Saturday, January 27, 2018

မြန်​မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဖြင့်​ အမည်​ ​ပေးနည်း



❝ အမည်​ တစ်​ခု ရဲ့ အစ အက္ခရာ နဲ့ အဆုံး
   အက္ခရာ တို့ကို ခုလို အမည်​ အရင်းလုံး
   ( အစ အက္ခရာ ) ၊ အမည်​ အဖျားလုံး
   ( အဆုံး အက္ခရာ ) ​ခေါ်ဆိုတယ်
   လို့ သိမှတ်​​ပေးပါ

➠ ခု ​ပြောပြမယ့်​ အင်္ဂဝိဇ္ဇာ ဖြင့်​ အမည်​ ​ပေးနည်း
    က အမည်​​ မှည့်​သင့်​တဲ့ ( အမည်​ အရင်းလုံး ၊
    အမည်​ အဖျားလုံး ) ကို ​ပြောပြ​ပေးမှာ
    ဖြစ်​ပါတယ်​ ခင်​ဗျာ

➠ ကြားထဲမှာ မိမိတို့ နှစ်​သက်​ရာ အက္ခရာ
    တွေကို ထပ်​မံ ဖြည့်​စွက်​ လို့ ရပါတယ်
    ( အမည်​ အရင်းလုံး ၊ အမည်​ အဖျားလုံး )
    ကိုသာ အညံ့ ဆိုးပြစ်​ မရှိ​အောင်​ လို့ ​အဓိက
    ထား ရွေးချယ်​ရမှာ ဖြစ်​ပါတယ်

➠ မြန်​မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဖြင့်​ အမည်​ 
    ပေးနည်း စတင်​ မဖတ်​ရှူ ခင်​မှာ ဘယ်​ဂြိုဟ်
    တွေဟာ မိမိတို့ရဲ့ ​မွေးနံ နဲ့ ပဉ္စပွတ်​ ၊ အညွှန့်​ ၊ 
    ဆပွတ်​ ၊ မူလ ၊ စတုရန်း ၊ အမြစ်​ ၊ တြိရန်း
    စသည်​တို့ ဖြစ်​တယ်​ ဆိုတာ ကို သိမှတ်
    ထားရပါမယ်​ ❞

💫 တနင်္ဂနွေ သားသမီး 💫

⏩ ပဉ္စပွတ်​ ~ ကြာသပ​တေး
⏩ အညွှန့်​ ~ တနင်္လာ
⏩ ဆပွတ်​ ~ ​​သောကြာ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ တနဂ​င်္​နွေ ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ ဗုဒ္ဓဟူး
⏩ အမြစ်​ ~ ​စ​နေ
⏩ တြိရန်း ~ ​အင်္ဂါ

💫 တနလာၤ သားသမီး 💫

⏩ ပဉ္စပွတ်​ ~ သောကြာ
⏩ အညွှန့်​ ~ အင်္ဂါ
⏩ ဆပွတ်​ ~ ​စ​နေ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ တနလာင်္ ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ ကြာသပ​တေး
⏩ အမြစ်​ ~ ​တနင်္ဂနွေ
⏩ တြိရန်း ~ ​ဗုဒ္ဓဟူး

💫 အင်္ဂါ သားသမီး 💫

⏩ ပဉ္စပွတ်​ ~ စ​နေ
⏩ အညွှန့်​ ~ ဗုဒ္ဓဟူး
⏩ ဆပွတ်​ ~ ​တနင်္ဂ​နွေ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ အင်္ဂါ ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ ​သောကြာ
⏩ အမြစ်​ ~ ​တနင်္လာ
⏩ တြိရန်း ~ ​ကြာသပ​တေး

💫 ဗုဒ္ဓဟူး သားသမီး 💫

⏩ ပဉ္စပွတ်​ ~ တနင်္ဂ​နွေ
⏩ အညွှန့်​ ~ ကြာသပ​တေး
⏩ ဆပွတ်​ ~ ​တနင်္လာ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ ဗုဒ္ဓဟူး ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ စ​နေ
⏩ အမြစ်​ ~ ​အင်္ဂါ
⏩ တြိရန်း ~ ​​သောကြာ

💫 ကြာသတေး သားသမီး 💫

⏩ ပဉ္စပွတ်​ ~ တနင်္လာ
⏩ အညွှန့်​ ~ ​သောကြာ
⏩ ဆပွတ်​ ~ ​အင်္ဂါ
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ ကြာသပ​တေး ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ တနင်္ဂ​နွေ
⏩ အမြစ်​ ~ ​ဗုဒ္ဓဟူး
⏩ တြိရန်း ~ ​စ​နေ

💫 ​သောကြာ သားသမီး 💫

⏩ ပဉ္စပွတ်​ ~ အင်္ဂါ
⏩ အညွှန့်​ ~ စ​နေ
⏩ ဆပွတ်​ ~ ​ဗုဒ္ဓဟူး
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ ​သောကြာ ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ တနင်္လာ
⏩ အမြစ်​ ~ ​ကြာသပ​တေး
⏩ တြိရန်း ~ ​တနင်္ဂ​နွေ

💫 စနေ သားသမီး 💫

⏩ ပဉ္စပွတ်​ ~ ဗုဒ္ဓဟူး
⏩ အညွှန့်​ ~ တနင်္ဂ​နွေ
⏩ ဆပွတ်​ ~ ​ကြာသပ​တေး
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉ 
⏩ မူလ ~ စ​နေ ( ​မွေးနံ ဂြိုဟ်​ )
┉ ┉ ┉ ┉ ┉ ┉ ┉ ┉ ┉
⏩ စတုရန်း ~ အင်္ဂါ
⏩ အမြစ်​ ~ ​​သောကြာ
⏩ တြိရန်း ~ ​တနင်္လာ

💡 မြန်​မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဖြင့်
     အမည်​ ​ပေးနည်း က​တော့ .....

❏ မူလ + မူလ
❏ မူလ + ပဉ္စပွတ်
❏ မူလ + အညွှန့်
❏ မူလ + ဆပွတ်
❏ ဆပွတ်​ + မူလ
❏ ဆပွတ်​ + တြိရန်း
❏ ပဉ္စပွတ်​ + စတုရန်း
❏ တြိရန်း + ပဉ္စပွတ်
❏ ပဉ္စပွတ်​ + အညွှန့်
❏ အညွှန့်​ + ပဉ္စပွတ်
❏ ဆပွတ်​ + ပဉ္စပွတ်
❏ ပဉ္စပွတ်​ + ပဉ္စပွတ်
❏ အညွှန့်​ + အညွှန့်
❏ ဆပွတ်​ + ဆပွတ်
❏ အမြစ်​ + အညွှန့်

အထက်​ပါ နည်းစနစ်​ ဥပ​ဒေ အရ အမည်​ 
ပေးပါက ဇာတာရှင်​ မှာ ​ကောင်းကျိုး ချမ်းသာ
လိုရာ ဆန္ဒ များ ပြည့်​စုံ ​စေပြီး ကျန်းမာ ချမ်းသာ
ဘေးရန်​ ကင်းကွာ ​စေတယ်​ လို့ အင်္ဂဝိဇ္ဇာ ပညာ
က ဆိုပါတယ်

