် ၇ / ၀ ကြွင်း ~ ဆင် ဂိုဏ်း
ဖြစ်ပါတယ်
ကဲ ... အဟောလေးတွေ ဖတ်ကြည့်ရအောင်ပါ
❂ တံခွန် ဂိုဏ်း ❂
အောင်မြင် ကျော်ကြားမယ် ၊ အမည် ကြီးမယ် ၊ အများက လေးစားမယ် ၊ ဂုဏ်သိက္ခာ မြင့်မားမယ် ၊ လုပ်ငန်း တစ်ခု ကို ဦးဆောင်ပြီး လုပ်ခွင့် ရမယ် ၊ လူကြီးများ က စောင့်ရှောက်မယ် ၊ နေရာ တစ်နေရာ မှာ လူကြီး ဖြစ်ခွင့် ရမယ် ၊ စိတ်ချမ်းသာစွာ လောက မှာ ရပ်တည်ခွင့် ရလိမ့်မယ်
❂ ရာဇာ ဂိုဏ်း ❂
မင်းစိုးရာဇာ နဲ့ နီးစပ်တယ် ၊ အရာရှိကြီး ဖြစ်မယ် ၊ သတ္တိရှိမယ် ၊ ခေါင်းဆောင်ကောင်း ဖြစ်မယ် ၊ သမာဓိ ရှိမယ် ဘုန်းကံ ကျက်သရေ ကြီးမားမယ် ၊ လုပ်ငန်း တစ်ခု ကို ဦးဆောင်ပြီး လုပ်ရင် ဖြစ်အောင် လုပ်နိုင်တဲ့ သတ္တိ ရှိတယ် ၊ ဂုဏ်ယူလောက် တဲ့ လုပ်ငန်းတွေ လုပ်နိုင်တယ်
❂ ခြင်္သေ့ ဂိုဏ်း ❂
ရင်ဆိုင်ဝံ့တယ် ၊ သတ္တိရှိတယ် ၊ ဂုဏ်သိက္ခာ မြင့်မားတယ် ၊ ရည်ရွယ်ချက် ကြီးတယ် ၊ ဘုန်းတန်ခိုး ကြီးမယ် ၊ သြဇာ ရှိမယ် ၊ စိတ်ထဲမှာ ရှိသလို ပွင့်ပွင့် လင်းလင်း ဘွင်းဘွင်း ပြောဆို ရင်ဆိုင် တတ်တယ်
❂ ခွေး ဂိုဏ်း ❂
ရိုးသားတည်ငြိမ်ပြီး သစ္စာ ရှိတယ် ၊ ပေးတာယူ ကျွေးတာစား နဲ့ ကျေနပ် တတ်တယ် ၊ ဘဝကို တိုးတက်ရေးထက် လက်ရှိ အနေအထား အရ မပြုတ်အောင် ကျိုးစား တတ်မယ် ၊ စိတ်ထဲမှာ ရှိတာ ကို မပြောဝံ့ပဲ အေးအေးဆေးဆေး နေတတ်မယ် ၊ အလုပ် ကံကောင်းပါတယ်
❂ နွား ဂိုဏ်း ❂
ရုန်းကန် လှုပ်ရှား ကြိုးစား ရလိမ့်မယ် ၊ ဘေးက ပြောတဲ့ စကားတွေ နဲ့ တွေဝေ တတ်တယ် ၊ အေးတိ အေးစက် ဖြစ်မယ် ၊ ကိုယ်ဒူးကိုယ်ချွန် ဖြစ်မယ် ၊ အခွင့်အရေး ကို တော်တော် ကြာကြာ စောင့်ပြီးမှ ရလိမ့်မယ် ၊ စိတ်ကူးယဉ်ပြီး အလုပ်တွေ လျှောက်လုပ် နေရတတ်မယ်
❂ မြင်း ဂိုဏ်း ❂
အလုပ် တစ်ခု ပြီး တစ်ခု လုပ်နေမယ် ၊ အေးအေး ဆေးဆေး မနေရပဲ ပြေးပြေး လွှားလွှား လျှောက်လုပ် နေရမယ် ၊ သူများနဲ့ အမြဲတမ်း ယှဉ်ပြီး တက်ရမယ် ၊ ကံ ကောင်းကောင်း ဆိုးဆိုး အခွင့်အရေး ရရ မရရ အလုပ် တစ်ခု ပြီး တစ်ခု ဇယ်စက် သလို ပင်ပန်းခံ လုပ်ရလိမ့်မယ်
❂ ဆင် ဂိုဏ်း ❂
ဝီရိယ ရှိတယ် ၊ ကြိုးစား တတ်တယ် တာဝန်ကြီးတွေ ကို ထမ်းဆောင် ရလိမ့်မယ် ၊ ပင်ပန်း ခံရလို့ မမူပါ ၊ အလုပ် တစ်ခု ပြီး တစ်ခု ဆက်တိုက် လုပ်ရ လိမ့်မယ် ၊ သူများက ကိုယ့်ရဲ့ အနေအထား ကို အထင်ကြီးပေမယ့် ကိုယ်က ပင်ပန်း လိမ့်မယ် ၊ မနားမနေ အလုပ်များ နေမယ်
❂ ကျီး ဂိုဏ်း ❂
တစ်သက်လုံး ပင်ပန်း ခံပြီး အလုပ် လုပ်ရလိမ့်မယ် သူများ မမြင်သာအောင် လျှို့ဝှက်စွာ လုပ်ရမယ် ၊ အန္တရာယ်ကြီး ၊ ဘေးကြီး သော အလုပ်မျိုးတွေကို စွန့်စားပြီး လုပ်တတ်တယ် ၊ အကျိုး ရှိရှိ မရှိရှိ ဂုဏ် ကို လိုချင် လို့ အနစ်နာခံ လုပ်တတ်မယ်
╔══════════════════╗
►တွဲပြီး ဖတ်ရှူ ရမည့် စာလေးများ ◄
╚══════════════════╝
အက္ခရာ ဗျည်း ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ ခင်ဗျာ ။
https://m.facebook.com/story.php?story_fbid=712899375585964&id=493133034229267
သရ နှင့် သံယုဂ် ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ ခင်ဗျာ ။
https://m.facebook.com/story.php?story_fbid=712896758919559&id=493133034229267
ဗျည်းသရတွေ အနဲအများ ကို ကြည့်ပြီး အမည်ကို ဝေဖန်ပိုင်းခြားတဲ့ နည်းလေး တွဲစပ်ပြီး
တခါတည်း လေ့လာချင်ရင်ဖြင့်
https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
အက္ခရာ ဗျည်း ၏ အကျိုးပေး များ
❝ မြန်မာ့ရိုးရာ နာမက္ခရ ဆန်းကျမ်းပညာရပ်ထဲ
က ဗျည်း နဲ့ သရ လို့ ခေါ်တဲ့ အက္ခရာလေးတွေ ကို
ပေါင်းဖက်ခြင်းမှ၎င်း ၊ အသားအရောင် ၊ အသံ