ရှေး ပညာရှိ ပညာရှင်​ အဆက်​ဆက်​ က 
ဘာ​လေး ပဲ ဖြစ်​လာလာ ​ရေလဲ သုံး​လေ့
ရှိကြကုန်​​သော မြန်​မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ
ကို ပမာ ပြုရ​သော်​ ကျယ်​ဝန်း နက်​ရှိုင်း
လွန်းလှလို့ မိုး​ကောင်းကင်​ နဲ့ သမုဒ္ဒယာပြင်
ကဲ့သို့ပင်​ ဟူ၍သာ ဆိုချင်​ပါတယ်

မြန်​မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာ ဟာ သိလိုသမျှ
ကိစ္စ​တွေ အတွက်​ အ​ဖြေ ရှာ​ဖွေ ​ဖော်​ထုတ်​လို့
ရတဲ့ ဣစ္ဆာသယ ပညာ​ရွှေအိုးကြီး ဖြစ်​ပါတယ်

ပညာရှင်​ တစ်​​ယောက်​ တစ်​မျိုး နဲ့ ပညာရပ်
ဆိုင်​ရာ မူကွဲ​လေး​တွေ များစွာ ​လေ့လာခွင့်
ရ​စေတဲ့ မြန်​မာ လူမျိုးတို့၏ ချစ်​စရာ ​ကောင်းတဲ့
မြန်​မာ့ ရိုးရာ အင်္ဂဝိဇ္ဇာ ပညာရပ်​ပဲ ဖြစ်​ပါတယ်

🔊🔊🔊

❝ Page​လေးထဲမှာ အခြားအခြား​သော ​...

❂ ဗေဒင်​ဆိုင်​ရာ သိမှတ်​စရာများ

❂ ယတြာများ

❂ ပြုံး​ပျော်​စရာ ​ဗေဒင်​ဟာသများ

❂ ​ဗေဒင်​ကာတွန်းများ 

❂ ဗေဒင်​စာအုပ်​pdfများ 

❂ ဗေဒင်​apkများ

❂ ဘာသာ​ရေး ဆိုင်​ရာ သိမှတ်​ဖွယ်​ရာများ ...

စသဖြင့်​ ​လေ့လာစရာ​လေး​တွေ
တင်​​ပေးထားပါတယ်​ ဝင်​​ရောက်
ဖတ်​ရှူ ​လေ့လာကြပါ ခင်​ဗျာ ❞

🔯  မိတ်​​ဆွေတို့ ဖတ်ပြီး သ​ဘောကျ နှစ်​သက်​ရင်
မိမိတို့ မိတ်​​ဆွေ များကိုလည်း ပြန်လည် ​ဝေမျှ
ပေးကြပါဦး ခင်​ဗျာ 🔯

                                     ✍ ​ဝေဒင်္ဂ ✍

ရင်​​သွေးငယ်​​လေးပုံ ​ပေးသုံးပါ​သော ​ဖေ​ဖေနဲ့​မေ​မေ
ကို ​ဝေဒင်္ဂ ဝိုင်း​တော်​သားများ က အထူးပဲ ​ကျေးဇူး
တင်​ရှိပါတယ်​ ခင်​ဗျာ

🔎 ရင်​​သွေး ​ပျောက်​ ရှာဖို့ 🔍



❝ ​​ပျောက်​သွားတဲ့ က​လေး အိမ်​ပြန်​မလာဘူး ဆိုရင်​ ဗြုန်းကနဲ က​လေး အိမ်​က ​ပျောက်​သွားရင်​ ❞

👶 က​လေး ခြုံ အိပ်​ခဲ့တဲ့ ​စောင်​ ကို မိခင်​ ဖြစ်​သူ က
က​လေးရုပ်​သဏ္ဌာန်ပြုလုပ်​ပြီး မိခင်​လက်​နှင့်​ထွေးပြီး အိပ်​ပါ ။ နို့တိုက်​ဟန်​ ပြုပါ ။ က​လေး အိမ်​ အမြန်​ ပြန်​လာပါ ဆိုပြီး က​လေး အမည်​ ​ခေါ်ကာ ဆု​တောင်းပါ ။

👶 က​လေးရှိတဲ့ ​နေရာသတင်းကြားတာ ၊ တစ်​ဦးဦး က ထိန်းသိမ်း​ပေးပြီး မိဘနဲ့ဆက်​သွယ်​တာ စသဖြင့်
... ထူးခြားပါလိမ့်​မယ်​ ။

👶 က​လေးက အိမ်​မှာမ​ပျော်​လို့ အိမ်​က
ထွက်​​ပြေးတာ ဆိုရင်​​တော့ မလုပ်​ပါနဲ့
ထူးခြားမူ ရှိမည်​ မဟုတ်​ပါ ။

🔊🔊🔊

❝ Page​လေးထဲမှာ အခြားအခြား​သော ​...

❂ ဗေဒင်​ဆိုင်​ရာ သိမှတ်​စရာများ

❂ ယတြာများ

❂ ပြုံး​ပျော်​စရာ ​ဗေဒင်​ဟာသများ

❂ ​ဗေဒင်​ကာတွန်းများ 

❂ ဗေဒင်​စာအုပ်​pdfများ 

❂ ဗေဒင်​apkများ

❂ ဘာသာ​ရေး ဆိုင်​ရာ သိမှတ်​ဖွယ်​ရာများ ...

စသဖြင့်​ ​လေ့လာစရာ​လေး​တွေ
တင်​​ပေးထားပါတယ်​ ဝင်​​ရောက်
ဖတ်​ရှူ ​လေ့လာကြပါ ခင်​ဗျာ ❞

🔯  မိတ်​​ဆွေတို့ ဖတ်ပြီး သ​ဘောကျ နှစ်​သက်​ရင်
မိမိတို့ မိတ်​​ဆွေ များကိုလည်း ပြန်လည် ​ဝေမျှ
ပေးကြပါဦး ခင်​ဗျာ 🔯

                                     ✍ ​ဝေဒင်္ဂ ✍

နာမည် ဆန်းဆန်း ရှိသူတွေ ပဲ ကြုံရလေ့ ရှိတဲ့ ပြသနာများ


❝ မိဘတွေက သားသမီးတွေကို နာမည် ပေးကြတဲ့
   အခါမှာ သူများနဲ့ မတူအောင် ဆိုပြီး တစ်မူထူး တဲ့
   နာမည်တွေ ပေးလေ့ ရှိပါတယ်။ တကယ်တော့
   ဒီလိုမျိုးနာမည် ဆန်းဆန်းတွေ မှည့်ထားတာက
   ပြသနာ တ်ာတော် များများ ကိုကြုံတွေ့ရလေ့ ရှိပြီး
   တခါတလေ သင်ကိုယ်တိုင် လက်ရှိ နာမည် အစား
   သူများ မှတ်မိ နိုင်မယ့် နာမည်မျိုးကို ပိုတောင့်တ
   မိတဲ့ အခါမျိုး ရှိပါလိမ့်မယ်။ ❞

၁. အသံထွက် ရတာ ခက်ခဲတယ်

သင့် အနေ နဲ့ ကတော့ ကိုယ့် နာမည် ကို
အသံထွက် ရတာ အခက်အခဲ မရှိပေမယ့်
တခြားသူတွေ အဖို့တော့ခက်ခဲ ပါလိမ့်မယ်။
သင်ကိုယ်တိုင်က နာမည် ကို ကာရန် လိုက်ပြီး
တခြားသူတွေ မှတ်မိအောင်လို့ ပြောပြရတာတွေ
လည်းရှိမှာပါ။