စတာလေးတွေနဲ့ တပါတည်း တွဲဖက်ကာ အမည်
တစ်လုံး၏ ကောင်းမူ ဆိုးမူ များကို စဉ်းစား ဝေဖန် လို့ ရစေတဲ့ နည်းလေး တစ်ခု ကို မိတ်ဆက် တင်ပြပေးချင်ပါတယ် ။ ❞
ဥပမာ အနေဖြင့် စာရေးသူ ကျွန်တော် ဝေဒင်္ဂ ရဲ့
အမည်လေး ကို ပြောပြပေးပါမယ် ခင်ဗျာ ။ အရင်ဦးဆုံး ဝေဒင်္ဂ ဆိုတဲ့ အမည်လေးကို တစစီ ဖြန့်ကျက်
ကြည့်ရအောင် ။
☀ ဝေဒင်္ဂင်္ ☀
📃 ( ေ _ ) ~ သေဝထိုး + ( ဝ ) + ( ဒ ) +
( ဂ ) +( - ၤ ) ~ ကင္စီ 📃
🎭 စာရေးသူ ကျွန်တော် ဝေဒင်္ဂ ဟာ 🎭
အသား နဲနဲ ညိုပါတယ် ။ စကားပြောရင် မပွင့်တပွင့် နဲ့ ဆိုလေ့ ရှိတတ်ပါတယ် ။ ဒေါသထွက်ရင်တော့ အသံကြီးက ပြဲပြဲကြီးပေါ့ဗျာ ။ လူတွေရဲ့ လောဘ ဒေါသ မောဟ နဲ့ နွယ်နေချိန် အသံဟာ ပင်ကိုယ် အသံ မဟုတ်လို့ ထည့်ပြီး မစဉ်းစားရပါ ။
ကိုင်း ..... အောက်က ဗျည်း + သရ + အသားအရောင် + အသံနေအသံထား စသဖြင့် ၄မျိုးတို့က ပြောပြတဲ့ ဝေဒင်္ဂ အကြောင်း အဓိပ္ပာယ် ဖွင့်ဆိုမူ ကို ဖတ်ကြည့်လိုက်ရအောင်ဗျာ ။
( ေ _ ) ~ သေဝထိုး
စိတ် မငြိမ်မသက် ဖြစ်တတ်မယ် ၊ အခက်အခဲတွေ ကို ဖြေရှင်းလို့ ရလာလိမ့်မယ် ။
( ဝ )
အနုပညာ ကို ဝါသနာ ပါမယ် ၊ စိတ်အလိုလိုက် တတ်မယ် ၊ အပျော်အပါး များမယ် ၊ လုပ်သမျှ ဖြစ်မယ် ။
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံအေး ~ ဝင် /သံပြင်း ~ ကျင် )
( ဒ )
သွက်လက်ချက်ချာပြီး လိမ္မာ ပါးနပ်မယ် ၊ ဇွဲကြီးမယ် ၊ အလုပ် များများ လုပ်တတ်မယ် ၊ အများက အမြင်လွဲ တတ်မယ် ၊ ခေါင်းမာပြီး ထင်ရာ လုပ်မယ် ။
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
( ဂ )
အပြောအဆို ပွင့်လင်းတယ် ၊ ရဲရင့်တယ် ၊ အတွေး အသစ်တွေ စဉ်းစားမယ် ၊ ပြောစရာ ရှိရင် မျက်နှာ မထောက်တတ်ပါ ၊ အလုပ် အမျိုးမျိုးကို ပြိုင်တူ လုပ်တတ်မယ် ။
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
( - င်္ ) ~ ကင်စီ
စကားပြော လူရည်လည်မယ် ၊ သူများ အားကျ တတ်မယ် ၊ မိသားစု ကွယ်ရာမှာ ထင်ရာ လုပ် တတ်မယ် ၊ ပေါ့ပေါ့ နဲ့ လွယ်လွယ် နေတတ်မယ် ၊ အလှအပ ကို ကြိုက်တတ်မယ် ၊ သေသပ်တယ် ။
🔎 ကြည့်ပုံ ကြည့်နည်း လေးက ဒီလိုပါ 🔍
( ဝ ) ဗျည်း အက္ခရာ ရဲ့ အောက်မှာ ပါတဲ့
( ညို ~ ဝင် ) ဆိုတာက ဝေဒင်္ဂ ရဲ့ အသားအရောင် ဟာ ညို ရင် မှည့်ထားတဲ့ ဗျည်း အက္ခရာ နဲ့ ကာယကံရှင်၏ ဝေဒင်္ဂ ဟာ သဟဇာတ ဖြစ်တယ် ၊ ဒီ အဓိပ္ပာယ် ဖွင့်ဆိုမူဟာ ဝေဒင်္ဂ အတွက် အကျုံးဝင် တဲ့ အဓိပ္ပာယ် ဖွင့်ဆိုမူ လို့ သဘော ရပါတယ် ။
( ဖြူ ၊ ဝါ ~ ကျင် ) ဆိုတာက ကာယကံရှင် ဝေဒင်္ဂ ဟာ အသားအရောင် ( ဖြူ ၊ ဝါ ) တဲ့သူ ဖြစ်နေရင် ဒီ အဓိပ္ပာယ် ဖွင့်ဆိုမူဟာ ဝေဒင်္ဂ အတွက် သဟဇာတ မဖြစ်ဘူး အကျုံးမဝင် ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမူ လို့ သဘော ရလို့ ခုပြောတဲ့ အဓိပ္ပာယ် ဖွင့်ဆိုမူတွေရဲ့ ဆန့်ကျင်ပြောင်းပြန်တွေကိုသာ လုပ်နေတဲ့သူ ဖြစ်လာပါလိမ့်မယ် ။
( သံအေး ~ ဝင် /သံပြင်း ~ ကျင် ) ဆိုတာတွေလဲ အထက်ပါ သဘော အတိုင်းပဲ နားလည်ရမှာ ဖြစ်ပါတယ် ။
ခုပြောပြတဲ့ နာမက္ခရဆန်းပညာ နည်းလေး ဟာ လူတစ်ဦး အတွက် အမည် မှည့်တာ အပြင် ၊ ရှိပြီး အမည်ကိုပါ အမည်ကြောင့် ဖြစ်လာနိုင်တဲ့ ကိစ္စတွေ မိမိတို့ဖာသာ
လေ့လာ သုံးသပ် ဆင်ခြင် နိုင်ကြပါလိမ့်မယ် ။
۞ အက္ခရာ ဗျည်း ၏ အကျိုးပေး များ ۞
✦ က ✦
စိတ်ကြီးမယ် ၊ ပြင်းထန်မယ် ၊ ဝီရိယ လွန်ကဲမယ် ၊ သတ္တိ ရှိမယ် ၊ တဘက်သတ် တွေးမယ် ၊ လုပ်ချင်တဲ့ အပေါ်မှာ အချိန်ဖြုန်းမယ်
( ဖြူ ၊ ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ခ ✦