၂. လူသစ်တွေ နဲ့ တွေ့ဆုံ တဲ့ အခါ

သူများတွေ နဲ့ မိတ်ဖွဲ့တဲ့ အခါ သူတို့ အသံထွက်
မှန်စေဖို့ ကိုယ်က လိုက်ပြင်ပေး နေရပါတယ်။
အသံထွက်ရ ခက်ခဲတဲ့ အခါ သူတို့ကို ၂ခါ ၃ခါ
လောက် ပါးစပ်နဲ့ရော၊ တခါတလေ လက်တွေ
တောင်ပါလိုက်ဦးမယ်၊ ဒီလို အသံထွက်တာလို့
ဆရာ လုပ်ရတဲ့အခါလည်း ရှိပါသေးတယ်။
မတတ်နိုင်တဲ့ အဆုံးမှာတော့ ကိုယ့်နာမည် ကို
ဟာသနှောပြီး ဒီလိုမျိုးလေး ခေါ်လည်း ရပါတယ်
လို့ ပြန်ပြင် ပေးရတာလေးတွေလည်း ရှိပါတယ်။

၃. အမှန်ပြင် ပေးနေရတာ

လူတွေက သူများ နာမည် ကို နာမည် စာလုံး
ပေါင်းတဲ့ အခါ မှားအောင် ပေါင်းတာပဲ ဖြစ်ဖြစ်၊
အသံထွက် အမှား ထွက်တာပဲ ဖြစ်ဖြစ် နှစ်နှစ်
ခြိုက်ခြိုက် ရှိကြပါတယ်။ သူတို့ မှားတိုင်း သင်
ပြင်ပေတော့ပဲ။ နာမည် ရှည်တဲ့သူတွေ ဆိုရင်
ပိုဆိုးမှာပါ။ ကြာတော့ သင် ကိုယ်တိုင် ကိုယ့်
နာမည် ကို ၂ကြိမ် ၃ကြိမ် မက ရွတ်ပြ ပြောပြ
နေရတာ စိတ်တို လာပါတယ်။

၎. မှတ်မိလွယ်သော နာမည် တခု စဉ်းစားရတာ

လူတွေကို သင့် နာမည် အမှန် လိုက်ပြင်ပြင်
ပေးနေရတာ စိတ်ရှုပ်လာတော့ သင်ကိုယ်တိုင်
က လူတွေ သင့်ကိုမှတ်မိအောင် အလွယ်ခေါ်
နာမည်တခုထပ်စဉ်းစားရပါတော့တယ်။
နာမည်ကမှတ်ရတာခက်ခဲတဲ့အခါ သူများတွေက
သင့်ကိုတွေ့လို့ မျက်နှာရင်းနှီးနေတာတောင်မှ
လူကိုရင်းရင်းနှီးနှီးသိတယ်…ဒါနဲ့နာမည်ကဘာဆိုလား.. ကသိကအောက်နဲ့ဒီလိုအမေးခံရတာလေး
တွေရှိကိုရှိပါတယ်။

၅. မေးခွန်းတွေ မေးတယ်

စာလုံးပေါင်း၊ အဓိပ္ပါယ် သင့် နာမည် က ထူးခြား
တဲ့အခါ တွေ့သမျှ လူတိုင်း က သင့်ကို မေးခွန်းတွေ
တန်းစီမေးမှာပါပဲ..နာမည်ကဘာလို့ဒီလိုမှည့်တာလဲ..အဓိပ္ပါယ် ကရော ဘာလဲ..ပြီးတော့ ဘယ်လို
စာလုံး ပေါင်း ရလဲ..စသဖြင့်ပေါ့။ တခါတလေ
ကိုယ့် နာမည် နဲ့ ကိုယ်တောင်မှ နာမည် က တမျိုးပဲ
နော်.. ဘယ် ဒေသ က မို့လို့လဲ..ရီရတယ်..စတာ
က ပါသေးတယ်။ သူငယ်ချင်းတွေ ရှိလာတဲ့ အခါ
ကျရင်လည်း နာမည်ပေါ် လိုက်ပြီး သင် မနှစ်သက်
တဲ့ နာမည်ဆိုးတွေ နဲ့ ပြောင်နောက်ခံရပါလိမ့်မယ်။

၆. အမြဲမှား နေတယ်

သင့် နာမည် က စာလုံးပေါင်း ခက်ခဲနေရင် ဒါမှ
မဟုတ် တအား ရှည်နေရင်တခုခု မှာယူတဲ့ အခါ
မှာပဲဖြစ်ဖြစ်၊ ၀ယ်ယူ တာပဲဖြစ်ဖြစ် စာရင်း ထွက်
လာတဲ့ အခါ ကျရင် နာမည် က အမြဲ လွဲနေ တတ်
ပါတယ်။ နောက်တခုကတော့ သင့်ဆီပို့လိုက်တဲ့
email တွေ၊ အရေးကြီး စာရွက်စာတမ်းတွေက
နာမည်မှားနေတဲ့အခါကျရင် သိပ် စိတ်ရှုပ် ရလေ့
ရှိပါတယ်။ အရေးကြီး စာရွက် စာတမ်းတွေ
ဥပမာ…မှတ်ပုံတင် တဲ့ ကိစ္စတွေ၊ ပတ်စ်ပို့ လုပ်တာ တွေ မှာ နာမည် မှားနေခဲ့ရင် ပြင်ရတာ အချိန်
ကြန့်ကြာတဲ့ အပြင် အလုပ် နှောင့်နှေး ပါသေးတယ်။

အခု တင်ပြ သွားတာလေး တွေက Metro ကနေ
ကိုးကားထား တဲ့ နာမည် ထူးထူးဆန်းဆန်းလေး
တွေ မှည့်ခံထားရတဲ့ ပိုင်ရှင်တွေမှာ ကြုံရလေ့ရှိတဲ့
အခက်အခဲလေးတွေဖြစ်ပါတယ်။

⫷C⫸⫷R⫸⫷D⫸

► ​ဝေဒင်္ဂ ရဲ့ အမည်​ အ​ကြောင်း စာစု​လေးများ ◄

➩ အမည်​ ဂိုဏ်း တန်​ဖိုး တွက်​နည်း​လေးပါ

https://m.facebook.com/story.php?story_fbid=713528792189689&id=493133034229267

➩ အက္ခရာ ဗျည်း ၏ အကျိုး​ပေး များ အ​ကြောင်း
စာ​လေး​တွေကို ဒီိ​နေရာ​လေး က ​လေ့လာ
ပေးကြပါ

https://m.facebook.com/story.php?story_fbid=712899375585964&id=493133034229267

➩ သရ နှင့်​ သံယုဂ်​ ၏ အကျိုး​ပေး များ အ​ကြောင်း
စာ​လေး​တွေကို ဒီိ​နေရာ​လေး က ​လေ့လာ
ပေးကြပါ 

https://m.facebook.com/story.php?story_fbid=712896758919559&id=493133034229267

➩ ​ဗျည်းသရ​တွေ အနဲအများ ကို ကြည့်​ပြီး
အမည်​ကို ​ဝေဖန်​ပိုင်းခြားတဲ့ နည်း​လေး တွဲစပ်​ပြီး 
တခါတည်း ​​လေ့လာချင်​ရင်​ဖြင့်

https://m.facebook.com/story.php?story_fbid=686472801561955&id=493133034229267

➩ နာမကာရဏ ကင်​ပွန်းတပ်​ မင်္ဂလာ ပြုလုပ်​နည်း

https://m.facebook.com/story.php?story_fbid=704344779774757&id=493133034229267

🔊🔊🔊

❝ Page​လေးထဲမှာ အခြားအခြား​သော ​...

❂ ဗေဒင်​ဆိုင်​ရာ သိမှတ်​စရာများ

❂ ယတြာများ

❂ ပြုံး​ပျော်​စရာ ​ဗေဒင်​ဟာသများ

❂ ​ဗေဒင်​ကာတွန်းများ 

❂ ဗေဒင်​စာအုပ်​pdfများ 

❂ ဗေဒင်​apkများ

❂ ဘာသာ​ရေး ဆိုင်​ရာ သိမှတ်​ဖွယ်​ရာများ ...

စသဖြင့်​ ​လေ့လာစရာ​လေး​တွေ
တင်​​ပေးထားပါတယ်​ ဝင်​​ရောက်
ဖတ်​ရှူ ​လေ့လာကြပါ ခင်​ဗျာ ❞

🔯  မိတ်​​ဆွေတို့ ဖတ်ပြီး သ​ဘောကျ နှစ်​သက်​ရင်
မိမိတို့ မိတ်​​ဆွေ များကိုလည်း ပြန်လည် ​ဝေမျှ
ပေးကြပါဦး ခင်​ဗျာ 🔯

                                     ✍ ​ဝေဒင်္ဂ ✍

ရင်​​သွေး​လေး မMay Thawtar Chel ရဲ့ ပုံရိပ်​ ကို
အသုံးပြုဖို့ ခွင့်​ပြု​ပေးတဲ့ ရင်​​သွေး​လေး ရဲ့ ​မေ​မေ နဲ့
ဖေ​ဖေ ကို အထူး ​ကျေးဇူးတင်​ရှိပါတယ်​ ခင်​ဗျာ :)

👶 ရင်​​သွေး ရရှိ​စေရန်​ 👶



❝ ရင်​​သွေး မရ​သေးသူများ အတွက်​ ဆရာကြီး
မင်းသိင်္ခ ရဲ့ ရင်​​သွေး ရရှိ​စေဖို့ အစီအရင်​​လေး 
ဝေမျှ​ပေးလိုက်​ပါတယ်​ ❞

👏 မိတ်​​ဆွေတို့​ရေ 👏

👉 ​ဝေဒင်္ဂ ​ရေးသားထားတဲ့ ရင်​​သွေး
     မရ​သေးသူများ အတွက်​ ပြုရမယ့်
     အစီအရင်​​လေး ကို ဖတ်​ရှူ့ ချင်​ပါ
     က ​အောက်​ပါ LINK ကို နှိပ်​ပြီး
     ဖတ်​ရှူ့  ​ပေးကြပါ 👇

https://m.facebook.com/story.php?story_fbid=689082707967631&id=493133034229267

🔊🔊🔊

❝ Page​လေးထဲမှာ အခြားအခြား​သော ​...

❂ ဗေဒင်​ဆိုင်​ရာ သိမှတ်​စရာများ

❂ ယတြာများ

❂ ပြုံး​ပျော်​စရာ ​ဗေဒင်​ဟာသများ

❂ ​ဗေဒင်​ကာတွန်းများ 

❂ ဗေဒင်​စာအုပ်​pdfများ 

❂ ဗေဒင်​apkများ

❂ ဘာသာ​ရေး ဆိုင်​ရာ သိမှတ်​ဖွယ်​ရာများ ...

စသဖြင့်​ ​လေ့လာစရာ​လေး​တွေ
တင်​​ပေးထားပါတယ်​ ဝင်​​ရောက်
ဖတ်​ရှူ ​လေ့လာကြပါ ခင်​ဗျာ ❞

🔯  မိတ်​​ဆွေတို့ ဖတ်ပြီး သ​ဘောကျ နှစ်​သက်​ရင်
မိမိတို့ မိတ်​​ဆွေ များကိုလည်း ပြန်လည် ​ဝေမျှ
ပေးကြပါဦး ခင်​ဗျာ 🔯

                                     ✍ ​ဝေဒင်္ဂ ✍

🚼 မမြင်ရသော ကြိုးကလေးများ 🚼



ဘယ် မိဘ မဆို ကိုယ့် ရင်သွေး ရင်နှစ်
မှန်သ၍ အတုမဲ့ အနှိုင်းမဲ့ ချစ်ကြတာ
ချည်းပါပဲ။

ရပ်ဝေး မှာ ရှိနေတဲ့ သားတွေ သမီးတွေ
အတွက် လည်း အမြဲ ပူပန် နေကြတယ် ။
အဲလို ရပ်ဝေး မှာ ရှိတဲ့ သားသမီးတွေ
တစ်ခုခု ဖြစ်ရင် ( ဘာဖြစ်တယ် ဆိုတာ
အတိအကျ မပြောနိုင်ပေမယ့် ) ဖြစ်တယ်
ဆိုတာကတော့ မိခင်ဖြစ်သူ ဟာ သူ့နည်း
သူ့ဟန်နဲ့ သိနေ ပြီးသား ဖြစ်​တာမျိုး ​တွေ
ကြားဖူး ကြပါလိမ့်​မယ်​ ။

မမြင်ရတဲ့ မမြင်နိုင်တဲ့ သမုဒယ သံယောဇဉ် ကြိုးတွေကြောင့် 'သိ' နေရတာပဲပေါ့။ မိဘရဲ့
မေတ္တာ ကြီးမား ခိုင်ခံ့ တဲ့ သံယောဇဉ် ဆိုတာ
မမြင်ရ၊ မတွေ့ရပေမယ့် နားလည် ခံစားတတ်
သူ အဖို့ နားလည် ခံစား လို့ ရနိုင်ပါတယ် ။

မိဘ နဲ့ သားသမီး ၊ သားသမီး နဲ့ မိဘ
ကြား မှာ ကူးလူး ယှက်သန်း နေတဲ့ မေတ္တာ
ရနံ့ တွေကို ကြားလူ က ၀င်ပြီး ခံစားဖို့
ခက်ခဲမယ် ထင်ပါတယ် ။ အဲ သိဖို့ ဆို ပိုပြီး ခက်တာပေါ့ ။
         
ဒါပေမယ့် ……..
         
နာမည် နာမ တွေရဲ့ နောက်ကွယ်မှာ
ပုန်းအောင်း နေတဲ့

အစွမ်းသတ္တိတွေ ၊
အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ၊
အတိတ်နိမိတ်တွေ

စသဖြင့်​ တို့ ရဲ့ အ​ကြောင်းအရာ ကို
နားလည်ဖို့ ဆန်းပညာ အ​ကြောင်း
သိမှတ်​ ထားရင်​တော့ ဒါတွေကို
ကောင်းကောင်း သိနိုင်တာပေါ့ ။

သားသမီး တစ်ဦး ရဲ့ နာမည် နဲ့
သူ့ မိဘတွေရဲ့ အမည်ကို သိရင် သူတို့ရဲ့
တစ်ဦး အပေါ် တစ်ဦး ထားတဲ့ သံယောဇဉ်
မေတ္တာ အတိမ်အနက် ကို ထင်ထင် လင်းလင်း
သိနိုင် ပါလိမ့်​မယ်​ ။
         
အမှန်တော့ ဒါဟာ သိပ်မခက်လှပါဘူး ။

ဝေဒင်္ဂ ရဲ့ အပေါင်းအသင်းတွေ စိတ်ဝင်စား ကြမယ်ဆိုရင် ……….