မိန်းမဆန်မယ် ၊ အတွေး အမျိုးမျိုးကို တွေးမယ် ၊ စိတ်အပြောင်းအလွဲ များမယ် ၊ အပေါင်းအသင်း အပေါ်မှာ ခင်လွယ် တတ်မယ်
✦ ဂ ✦
အပြောအဆို ပွင့်လင်းတယ် ၊ ရဲရင့်တယ် ၊ အတွေး အသစ်တွေ စဉ်းစားမယ် ၊ ပြောစရာ ရှိရင် မျက်နှာ မထောက်တတ်ပါ ၊ အလုပ် အမျိုးမျိုးကို ပြိုင်တူ လုပ်တတ်မယ်
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဃ ✦
ပြောချင်တာ လုပ်ချင်တာတွေ များပြီး မပြီးနိုင် မဆုံးနိုင် လုပ်တတ်မယ် ၊ လက်လွယ်မယ် ၊ စိတ်လွယ်မယ် ၊ ရန်သူ များမယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ င ✦
အိမ်တွင်းရေး ရှုပ်မယ် ၊ ငြိမ်ငြိမ် နေတတ်မယ် ၊ စိတ်အလို လိုက်တတ်မယ် ၊ ကောင်းစား လွယ် ကျဆုံး လွယ်မယ် ၊ အိမ်ထောင်ဆက် များမယ်
( ဖြူ ~ ဝင် / မဲ ၊ ညို ၊ ဝါ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ စ ✦
အပြိုင်အဆိုင် ဝါသနာ ပါမယ် ၊ လောကွတ် မကောင်းပါ ၊ စေတနာ ကောင်းမယ် ၊ အပြော ပြတ်သားပြီး အလုပ် မပြတ်သားပါ ၊ ဆန့်ကျင်သူတွေကို ရက်ရက် စက်စက် လုပ်တတ်မယ်
( ဖြူ ၊ ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဆ ✦
အလှအပ ကို ကြိုက်တတ်မယ် ၊ လူက မာကျောပြီး စိတ်က ပျော့မယ် ၊ ကျော်ကြား လွယ်တယ်
( ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ဇ ✦
ပြန်မပြော နားမထောင် သမား ဖြစ်မယ် ၊ ထင်ရာ မြင်ရာ ဇွတ် လုပ်မယ် ၊ ထိန်းသိမ်းမူတော့ ရှိမယ် ၊ လုပ်ပြီးမှ နောင်တ ရတတ်မယ် ၊ ပျော်ပျော်ပါးပါး နေတတ်မယ်
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ စ် ✦
ဆန္ဒ လွန်ကဲမယ် ၊ စိတ် ပျော့ညံ့မယ် ၊ မိန်းမ ဆန်မယ် ၊ ပြောစမှတ် ဖြစ်ရာ ကိစ္စများ မကြာခဏ လုပ်တတ်မယ် ၊ ရန်ဖြစ်လွယ်တယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ည ✦
အပျော်အပါး များမယ် ၊ လုပ်ချင်ရာတွေ ထင်ရာ လုပ်ပြီးမှ နောင်တ ရတတ်မယ် ၊ အချစ်ရေး ကံခေတယ် ၊ ပေါ့ပေါ့ပျက်ပျက် လုပ်တတ်မယ်
( ဖြူ ၊ ညို ~ ဝင် / ဝါ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဋ ✦
လူတစ်ယောက် နှင့် ပေါင်းလျှင် ပြောမနာ ဆိုမနာ ပေါင်းမယ် ၊ ပြီးရင် ကိုယ်ကပဲ ဖြတ်ပစ် တတ်မယ် ၊ အပျော်အပါး ဝါသနာ ပါမယ် ၊ ခရီး သွားတာ ဝါသနာ ပါမယ်
( ဖြူ ၊ ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဌ ✦
သွေးအေးအေး နှင့် လုပ်တတ်မယ် ၊ မဖြစ်မနေ လုပ်မယ် ၊ ဆန်းဆန်းပြားပြား ကိစ္စ ဟူသရွေ့ လုပ်တတ်မယ် ၊ အားလုံး အပေါ်မှာ ဝါသနာ ထုံမယ် ၊ အချစ်ကြီးမယ် ၊ ရက်ရက်စက်စက် လုပ်တတ်မယ်
( ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ဍ ✦
အလုပ်တွေ အများကြီး လုပ်တတ်မယ် ၊ ပြောပြီး မေ့တတ်မယ် ၊ ရည်ရွယ်ချက် ကြီးကြီး နဲ့ လုပ်ပြီးမှ အဖျားရှူးသွား တတ်မယ် ၊ ပတ်ဝန်းကျင် နဲ့ မတည့်တတ်ပါ
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဎ ✦
အတ္တကြီးမယ် အပြောကြမ်းမယ် ၊ စိတ်ကြီးတယ် ၊ အိုးအိမ် အတည်တကျ မရှိတတ်ပါ ၊ ခဏခဏ ပြောင်းလဲမူ များမယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ဏ ✦
မကောင်းမူ မှာ မွေ့ပျော်မယ် ၊ နည်းနည်းပါးပါး ဆန့်ကျင်ရမှ ကျေနပ်မယ် ၊ အချစ်ဦး နဲ့ လွဲမယ် ၊ ဖြစ်သမျှ အပေါ်မှာ ခဏပဲ စိတ်ညစ်ပြီးနောက် ပျော်ပျော်ပါးပါး နေတတ်မယ်
( မဲ ၊ ညို ~ ဝင် / ဖြူ ၊ လတ် ၊ ဝါ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ တ ✦
ကြွားဝါ တတ်မယ် ၊ သတ္တိ ရှိမယ် ၊ ပွင့်လင်းမယ် ၊ ရိုးသားမယ် ၊ ဟန်ဆောင် ကောင်းမယ် ၊ ခံနိုင်ရည် ရှိမယ် ၊ စကားကြီး စကားကျယ် ပြောဆို တတ်မယ်
( ဖြူ ၊ ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ထ ✦