💡ရင်​​သွေး​လေး ရဲ့ မွေးနံ နဲ့ သူ မိဘတွေ ရဲ့
နာမည် ကို သိတာနဲ့ ခု​ပြောပြမယ့်​ နည်းကို
အသုံးပြုလို့ ရပါပြီ 💡

📃 အရင်​ဆုံး သိမှတ်​ထားရမယ့်​ အ​ခြေခံ
အချက်​​လေး​တွေ ဖတ်​​ပေးပါ 📃

❝ အက္ခ္ခရာ​လေး​တွေ ကို ကိုယ်​စားပြုတဲ့
ဂြိုဟ်​များ နဲ့ နံသင့်​ သချာင်္များ ❞

❂ တနင်္ဂ​နွေဂြိုဟ်​ ~ ၁
↪ အ ၊ ဥ ၊ သြ ၊ ဣ ၊ ဧ ၊ အာ ၊ ဤ ၊ ဦး

❂ တနင်္လာဂြိုဟ်​ ~ ၂
↪ က ၊ ခ ၊ ဂ ၊ ဃ ၊ င

❂ အင်္ဂါဂြိုဟ်​ ~ ၃
↪ စ ၊ ဆ ၊ ဇ ၊ စ် ၊ ည

❂ ဗုဒ္ဓဟူးဂြိုဟ်​ ~ ၎
↪ ရ ၊ ယ ၊ လ ၊ ဝ

❂ ကြာသပ​တေးဂြိုဟ်​ ~ ၅
↪ ပ ၊ ဖ ၊ ဘ ၊ ဗ ၊ မ

❂ ​သောကြာဂြိုဟ်​ ~ ၆
↪ သ ၊ ဟ

❂ စ​နေဂြိုဟ်​ ~ ၇ / ဝ
↪ တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ

❝ ၇ရက်​သားသမီး တို့၏ မိတ်​ဖက်​ ဂြိုဟ်​များ ❞

💫 တနင်္ဂနွေ သားသမီး 💫
⏩ အပြင်​မိတ်​ ~ ကြာသတေး
⏩ အတွင်းမိတ်​ ~ ​သောကြာ
⏩ ဓာတ်​မိတ်​ ~ စ​နေ

💫 တနလာၤ သားသမီး 💫
⏩ အပြင်​မိတ်​ ~ ဗုဒ္ဓဟူး
⏩ အတွင်းမိတ်​ ~ ဗုဒ္ဓဟူး
⏩ ဓာတ်​မိတ်​ ~ ကြာသပ​တေး

💫 အင်္ဂါ သားသမီး 💫
⏩ အပြင်​မိတ်​ ~ ​သောကြာ
⏩ အတွင်းမိတ်​ ~ ကြာသပ​တေး
⏩ ဓာတ်​မိတ်​ ~ ဗုဒ္ဓဟူး

💫 ဗုဒ္ဓဟူး သားသမီး 💫
⏩ အပြင်​မိတ်​ ~ တနင်္လာ
⏩ အတွင်းမိတ်​ ~ စ​နေ
⏩ ဓာတ်​မိတ်​ ~ ​သောကြာ

💫 ကြာသတေး သားသမီး 💫
⏩ အပြင်​မိတ်​ ~ တနင်္ဂ​နွေ
⏩ အတွင်းမိတ်​ ~ အင်္ဂါ
⏩ ဓာတ်​မိတ်​ ~ တနင်္လာ

💫 ​သောကြာ သားသမီး 💫
⏩ အပြင်​မိတ်​ ~ အင်္ဂါ
⏩ အတွင်းမိတ်​ ~ တနင်္ဂ​နွေ
⏩ ဓာတ်​မိတ်​ ~ ဗုဒ္ဓဟူး

💫 စနေ သားသမီး 💫
⏩ အပြင်​မိတ်​ ~ ဗုဒ္ဓဟူး
⏩ အတွင်းမိတ်​ ~ ဗုဒ္ဓဟူး
⏩ ဓာတ်​မိတ်​ ~ တနင်္ဂ​နွေ

👉🏼​ဥပမာလေး ​ပြောပြပါမယ်​​နော်​ 👇🏼

ဆိုပါစို့​လေ

ဖေ​ဖေ က ​ဝေဒင်္ဂ
မေ​မေ က မ​အေး​သောင်း
ပဲ ထားပါ​တော့​လေ 😂
အဲ သူတို့ ​ကြင်​ဖက်​မောင်​နှံ မှာ
တနလာင်္သား ရင်​​သွေး​လေး
ရှိတယ်​ ဆိုပါစို့​လေ 😂

ကဲ အ​ပြောင်​အပျက်​​တွေ ​တော်​ပါပီ 😁

ဖေ​ဖေ နဲ့ ​မေ​မေ့ အမည်​ ကို ​နံသင့်
သချာင်္ ​ပြောင်းပါ

ဝေဒင်္ဂ ​= ၄ ၊ ၀ ၊ ၂
အေး​သောင်း = ၁ ၊ ၆ 😁

ရပါမယ်

ရင်​​သွေး​လေး က တနလာင်္သား ဆို​တော့
💫 တနလာင်္ သားသမီး 💫 နဲ့ ဆိုင်​တာကို
ကြည့်​ပါ

💫 တနလာၤ သားသမီး 💫
⏩ အပြင်​မိတ်​ ~ ဗုဒ္ဓဟူး
⏩ အတွင်းမိတ်​ ~ ဗုဒ္ဓဟူး
⏩ ဓာတ်​မိတ်​ ~ ကြာသပ​တေး

ရင်​​သွေး ရဲ့ ​မွေးတဲ့ ​နေ့နံ ဟာ

မိဘ ၂ပါး ဖြစ်​တဲ့
ဝေဒင်္ဂ နဲ့ မ​အေး​သောင်း တို့ရဲ့ နံသင့်​သချာင်္
နဲ့ တိုက်​ဆိုင်​ကြည့်​ရင်​ အပြင်​ + အတွင်း မိတ်
ဖြစ်ေ​နပါတယ်

အဲ​လောက်​​လေးကို သ​ဘော​ပေါက်​ရင်​ 
အောက်​ပါ အချက်​ ၆ချက်​ နဲ့ ရင်​​သွေး နဲ့
မိဘ အကြား ဘာ​တွေ ဖြစ်​လာမယ်
ဆိုတာ ဖတ်​ရှူ့  လို့ ရပါပြီ

ကဲ ကြည့်ကြရအောင်

၁ ။ အမိ အဘ နာမည် တွေဟာ အပြင်မိတ်
မှာ ရှိ နေရင်
         
မိဘ နှစ်ပါးစလုံး ရဲ့ မေတ္တာ ကို ပြည့်ပြည့် ၀၀
ခံစားခွင့် ရှိမယ် ။

ချစ်ခင် ယုယ ကြင်နာ မှုတွေ ကို အမိ အဘ
တို့ရဲ့ အသက် အတိုင်း ရရှိမယ် ။ 

သူတို့ ရှိစဉ် မှာ သူတို့ရဲ့ အကျိုးပြုမှု ကြောင့်
ကိုယ့် ဘ၀ မှာ တိုးတက် အောင်မြင်မယ် ။

လိုချင် တဲ့ ဆန္ဒ တွေ ပြည့်ဝ အောင်
ရည်ရွယ်ချက် ပန်းတိုင် ရောက်ရှိအောင်
မိဘ တွေက အကျိုးပြု မှာ ဖြစ်ပါတယ် ။