စကားပြော ကောင်းမယ် ၊ ကတိ မတည် တတ်ပါ ၊ ဟန်ဆောင် တတ်မယ် ၊ တက်တက် ကြွကြွ နေတတ်မယ် ၊ လုပ်ငန်းမှာ မငြိမ်မသက် ဖြစ်မယ်
( ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ဒ ✦
သွက်လက်ချက်ချာပြီး လိမ္မာ ပါးနပ်မယ် ၊ ဇွဲကြီးမယ် ၊ အလုပ် များများ လုပ်တတ်မယ် ၊ အများက အမြင်လွဲ တတ်မယ် ၊ ခေါင်းမာပြီး ထင်ရာ လုပ်မယ်
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဓ ✦
အပြောအဆို မတတ်သဖြင့် ရန်သူ များမယ် ၊ ပျော်ပျော် ပါးပါး နေတတ်မယ် ၊ နူးညံ့ သိမ်မွေ့ပြီး အလှအပ မြတ်နိုးမယ် ၊ ချောမောမယ် ၊ စိတ်ကို ကျဆင်း လွယ်မယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ န ✦
စိတ်ကောက် လွယ်တယ် ၊ ဟန်ပန် ကောင်းမယ် ၊ အလှအပ ကို မြတ်နိုးမယ် ၊ စိတ်မှန်မယ် ၊ ဒေါသ ကြီးမယ် ၊ အိမ်ထောင်ဖက် နှင့် အမြဲ ရန်ဖြစ်နေမယ်
( မဲ ၊ ညို ~ ဝင် / ဖြူ ၊ ဝါ ၊ လတ် ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ပ ✦
ဟုတ်တာတွေ ပြောမယ် ၊ ကတိ တည်မှ ကြိုက်တယ် ၊ လက်တွေ့ ဆန်မယ် ၊ ကိုယ့်အားကိုယ်ကိုးမယ် ၊ အပေါင်းအသင်း ဆန့်မယ်
( ဖြူ ၊ ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဖ ✦
လူများရဲ့ အကြားမှာ ထင်ပေါ် ကျော်ကြားအောင် လုပ်တတ်မယ် ၊ အလှအပ မြတ်နိုးမယ် ၊ စိတ်ကူး ယဉ်မယ် ၊ အပျော်အပါး များမယ် ၊ ချစ်စဖွယ် စကား ပြောမယ်
( ဝါ ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ဗ ✦
သြဇာ ပေးတတ်မယ် ၊ အလုပ် မျိုးစုံ လုပ်တတ်မယ် ၊ လောဘ ကြီးမယ် ၊ ပွင့်လင်းမယ် ၊ စရိုက် ကြမ်းမယ် ၊ လုပ်ရဲ ကိုင်ရဲ မယ်
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဘ ✦
မိန်းမ ဆန်မယ် ၊ စကား တတ်မယ် ၊ အားနာ တတ်မယ် ၊ သေသပ်စွာ နေတတ် လုပ်တတ်မယ် ၊ သွက်လက်မယ် ၊ အားလုံးကို ဝါသနာပါမယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ၊ လတ် ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ မ ✦
အိမ်ထောင်ရေး မှာ ဇွတ်ယူတတ်မယ် ၊ အချစ်ရေး ကံခေတယ် ၊ ခေါင်းမာတယ် ၊ ပတ်ဝန်းကျင် ကို ဂရုမစိုက် တတ်ပါ ၊ အလိုက်ကမ်းဆိုး မသိတတ်ပါ ၊ ကျော်ကြား လွယ်သလို ကျဆင်းလွယ်တယ်
( ဖြူ ၊ ညို ~ ဝင် / ဝါ ၊ လတ် ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ယ ✦
အပေါင်းအသင်း မှားတတ်မယ် ၊ စိတ်ရှည်မယ် ၊ သံယောဇဉ် ကြီးမယ် ၊ စိတ်ကူး ယဉ်မယ် ၊ အလှအပ ကို မက်မောမယ် ၊ သိမ်မွေ့မယ်
( ဖြူ ၊ ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ရ ✦
စပ်စု တတ်မယ် ၊ လုပ်ငန်း အမျိုးမျိုး ပညာ အမျိုးမျိုး ကို လိုက်စား တတ်မယ် ၊ စလယ်ဆုံး မလုပ်တတ်ပါ ၊ လူအထင်ကြီး ခံရမယ်
( ဝါ ~ ဝင် / ညို ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ လ ✦
လုပ်ချင်တာတွေကို ခေါင်းမာမာနှင့် လုပ်တတ်မယ် ၊ တော်လှန်ရမှ ကျေနပ်မယ် ၊ မမျှော်လင့်ပဲ အိမ်ထောင် ကျမယ် ၊ အိမ်ထောင်ရေးမှာ ပြသနာ ဖြစ်ပြီးမှ သာယာမယ်
( ညို ၊ လတ် ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံပြင်း ~ ဝင် / သံအေး ~ ကျင် )
✦ ဝ ✦
အနုပညာ ကို ဝါသနာ ပါမယ် ၊ စိတ်အလိုလိုက် တတ်မယ် ၊ အပျော်အပါး များမယ် ၊ လုပ်သမျှ ဖြစ်မယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံအေး ~ ဝင် /သံပြင်း ~ ကျင် )
✦ သ ✦
အိမ်ထောင်ဆက် များနိုင်တယ် ၊ ရည်းစားများမယ် ၊ စိတ်ကူးယဉ်မယ် ၊ စိတ်ဆတ်တယ် ၊ မကြာခဏ မဟုတ်တာတွေကို လုပ်လေ့ ရှိတယ် ၊ ကောင်းစား လွယ်တယ်
( မဲ ၊ ညို ~ ဝင် / ဖြူ ၊ ဝါ ၊ လတ် ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဟ ✦