သူတို့ရဲ့ ကျေးဇူးတရား ကြောင့် အမွေ အနှစ်
တွေ ရရှိ နိုင်တယ်။

၂ ။ အမိ အဘ နာမည် တွေ ဟာ အတွင်းမိတ်
မှာ ပါရှိ နေရင်
         
မိဘ နှစ်ပါးစလုံး ရဲ့ ချစ်ခင် ကြင်နာမှု ကို
အနီးကပ် ခံစား ရမယ် ။

အသက်ထက်ဆုံး အတူတကွ
နေထိုင် ကြရမယ် ။

ကိုယ့် ဘ၀ သာယာ ချမ်းမြေ့ မှု အ၀၀ ကို
အမိ အဘ တို့ ကပဲ အစွမ်းကုန် ပေးလိမ့်မယ် ။

ငွေကြေး မချမ်းသာ တဲ့တိုင် စိတ်ချမ်းသာမယ် ။

အမိ အဘ နဲ့ အတူ နေရ လို့ ရရှိ တဲ့
စိတ် ချမ်းသာမှု မျိုး ဘယ်မှာ မရရှိ နိုင်ဘူး ။

အမိ အဘ ရဲ့ အယူအဆ ဆုံးဖြတ်ချက်
တွေကို သားသမီး ဖြစ်သူ က လက်ခံ သလို ၊  သားသမီး တို့ရဲ့ ဆန္ဒ ကိုလည်း မိဘ ဖြစ်သူ
တွေက သဘောပေါက် ကြတယ် ။
         
ကိုယ့် မွေးနေ့ အတွင်းမိတ် မှာ ပါတဲ့
သက်ဆိုင်ရာ ဂဏန်းတွေ မှာ အမိ ရော ၊
အဖ ရော ရဲ့ နာမည် အက္ခရာ တွေ ပါနေခြင်း
ဟာ အတူတကွ နေထိုင်ခြင်း ၊ စိတ်ချမ်းသာခြင်း
တို့ကို ပြနေ ပါတယ် ။

၃ ။ အမိ အဘ အမည်​ တွေဟာ ဓာတ်မိတ်
မှာ ပါရှိ နေရင်
         
မိဘ နှစ်ပါး စလုံး ရဲ့ ဖြူစင် တဲ့ မေတ္တာ ကို
ပြည့်ဝ စွာ ခံစား ရမယ် ။

ကိုယ် ဘာ လုပ်လုပ် ခွင့်လွှတ် တတ်မယ်။ ( မကြိုက်တာ မဟုတ်တာ လုပ်မိလို့ ဆို ဆုံးမ
မှာ မဟုတ်ဘူး )

ကိုယ့် စိတ်ဓာတ် နဲ့ မိဘတွေ ရဲ့ အတွင်းစရိုက် ၊  စိတ်သန္တာန် နဲ့ ထပ်တူ ထပ်မျှ နီးပါး ရှိမယ် ။ 

သဘော က မိဘတွေဟာ ဘာသာတရား
ကိုင်းရိုင်းသူ ဖြစ်ရင် သူ့ သားသမီး ဟာ
လည်း ဘာသာတရား ကိုင်းရှိုင်းမယ် ။
         
မိဘ နှစ်ပါး စလုံး က ဘ၀ အောင်မြင်မှု ရရှိရေး အတွက် အကျိုး ကျေးဇူး ပြုမယ် ။

ဘယ် အသက် အရွယ် ရောက် နေနေ ၊
ဘယ် အတန်း ရောက်ရောက် မိဘ ကိုယ်တိုင် ကျောင်းပို့ ကျောင်းကြို တာ မုန့်လိုက်ကျွေး
တာမျိုး ရှိမယ်။
         
မိဘ တွေ ကွယ်လွန် တဲ့ အခါ ကျန်ရှိတဲ့
အမွေ အနှစ် တွေ လုံးဝရရှိမယ် ။

အနည်းဆုံး မိဘ ရဲ့ စိတ်နေသဘောထား ၊  အကျင့်စရိုက် ၊ အကြိုက်ချင်း တူတာ က အစ
အမွေ သဘော အဖြစ် ရရှိမယ် ။

၎ ။ အပြင်ဓာတ် မှာပဲ ဖြစ်ဖြစ် ၊ အတွင်းဓာတ်
မှာပဲ ဖြစ်ဖြစ် ၊ အဘ နာမည် မပါ ခဲ့ရင်
         
ဖခင် ဖြစ်သူ နဲ့ အတူ မနေ ရဘူး ၊
အမြဲတစေ ခွဲခွာ နေ ရမယ် ။

လုပ်ကျွေး ပြုစုသူ မှာလည်း ခက်ခဲ
ပင်ပန်းမယ် ။

အတူ မနေရ ခိုက် မှာ ဖခင် အတွက် အမြဲ
စိုးရိမ် ပူပန် နေ ရမယ် ။

ဖခင် အတွက် သောက ပို နေ ရ မယ် ။

ငယ်စဉ် အခါ ကတည်းက ဖခင် ဖြစ်သူ ရဲ့
အကျိုး ပြုမှု တွေ မခံခဲ့ ရဘူး ။

ဘ၀ အောင်မြင်ရေး အတွက် လည်း ဖခင်
ကို သိပ် အားမကိုး ရဘူး ။

ဖခင် ရဲ့ အကျင့် စရိုက် ၊  စိတ်နေ သဘောထား
တွေ လည်း ကွာခြား နိုင်တယ်။

အကြိုက်ချင်း လည်း တူမှာ မဟုတ်ဘူး ။

ဖခင် ရဲ့ အမွေ မရရှိ နိုင်ဘူး ။

၅ ။ ဘယ် မိတ် မှာ မဆို မိခင် နာမည် မပါ
ခဲ့ရင်

ငယ်စဉ် ကတည်းက မိခင်မေတ္တာ
ငတ်ခဲ့ ရမယ် ။

မိခင် နဲ့ ခွဲခွာ နေရတာ များမယ်။

အကြိုက် ချင်း မတူ နိုင်ဘူး ။

ဒါပေမယ့် လိုက်လျော မိတတ် ကြမယ် ။

ကြီးလာ တဲ့ အခါ မှာ မိခင် အတွက် ပူပင်
သောက ရောက် နေမယ် ။

မိခင် အတွက် ဆို အခက်အခဲ အနှောင့်
အယှက် တွေ တွေ့ရမယ် ။

ပင်ပင် ပန်းပန်း လုပ်ကိုင် ကျွေးမွေး ရမယ် ။ 

ဒါပေမယ့် မိခင် ဆီက အမွေအနှစ်
မရရှိ နိုင်ဘူး ။ 

မိခင် ရဲ့ အကျိုး ကျေးဇူး ပြုမှု မရှိ နိုင်ဘူး ။

မိခင် ရဲ့ အကျင့် စရိုက် ၊ စိတ်နေ သဘောထား တွေလည်း ကွာဟ နေလိမ့်မယ် ။

၆ ။ ဘယ် မိတ် မှာ မဆို မိဘ နှစ်ပါး စလုံး
နာမည် မပါ ခဲ့ရင်
         
မိဘ နှစ်ပါး စလုံး နဲ့ အတူ မနေရဘူး ။

မိဘ ရဲ့ ချစ်ခင် ကြင်နာမှု တွေ ကို အနီးကပ်  ပြည့်ပြည့် ၀၀ မခံစား ရတဲ့ သဘော ကို ဆောင်နေတယ် ။

ဘ၀ တိုးတက် အောင်မြင်မှု ကို မိဘ နှစ်ပါး
ရဲ့ အကျိုး ကျေးဇူး ကြောင့် မရရှိ နိုင်ဘူး ။