ဆန္ဒစောမယ် ၊ ပြာမယ် ၊ ပူပင်မယ် ၊ သိမ်မွေ့မယ် ၊ မကြာခဏ အငိုက်မိမယ် ၊ အချင်းချင်း သစ္စာ အဖောက် ခံရမယ်
( ညို ~ ဝင် / ဖြူ ၊ ဝါ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ ဠ ✦
အထီးကျန် နေလေ့ ရှိမယ် ၊ အပြော အဆို မတတ်ပါ ၊ ဟောဟောဒိုင်းဒိုင်း ပြောဆို လုပ်ကိုင် တတ်မယ် ၊ ရည်ရွယ်ချက်မဲ့ အလုပ်တွေ အများကြီး လုပ်မယ်
( ညို ၊ ဝါ ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
✦ အ ✦
လွတ်လပ်မူကို ကြိုက်တယ် ၊ စိတ်ချမ်းသာမူကို လိုလားမယ် ၊ ခရီးထွက်တာ ဝါသနာ ပါမယ် ၊ ဘာပဲ လုပ်လုပ် ကိုယ့်သဘောနှင့်ကိုယ် လုပ်မယ်
( ညို ၊ ဝါ ~ ဝင် / ဖြူ ၊ မဲ ~ ကျင် )
( သံအေး ~ ဝင် / သံပြင်း ~ ကျင် )
╔══════════════════╗
►တွဲပြီး ဖတ်ရှူ ရမည့် စာလေးများ ◄
╚══════════════════╝
သရ နှင့် သံယုဂ် ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ ခင်ဗျာ ။
https://m.facebook.com/story.php?story_fbid=712896758919559&id=493133034229267
ဝေဒင်္ဂ တစ်ခါက ဗျည်းသရတွေ အနဲအများ ကို
ကြည့်ပြီး အမည်ကို ဝေဖန်ပိုင်းခြားတဲ့ နည်းလေး တစ်ခု တင်ပေးဖူးပါတယ် တွဲစပ်ပြီး တခါတည်း
လေ့လာချင်ရင်ဖြင့်
https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
۞ သရ နှင့် သံယုဂ် ၏ အကျိုးပေး များ ۞
✦ (-ာ) ~ ရေးချ ✦
စိတ်ကူး ယဉ်မယ် ၊ ကြွားဝါ တတ်မယ် ၊ အမှား အမှန် ကို ရေရှည် စဉ်းစားလေ့ မရှိပါ ၊ လုပ်ပြီး ပြောပြီး မှ မှားမှန်း သိမယ်
✦ ( _ိ ) ~ လုံးကြီးတင် ✦
အဖိနှိပ် ခံရမယ် ၊ ပတ်ဝန်းကျင် ရဲ့ သြဇာပေါ်မှာ ရပ်တည် တတ်မယ် ၊ အချင်းချင်းကြားမှာလည်း မျက်နှာ ငယ်မယ်
✦ ( _ီ ) ~ လုံးကြီးတင်ဆံခတ် ✦
နေရာတကာ ပါတတ်မယ် ၊ သူများ အနိုင်ကျင့်တာ ကို ခံရမယ် ၊ အားငယ် တတ်ပါမယ် ၊ အားကိုး ရှာ တတ်မယ်
✦ ( -ု ) ~ တချောင်းငင် ✦
ဟန်ဆောင် ကောင်းမယ် ၊ တပိုင်း တစ လုပ်တတ် မယ် ၊ စိတ်ဆတ်မယ် ၊ ပတ်ဝန်းကျင် ကို ဂရု မစိုက်တတ်ပါ
✦ ( -ူ ) ~ နှစ်ချောင်းငင် ✦
အောက်လက် ငယ်သား နှင့် အဆင် မပြေ မလည် ဖြစ်မယ် ၊ သူတပါး အကူအညီ နှင့် အလုပ် လုပ်နေရလိမ့်မယ်
✦ ( ေ _ ) ~ သေဝထိုး ✦
စိတ် မငြိမ်မသက် ဖြစ်တတ်မယ် ၊ အခက်အခဲတွေ ကို ဖြေရှင်းလို့ ရလာလိမ့်မယ်
✦ ( _ဲ ) ~ နောက်ပစ် ✦
အနေအထိုင် ကြမ်းတမ်းမယ် ၊ ပါးစပ် စည်းကမ်း မရှိတတ်ပါ ၊ ကြံကြံဖန်ဖန် လုပ်ကိုင် ပြောဆို တတ်မယ်
✦ ( _ံ ) ~ သေးသေးတင် ✦
အိမ်ထောင်ဖက် ၏ အဖိအနှိပ် ခံရမယ် ၊ အနိုင်ကျင့် ခံရမယ် ၊ မိသားစု အတွက် အနစ်နာ ခံရမယ်
✦ ( -း ) ~ ဝစ္စပေါက် ✦
အိမ်ထောင်ရေး မှာ အရှုပ်အရှင်း တစ်ခု ဖြေရှင်း ရတတ်မယ် ၊ မရှင်းမလင်း ဖြစ်တတ်မယ် ၊
ခွင့်လွှတ်နိုင်တဲ့ အိမ်ထောင်ရေး အမှား တစ်ခု ကို ကျူးလွန် မိလိမ့်မယ်
✦ ( -့ ) ~ အောက်ကမြင့် ✦
စကားကို ငေါက်ဆတ်ဆတ် ပြောတတ်မယ် ၊ စကားပြော ရိုင်းမယ်
✦ ( -ှ ) ~ ဟထိုး ✦
အေးဆေး လေးပင် စွာ အလုပ် လုပ်မယ် ၊ အိမ်ထောင်ရေး မှာ ပေါ့ပေါ့ဆဆ လုပ်တတ်မယ် ၊ အိမ်ထောင်ရေး မှာ ပြသနာ ရှိမယ်
✦ ( -ျ ) ~ ယပင့် ✦
အားကိုး ရှာတတ်မယ် ၊ စိတ်ကူး ယဉ်မယ် ၊ တစ်ခုခုကို စဉ်းစားပြီး လုပ်သယောင်နဲ့ မသေချာ တတ်ပါ
✦ (ြ - ) ~ ယရစ် ✦
ကြမ်းတမ်းမယ် ၊ အထီးကျန် နေတတ်မယ် ၊ ဘာပဲ လုပ်လုပ် ကိုယ့်သဘောနှင့်ကိုယ် လုပ်မယ်
✦ ( -ွ ) ~ ၀ဆွဲ ✦
လူများနှင့် ရောရောနှောနှော နေတတ်မယ် ၊ ခရီး သွားတာ ဝါသနာ ပါမယ် ၊ အပျော်အပါး ကိုလည်း ဝါသနာ ပါမယ်
✦ ( -ို ) ~ လုံးကြီးတင် တစ်ချောင်းငင် ✦
သူများ ကို အားကိုး လို့ မရပါ ၊ အရမ်း အားနာ တတ်မယ် ၊ စကားပြောလျှင် အားရပါးရ ပြောမယ် ၊ အလှအပတွေကို နှစ်သက်မယ်
✦ ( -် ) ~ အသတ် ✦
တစ်ဝက်တစ်ပျက် လုပ်တတ်မယ် ၊ ဘေးရန် များမယ် ၊ အပြိုင်အဆိုင် များမယ် ၊ သူများ ကိစ္စတွေမှာ ဝင်စွက်လေ့ မရှိပေမယ့် ရောပြီး ပတ်သက်နေရလိမ့်မယ်
✦ (ေ -ာ ) ~ သဝေထိုး ရေးချ ✦
ပတ်ဝန်းကျင် ကို ခင်လွယ် တတ်မယ် ၊ အဖိနှပ် ခံရမယ် ၊ အနီးကပ် ရန်သူ များမယ် ၊ ထူးခြား တဲ့ ကိစ္စ အားလုံး စိတ်ဝင်စားမယ်
✦ (ေ -ာ် ) ~ သဝေထိုး ရေးချ ရှေ့ထိုး ✦
စိတ်မှန်တယ် ၊ အရည်အသွေး ကို လိုမှ ထုတ်ပြ တတ်မယ် ၊ လောကဓံတရား ကို အမျိုးမျိုး ခံခဲ့ရဖူးမယ် ၊ အများ ပြောစရာ ပြသနာများ နဲ့ ရင်ဆိုင်ရမယ် ၊ ထင်ရှား ကျော်ကြားမယ်
✦ ( - င်္ ) ~ ကင်စီ ✦
စကားပြော လူရည်လည်မယ် ၊ သူများ အားကျ တတ်မယ် ၊ မိသားစု ကွယ်ရာမှာ ထင်ရာ လုပ် တတ်မယ် ၊ ပေါ့ပေါ့ နဲ့ လွယ်လွယ် နေတတ်မယ် ၊ အလှအပ ကို ကြိုက်တတ်မယ် ၊ သေသပ်တယ်
╔══════════════════╗
► တွဲပြီး ဖတ်ရှူ ရမည့် စာလေးများ ◄
╚══════════════════╝
အက္ခရာ ဗျည်း ၏ အကျိုးပေး များ အကြောင်း
စာလေးတွေကို ဒီိနေရာလေး က လေ့လာ
ပေးကြပါ ခင်ဗျာ ။
https://m.facebook.com/story.php?story_fbid=712899375585964&id=493133034229267
ဝေဒင်္ဂ တစ်ခါက ဗျည်းသရတွေ အနဲအများ ကို
ကြည့်ပြီး အမည်ကို ဝေဖန်ပိုင်းခြားတဲ့ နည်းလေး တစ်ခု တင်ပေးဖူးပါတယ် တွဲစပ်ပြီး တခါတည်း
လေ့လာချင်ရင်ဖြင့်
https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
ရင်သွေး မလိုချင်သေးရင်
ပိတ်ဖြူ နှစ်တောင် ကို အထုံးတစ်ဘက်စီ ထုံးပြီး
အိပ်ယာထဲ ပစ်ထားပါ ရင်သွေး မရတတ်ပါ
ဒါဟာ လောကီပညာပါ
မိမိတို့ ဆန္ဒ ရှိကြရင် စမ်းသပ်ကာ ကြည့်ကြဖို့ ပြန်လည် ဝေမျှ ပေးပါတယ်
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
👶 ရင်သွေးလေး အတွက် ခမဲ ပေးဖို့ 👶
❝ ရင်သွေးလေး နေမကောင်းတာ ၊ အကြောင်းမရှိ
ဘာ့ကြောင့်မှန်းမသိ ထထငိုတာ ၊ လန့်ဖျန့်နေတာ ၊ ဆေးမစူးတာ စသဖြင့်တွေ မကြာခဏ ဖြစ်နေရင်
မြန်မာ့ရိုးရာ ယုံကြည်မူ ဓလေ့ထုံးတန်းစဉ်လာ အရ အောက်ပါ အတိုင်း ရင်သွေးလေး အတွက် ခမဲ
ပေးပါ ။ ❞
🔎 ရင်သွေးလေး မွေးတဲ့ မြန်မာသက္ကရာဇ် ကို တည် ၊ ရင်သွေးလေး ရဲ့ မွေးနံ ဂြိုဟ်သက် နဲ့ ပေါင်း ၊ ပြီးရင် ပေါင်းရလဒ် ကို ၇ ဖြင့် စားပါ ၊ ရလာမယ့် အကြွင်း အရ အောက်ပါ အတိုင်း ခမဲ ပေးပါ ။ 🔍
🌐 ရင်သွေးလေး ရဲ့ မွေးနံ ဂြိုဟ်သက် မသိရင် 🌐
💫 တနင်္ဂနွေ သားသ္မီး ~ ၆
💫 တနလာၤ သားသၼီး ~ ၁၅
💫 အဂၤါ သားသၼီး ~ ၈
💫 ဗုဒၶဟူး သားသၼီး ~ ၁၇
💫 ၾကာသပေတး သားသၼီး ~ ၁၉
💫 သောကြာ သားသ္မီး ~ ၂၁
💫 စနေ သားသ္မီး ~ ၁၀
1⃣ ၁ ကြွင်း ပါက 1⃣
🚼 ရင်သွေးလေး ရဲ့ ဖခင် ဖြစ်သူ က အနီရောင် အဝတ်အစား ပေးရပါမယ် ။
2⃣ ၂ ကြွင်း ပါက 2⃣
🚼 ရင်သွေးလေး ရဲ့ ဖခင် ဖြစ်သူ က အစိမ်းရောင် အဝတ်အစား ပေးရပါမယ် ။
3⃣ ၃ ကြွင်း ပါက 3⃣
🚼 ရင်သွေးလေး ရဲ့ အကို ဖြစ်သူ က အနီရောင် အဝတ်အစား ပေးရပါမယ် ။
4⃣ ၄ ကြွင်း ပါက 4⃣
🚼 ရင်သွေးလေး ကို ရဟန်း၁ပါး က အဖြူ ရောင် အဝတ်အစား ပေးရပါမယ် ။
5⃣ ၅ကြွင်း ပါက 5⃣
🚼 ရင်သွေးလေး ရဲ့ ဘထွေး ဖြစ်သူ က
ရွှေဝါရောင် အဝတ်အစား ပေးရပါမယ် ။
6⃣ ၆ ကြွင်း ပါက 6⃣
🚼 ရင်သွေးလေး ရဲ့ ဦးလေး ဖြစ်သူ က
အဖြူ ရောင် အဝတ်အစား ပေးရပါမယ် ။
7⃣/0⃣ ၇ / ၀ ကြွင်း ပါက 7⃣/0⃣
🚼 ရင်သွေးလေး ရဲ့ အဖိုးအဖွား ဖြစ်သူ က
အနက်ရောင် အဝတ်အစား ပေးရပါမယ် ။
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
🚼 နာမကာရဏ ကင်ပွန်းတပ် မင်္ဂလာ 🚼