အနေ ဝေးလွန်း အားကြီး တတ်တာ ကြောင့် သံယောဇဉ် နည်းပါး ကြမယ် ။

နက်ရှိုင်း တဲ့ ချစ်ခင် ကြင်နာ မှုမျိုး
သိပ် မရှိ ကြဘူး ။

ဒါပေမယ့် ကိုယ် နဲ့ ဝေးနေရတဲ့ အမိ အဘ
တွေကို လုပ်ကိုင် ကျွေးမွေး ဖို့ ဘေးကျပ် နံကျပ် ဖြစ်စရာ အကြောင်း တွေ ရှိနေ တတ်တယ်။
         
အမိအဘတို့ရဲ့ အကျင့်စရိုက်တွေနဲ့ ကွာဟ
နေကြ လိမ့်မယ် ။

မိဘ တွေက တောနေ စရိုက် မိရိုး ဖလာ
အတိုင်း ပြုမှု ဆောင်ရွက် တတ်ရင်  သားသမီး
ဖြစ်သူ ဟာ မြို့နေ စရိုက် ခေတ်မီ တဲ့ အပြုအမှု
တွေ ရှိနေ တတ်တယ် ။

ဒါဟာ တစ်ဦး တစ်ယာက် ရဲ့ မွေးနံ နဲ့
အဲဒီ မွေးနံ နဲ့ဆိုင်တဲ့ အပြင်မိတ် ၊ အတွင်းမိတ် ၊  ဓာတ်မိတ် တို့ကို ကြည့်ပြီး တိတိကျကျ ပြောနိုင်
တဲ့ အချက် တွေပါပဲ ။
         
' ဥာဏ်သွားသူတွေ ' အဖို့ သားသမီး နဲ့ မိဘ
အကြား ရှိနေတဲ့ အချက်တွေ ၊  သဘော
သဘာဝ တွေ ကို မူတည် ပြီး သားသမီး ရဲ့
မွေးနံ ဆိုတာ နဲ့ သူ့မိဘ နာမည်ဟာ ဘယ်လို
ဖြစ်မယ် ။ ဘယ် နံထဲ မှာ ပါတယ် ဆိုတာ ကို ' ပြောင်းပြန် လုပ်ပြီး ' ပြောနိုင် ပါသေးတယ် ။
         
ဒီထက် ဥာဏ်သွား သူတွေ ကတော့ ခုထက်
မက ချဲ့ထွင်ပြီး အသေးစိပ်​ တိတိကျကျ
ပြောနိုင် ပါလိမ့်မယ်။

နည်းစနစ် ရဲ့ ပရိယာယ် ကို သိရင်
ဥာဏ်ရှိ သလို ဆုံးဖြတ်ချက် ချနိုင်တာ
မှာ ဟာ မြန်မာ့ရိုးရာ ဆန်းပညာ ပါပဲ
ခင်ဗျား ။

🔊🔊🔊

❝ Page​လေးထဲမှာ အခြားအခြား​သော ​...

❂ ဗေဒင်​ဆိုင်​ရာ သိမှတ်​စရာများ

❂ ယတြာများ

❂ ပြုံး​ပျော်​စရာ ​ဗေဒင်​ဟာသများ

❂ ​ဗေဒင်​ကာတွန်းများ 

❂ ဗေဒင်​စာအုပ်​pdfများ 

❂ ဗေဒင်​apkများ

❂ ဘာသာ​ရေး ဆိုင်​ရာ သိမှတ်​ဖွယ်​ရာများ ...

စသဖြင့်​ ​လေ့လာစရာ​လေး​တွေ
တင်​​ပေးထားပါတယ်​ ဝင်​​ရောက်
ဖတ်​ရှူ ​လေ့လာကြပါ ခင်​ဗျာ ❞

🔯  မိတ်​​ဆွေတို့ ဖတ်ပြီး သ​ဘောကျ နှစ်​သက်​ရင်
မိမိတို့ မိတ်​​ဆွေ များကိုလည်း ပြန်လည် ​ဝေမျှ
ပေးကြပါဦး ခင်​ဗျာ 🔯

                                     ✍ ​ဝေဒင်္ဂ ✍

သားသား​လေး နဲ့ ​မေ​မေ့ ပုံ ကို အသုံးပြုခွင့်
ပြု​ပေး​သော ညီမငယ်​​လေး Bo ma chay
ကို အထူးပဲ ​ကျေးဇူး တင်​ပါတယ်​ ခင်​ဗျာ
😍😘😚

ခွဲ​မွေးမ့်​ရက်​ ​ဗေင်​ ​မေးလို့ တွက်​ဒယ

❝ သားဖွားနဲ့မီးယပ်​ ဆရာဝန်​ကြီး ဆရာဦးစိုးလွင်
ဆိုတာ ​ဝေဒင်္ဂ အထူး မိတ်​ဆက်​​ပေးစရာ မလိုတဲ့
သားဖွားမီးယပ်​ ဆိုင်​ရာ ကိစ္စ​တွေမှာ ​အသိပညာ 
ပေး​နေတဲ့ ဆရာကြီး တစ်​ဦးပါပဲ ❞





ခွဲစိပ်​ချိန်​ ကို တဖက်​သား ဆရာဝန်​ကြီး​တွေ ဖက်​က​နေ မစဉ်းစားပဲ ညနက်​သန်း​ခေါင်​​တွေ ​ပေးတတ်​ကြ​သော 
ဗေဒင်​ဆရာများ အ​ကြောင်း နဲ့ ​ဗေဒင်​ဆရာ က ​ရွေးတဲ့ ခွဲစိပ်​ချိန်​ မ​ရောက်​မချင်းေ​ပ​တေပြီး မ​မွေးတဲ့ ​ဗေဒင်​ ကိုသာ သိပ်​ယုံလွန်းပြီး မိမိရဲ့ ကျန်းမာ​ရေး ကို သတိမမူတဲ့ မမဗိုက်​တို့ အ​ကြောင်း ​ရေးထားတဲ့ ​ဆောင်းပါး​လေးမှာ ​ဝေဒင်္ဂ ကိုယ်​တိုင်​လဲ ဆရာကြီး ​ရေးတဲ့
စာ​လေး​ကြောင့်​ အသိပညာ တိုးခဲ့ဖူးပါတယ်

အဆိုပါ ​ဆောင်းပါး​လေး ဖတ်​ရပြီး ကတည်းက ​ဝေဒင်္ဂ လဲ ရင်​​သွေးငယ်​ ဖွားမြင်​ဖို့ မင်္ဂလာ အချိန်​အခါ ရက်​ တို့ လာ​မေးတဲ့ ​မိတ်​​ဆွေများကို ဆရာကြီး ​ရေးထားတဲ့ ထို 
ဆောင်းပါး​လေးက သိမှတ်​စရာ​လေး​တွေ ပြန်​ပြောပြတဲ့ အလုပ်​​လေးတစ်​ခု ရသွားပါတယ်

ခွဲမွေးရမယ့်ရက် ဗေဒင်မေးလို့တွက် ဆိုတဲ့ စာအုပ်​ မှ
ရက်ရာဇာ ပြသဒါး ခွဲမလား မွေးမလား ဆိုတဲ့ အခန်းကို ဆရာကြီး ရဲ့ PAGE​လေးမှာ တင်​ထားတာ ​တွေ့မိလို့ ကိုယ်​ဝန်​​ဆောင်​မိခင်​များ သိမှတ်​ရ​အောင်​ ထပ်​ဆင့်​ပြီး
ပြန်​လည်​ ​ဝေမျှ​ပေးလိုက်​ပါတယ်

အောက်​က LINK​လေးက သားဖွားနဲ့မီးယပ်
ဆရာဝန်​ကြီး ဆရာဦးစိုးလွင်​ ရဲ့ PAGE LINK ​လေးပါ

https://www.facebook.com/DrSoe-Lwin-242727989149454

🔊🔊🔊

❝ Page​လေးထဲမှာ အခြားအခြား​သော ​...