၁ ။ နာမည်ပေး မင်္ဂလာ လုပ်မည့်နေ့ တွင် မိမိတို့
မျိုးရိုး အစဉ်အလာ ဓလေ့ထုံးစံ အတိုင်း ပြုလုပ်ပါ ။
၂ ။ ငှက်ပျောရွက် ဖြင့် ဖက်လင်ပန်း ပြုလုပ်ကာ ၄င်းမှာ ( ..... ) ပန်း ၊ ( ..... ) ပန်း ၊ ( ..... ) ပန်း ၊ တို့ကို ပန်းမွေ့ယာ ခင်းပြီး အိမ်က ဘုရား တွင် ရင်သွေးငယ် ၏ လက် ဖြင့် ကပ်လှူ ပေးပါ ။
၃ ။ ၄င်းနေ့မှာ အိမ်က ဘုရားတွင် ( ..... ) ဆွမ်း
နှင့် ( ..... ) ဆွမ်းကပ်ပါ ။ ဆင်းရဲသော သက်ကြီး ရွယ်အို တစ်ဦးဦး ကို ငွေကိုးဆယ် လှူ ပါ ရဟန်း တစ်ပါးပါး ကို လှူ လို့ ရပါတယ် ။
၎ ။ ရင်သွေးငယ် နာမည်ပေးခြင်း ကိစ္စ ကို မွန်းမလွဲခင် ပြုလုပ်ပါ ၊ ရင်သွေးလေးရဲ့ မွေးနေ့ မှာ ပြုလုပ်က ပိုကောင်းပါတယ် ။
၅ ။ ရင်သွေးငယ် ကို ဆံပင် ၊ ခြေသည်း ၊ လက်သည်း များ စတိ လှီးပေးပြီး ရေမိုးချိုး သန့်စင် ကာ အဝတ်အစားသစ်များ ဝတ်ပေးပါ ။ မိခင် က ၃ကြိမ် ပါးကို နမ်းပါ ၊ ပြီးရင် ဖခင် က ၃ကြိမ် နမ်းပါ ။ ဖခင် က ရင်သွေးငယ် အတွက် မှည့်ထားသော အမည် ကို ညာဘက် နား မှာ ၃ကြိမ် ၊ ဘယ်ဘက် နား မှာ ၃ကြိမ် ရွတ်ဆိုပေးပါ ။ ပြီးမှ မိခင် က ပြုလုပ်ပါ ။
၆ ။ မိဘနှစ်ပါး က နာမကာရဏကိစ္စ ပြုလုပ်ပြီးရင် အဘိုးအဘွား ရှိပါက မိခင်ဘက်မှ အဘိုးအဘွား က ပထမ ၊ ဖခင်ဘက်မှ အဘိုးအဘွား က ဒုတိယ ရင်သွေးလေး ရဲ့ နာမည် ကို မှည့်ခေါ်ပါ ။ မှည့်ခေါ်သည့် အချိန်တွင် ရင်သွေးလေး ၏ လက်နှစ်ဖက် ကို လက်အုပ်ချီ ပေးထားပါ ။
၇ ။ ဤသို့ ရင်သွေးလေး အား ကင်ပွန်းတပ် ပေးပြီး ပါက ရပ်ကွက်ထဲရှိ ကလေးငယ် ၇ဦး ( သို့ ) ၉ဦး ကို ( ..... ) မုန့် ကို လည်းကောင်း ၊ ( ..... ) မုန့် ကို လည်းကောင်း အဝ ကျွေးပါ ။
အထက်ပါ နာမကာရဏ ကင်ပွန်းတပ် မင်္ဂလာ ပြုလုပ်ပုံ ပြုလုပ်နည်း မှ နံပါတ် ၂ ၊ နံပါတ် ၃ ၊ နံပါတ် ၆ တို့တွင် ပါရှိသော ( ..... ) များကို ရင်သွေးလေး ရဲ့ မွေးနံ အလိုက် လုပ်ရမှာ ဖြစ်လို့ အောက်ဖော်ပြပါ ပန်း အညွှန့် ၊ ဆွမ်း ၊ မုန့် တို့ကို လှူ ပေးရပါမယ်
🚼 တနင်္ဂနွေသားသမီးများ 🚼
↪ ခရေပန်း ၊ ပေါက်ပန်းဖြူ ပန်း ၊ သပြေညွှန့် ↩
↪ အုန်းထမင်းဆွမ်း ၊ သစ်သီးသုံးမျိုး ↩
↪ ပေါင်မုန့်ယိုသုပ် ၊ သာကူယိုမုန့် ↩
🚼 တနင်္လာသားသမီးများ 🚼
↪ စပယ်ပန်း ၊ သစ္စာပန်း ၊ သပြေညွှန့် ↩
↪ ကြာဇံကြော် ၊ နို့ဆမ်းပလာတာ ↩
↪ သာကူပြင် ၊ နို့ထမင်း ↩
🚼 အင်္ဂါသားသမီးများ 🚼
↪ ရွက်လှပန်း ၊ နေကြာပန်း ၊ ဒေလီယာပန်း ↩
↪ ဆီထမင်း ၊ အုန်းသီးစိပ် ၆စိပ် ↩
↪ ထောပတ်မုန့် ၊ အာလူးကြော် ↩
🚼 ဗုဒ္ဓဟူးသားသမီးများ 🚼
↪ မေမြို့ပန်း ၊ အင်ကြင်းပန်း ၊ ငွေပန်း ↩
↪ ရွှေထမင်း ၊ ကြံရည် ↩
↪ အုန်းနို့ခေါက်ဆွဲ ၊ ကိတ်မုန့် ↩
🚼 ကြာသပတေးသားသမီးများ 🚼
↪ သပြေပန်း ၊ ကံ့ကော်ပန်း ၊ စက္ကူ ပန်း ↩
↪ ပဲထမင်း ၊ ဇီးဖျော်ရည် ↩
↪ ချိုချဉ် သကြားလုံး ၊ နနွင်းမကင်းမုန့် ↩
🚼 သောကြာသားသမီးများ 🚼
↪ နှင်းဆီပန်း ၊ စင်္ကြာပန်း ၊ ရွက်လှပန်း ↩
↪ သီးစုံထမင်း ၊ ရွှေရင်အေး ↩
↪ မုန့်ဆီကြော် ၊ ရေခဲမုန့် ↩
🚼 စနေသားသမီးများ 🚼
↪ အုန်းပန်း ၊ ရွှေပန်း ၊ မေမြို့ပန်း ↩
↪ ဒန်ပေါက်ထမင်း ၊ ပဲပြားကြော် ↩
↪ လက်ဖက်ရည် ဗယာကြော် ↩
🔯 မိမိတို့ အတွက် အသုံးဝင်တဲ့ ပညာရပ် ၁ခု ဖြစ်တယ် ဆိုရင် မိမိတို့ မိတ်ဆွေများပါ သိခွင့်ရကြဖို့
Share သွားကြပါနော် 🔯
✍ ဝေဒင်္ဂ ✍
စကားပြော နောက်ကျ နေတဲ့ ရင်သွေးများ အတွက်
❝ ရင်သွေးလေးဟားဟာ စကားလေးတွေ မပီမသ တီတီ တာတာ နဲ့ တတွတ်တွတ် ပြောဆိုနေရမယ့် အချိန်မှာ သွက်သွက် လက်လက် ချက်ချက်ချာချာ မပြောဘူး ဆိုရင် အောက်ပါ အစီအရင်များထဲ မှ
မိဘများ အဆင်ပြေမည့် နည်းတခု ကို ရွေးချယ်ပြီး
ပြုလုပ်ပါ ရင်သွေးလေး သွက်လက်စွာ စကား ပြောလာပါမယ် ❞
🚼(က)🚼 ရင်သွေးလေး ရဲ့ မွေးနေ့ မနက် ၉:၄၅ မိနစ် မှာ ပထမဆုံး ငါးဖောင်ရိုး ကို မီးဖုတ်ထားပါ
ပြီးရင် အိမ်ဘေးမှာ အပေါက်တစ်ပေါက် ဖောက်ပါ ရင်သွေး ကို အပေါက် နဲ့ တည့်တည့် မှာ ထားပါ
အတွင်းဖက်ကနေ စောစောက ဖောက်ထားတဲ့ အပေါက် ထဲက တဆင့် ငါးဖောင်ရိုး မီးဖုတ် ကို ရင်သွေးလေး ပါးစပ် နဲ့ ကိုက်ခိုင်းပြီး ကျွေးပါ
ငါးဖောင်ရိုး ကို ရင်သွေး လက်နှင့် မထိစေရပါ
ပါးစပ်ကပဲ စားရပါမယ် ရင်သွေးလေး မွေးနေ့တိုင်း မနက် ၉:၄၅ မှာ ၉ခါ တိတိ မမေ့မလျော့ လုပ်ပေးပါ
🚼(ခ)🚼 ရင်သွေးလေး ရဲ့ မွေးနေ့ မနက် မှာ
ရင်သွေး ကို အနားမှာ ခေါ်ထားပြီး သံဒယ်အိုး နဲ့
ပေါက်ပေါက် ကို လှော်စားပါ ပေါက်ပေါက်ဟာ
ဖောက်ခနဲ ဖောက်ခနဲ ကွဲသံ ကြားရပါမယ်
ရင်သွေးလေး ထိုအသံ ကို ကြားပါစေ ၁ပတ် ၁ရက် နဲ့ ၃ခေါက် လောက် လုပ်ပေးပါ
🚼(ဂ)🚼 ကြက်ဖင်ဆီဖူး ကို ကြော်ကျွေးပါ
🚼(ဃ)🚼 ရင်သွေးလေး အမည် ကို ၃ခါ ခေါ်ပြီး
ပေါက်ပေါက် လှော်ပါ
🚼(င)🚼 ဘူးသီးခြောက် ၏ အထဲက အစာတွေ ထုတ်ပါ ပန်းကန်ပုံစံ ပြုလုပ်ထားတဲ့ ဘူးသီးခွက်ထဲ ရင်သွေး ကို ထမင်း ထည့်ကျွေးပေးပါ
✍ ဝေဒင်္ဂ ✍
ရင်သွေး မွေးရဖွားရ လွယ်ချင်ရင်
ယနေ့ မျက်မှောက်ခေတ် ကိုယ်ဝန်ဆောင် ကာလသမီး မိခင်လောင်းများ အတွက် အောက်ဖော်ပြပါ နည်းလေးတွေက ဟာကနဲ ဟင်ကနဲ ဖြစ်စရာ ကောင်းတဲ့ သိမှတ်စရာလေးတွေ ဖြစ်နေနိုင်ပေမယ့် ကျေးလက်တောရွာတွေမှာ ခုချိန်ထိ အသုံးပြုနေတဲ့ ရိုးရာ နည်းလေးတွေ ဖြစ်ပါတယ် မိခင်လောင်းများ အနေ နဲ့ သိမှတ်စရာ တိုးပါစေတော့ ဆိုတဲ့ စေတနာ ဖြင့် ပြန်လည် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ
(၁) သစ်ခုတ်လို့ ကျန်တဲ့ သစ်စ ကို သစ်ကြွပ် လို့ ခေါ်ပါတယ် သစ်ကြွပ် ကို ဆံထုံး မှာ စိုက်ထားပါ
ရင်သွေး လွယ်လွယ် မွေးပါလိမ့်မယ်
(၂) တမာခက် ကို သွေးပြီး တိုက်ပါ ရင်သွေး လွယ်လွယ် မွေးပါလိမ့်မယ်
(၃) သရက်ပင်ငယ် ကို လက်ပြန်နှုတ် ဆေးတောင့် ပြုထား သွေးတိုက် ရင်သွေး လွယ်လွယ် မွေးပါလိမ့်မယ်
(၄) ရင်သွေးလေး မွေးရခက်နေရင် မိခင်လောင်း ရဲ့ ဘယ်ဘက်လက် နဲ့ ပေါက်ပန်းဖြူ ကိုင်း ကို တစ်ထွာ ဖြတ်ကာ ညာလက်မှာ ကိုင်ပြီး မီးဖွားရင် ရင်သွေး လွယ်လွယ် မွေးပါလိမ့်မယ်
(၅) ကျောက်ပျဉ်ပေါ်မှာ ဂဏန်းလက်မ ကို ၉ဂဏန်း ရေးသလို သွေးပြီး မိခင်လောင်း ကို တိုက်ပေးရင်
ရင်သွေး လွယ်လွယ် မွေးပါလိမ့်မယ်
(၆) အချိန်တန်လို့မှ ရင်သွေး မွေးရ ခက်နေရင် ဥဒေါင်းငှက် အထီး ရဲ့ ခေါင်းက အမောက်တစ်ချောင်း ကို ယူပြီး ကိုယ်ဝန်ဆောင် မိခင်၏ ဆံပင်ထဲကို တစ်ချက်တည်း ထိုးပေးရင် ရင်သွေး လွယ်လွယ် မွေးပါလိမ့်မယ် မွေးပြီးတာနဲ့ ဥဒေါင်း အမွှေး ကို ချက်ချင်း ပြန်နှုတ်ဖို့ မမေ့ပါနဲ့
ကိုယ်ဝန်ဆောင် မိခင်များ သတိပြုဖို့
ရိုးရာ ယုံကြည်မူတွေထဲမှာ ထူးထူးခြားခြားတွေပါ
(၁) မြင်းတို့ နွားတို့ ချည်တဲ့ ကြိုး ကို ကိုယ်ဝန်ဆောင် မိခင် က မကျော်လွှားရပါကျော်လွှားမိပါက လကျော် တတ်ပြီး မွေးဖွားရ ခက်တယ် လို့ အဆို ရှိပါတယ်
(၂) နေကြတ်ချိန်မှာ ဓားတို့ စသဖြင့် ထက်ရှသော လှီးဖြတ်ရတဲ့ ကရိယာများကို ကိုင်တွယ် အသုံးပြုမူ မလုပ်ရပါ ရင်သွေးလေး အင်္ဂါမစုံ ဖြစ်တတ်တယ် လို့ အဆို ရှိပါတယ်
ကိုင်း..... ဝေဒင်္ဂ မပြောဘူးလား ခေတ်သစ် ကာလ သမီး ကိုယ်ဝန်ဆောင် မေမေလောင်းတွေ အဖို့က ရယ်စရာလိုကို ဖြစ်နေမှာပါ မြန်မာ့ရှေးရိုးရာတွေကို ရှေးထုံးလဲ မပယ်ချင်တဲ့ မိခင်လောင်းတွေ အဖို့ အသိပညာ တစုံတရာ ရမယ်ဆို ဝေဒင်္ဂ ပြောပြရတာ ကုသိုလ်ရပါတယ်
✍ ဝေဒင်္ဂ ✍
Subscribe to:
Posts (Atom)