❂ ဗေဒင်​ဆိုင်​ရာ သိမှတ်​စရာများ

❂ ယတြာများ

❂ ပြုံး​ပျော်​စရာ ​ဗေဒင်​ဟာသများ

❂ ​ဗေဒင်​ကာတွန်းများ 

❂ ဗေဒင်​စာအုပ်​pdfများ 

❂ ဗေဒင်​apkများ

❂ ဘာသာ​ရေး ဆိုင်​ရာ သိမှတ်​ဖွယ်​ရာများ ...

စသဖြင့်​ ​လေ့လာစရာ​လေး​တွေ
တင်​​ပေးထားပါတယ်​ ဝင်​​ရောက်
ဖတ်​ရှူ ​လေ့လာကြပါ ခင်​ဗျာ ❞

🔯  မိတ်​​ဆွေတို့ ဖတ်ပြီး သ​ဘောကျ နှစ်​သက်​ရင်
မိမိတို့ မိတ်​​ဆွေ များကိုလည်း ပြန်လည် ​ဝေမျှ
ပေးကြပါဦး ခင်​ဗျာ 🔯

                                     ✍ ​ဝေဒင်္ဂ ✍

🚼 စိုးမိုးဂြိုဟ်​ ​ကြောင့်​ ကြုံရမယ့်​ ရင်သွေး ကံကြမ္မာ 🚼



❝ ကိုယ့် ရင်နဲ့ အမျှ ချစ်ရတဲ့၊ ကြင်နာရတဲ့၊ ယုယ ရတဲ့ ရင်သွေးငယ် တို့ရဲ့ အ​ကြောင်း တွေကို ကြိုသိထား ရင် မကောင်းဘူးလား။ ရင်သွေး တစ်ယောက် ရလာ တာနဲ့ ဒီရင်သွေး ရဲ့ ကံကြမ္မာကို သိထားရင် သူ့အတွက် ဆောင်သင့်တာ၊ ရှောင်သင့်တာ၊ သတိပြုသင့်တာ၊ ဂရုစိုက်သင့်တာတွေသိလာမယ်၊ သူတို့လေးတွေ ရဲ့ရှေ့ရေး၊ သူတို့လေးတွေ ရဲ့ အနာဂတ် လှပ လာ အောင် ဖန်တီးပေးနိုင်မယ် မဟုတ်လား။ ဒီတော့ ရင်သွေး ရှိသူတိုင်း အတွက် သိမှတ်စရာလေးတွေကို ​ပြောပြ​ပေးပါမယ်​ ❞

💡 အဓိက သိထားရမှာ ကတော့ ရင်သွေးငယ် တို့ရဲ့ မွေးရက်ပါဘဲ၊ ဒီမွေးရက်ဟာ မြန်မာ သင်္ကြန် တက်တဲ့နေ့ ကနေ ဘယ်နှစ်ရက် ကွာခြားတယ် ဆိုတာ ရေတွက် ရပါမယ်။ ဒါဆိုရင် ရင်သွေး ကံကြမ္မာ ကို သိဖို့ ကတော့ ဟောဒီလို လွယ်လွယ်လေး ပါပဲ 💡

( 1⃣ ) သင်္ကြန် အတက်နေ့ မှ ၁၇ရက် အတွင်း မွေးဖွား တဲ့ ရင်သွေး
         
ဒီရင်သွေးငယ် တွေဟာ တနင်္ဂနွေဂြိုဟ်​ ရဲ့
အားကောင်း တဲ့ အုပ်စိုးမှု ကို ခံရတဲ့ ရင်သွေးလေးတွေဖြစ်တယ်၊

ဒါကြောင့်မို့ ထွန်းကား ပေါက်မြောက်မယ့်သူတွေ လို့ သတ်မှတ်နိုင်တယ်၊ ထက်မြက်မှု ရှိမယ့် ရင်သွေးလေးတွေ ပါပဲ။
         
ကျန်းမာရေး နဲ့ ပတ်သက်ပြီး နှလုံးသွေး၊  မျက်စိဆိုင်ရာ ရောဂါတွေ ဖြစ်တတ်တယ်။
         
ဒီရင်သွေးလေးတွေ ချုချာရင် သံကို လက်စွပ်ကွင်း  ပြီး ၀တ်ထားပေးရမယ်၊ ကျွေးရမယ့် ဓါတ်စာတွေ က ဘာလီ၊ ဆန်ပြုတ်၊ ချင်း၊ လေးညှင်း၊ ဇာတိပ္ဖိုလ်၊ လိမ္မော်၊ ရှောက်၊ သံပုရာ တို့ပါပဲ၊ အများဆုံး တိုက် ကျွေး သင့်တာ ကတော့ ပျားရည် ဖြစ်တယ်။

ကျန်းမာရေး အထူး ဂရုစိုက် ရမယ့် အရွယ်တွေ ကတော့ ၁နှစ်၊ ၄နှစ်၊ ၁၀နှစ်၊ ၁၃နှစ်တို့မှာ ဖြစ်တယ်။

အဲဒီ့လို ၁၇ရက် အလွန်က နောက် ၂၃ရက် အတွင်း မွေးဖွားသူ ရင်သွေးလေးများ ကိုတော့ အင်္ဂါဂြိုဟ် က အုပ်စိုးပါတယ်။

သူတို့လေးတွေဟာ အသက်ကြီးပိုင်း မှာ ကောင်းစား ပါလိမ့်မယ်။ အရက်သေစာ နဲ့ မူးယစ် ဆေးဝါးတွေကို ရွံအောင်၊ မုန်းအောင်၊ ကြောက် အောင် ဆိုဆုံးမဖို့ အထူး အရေးကြီးပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ရမှာ ကတော့ ကျောက်၊ ၀က်သက် နှင့် အဖျား အမျိုးမျိုးပါပဲ။

ရင်သွေး​လေး ဟာ ချူချာမယ်ဆိုရင် ကျောက်နီ ကို သံ နဲ့ လက်စွပ် ကွင်းပြီး ၀တ်ဆင် ပေးရမှာ ဖြစ်တယ် ဓါတ်စာတွေက ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်ကောင်း တို့ဖြစ်ပြီး ဂရုစိုက်ရမယ့် အသက်အရွယ်တွေ က ၉နှစ်၊ ၁၈နှစ် အရွယ် ဖြစ်တယ်။

ဒါက သင်္ကြန်တက်ပြီး ရက်၃၀ အတွင်းမှာ မွေးတဲ့ တနင်္ဂနွေ အုပ်စိုးခံ ရင်သွေး နဲ့ အင်္ဂါဂြိုဟ် အုပ်စိုးခံ ရင်သွေး တို့ အဖို့ပေါ့။

( 2⃣ ) သင်္ကြန်တက်ပြီး ပထမရက်၃၀ နဲ့ နောက်ရက် ၃၀ကြား မွေးဖွားတဲ့ ရင်သွေးတွေ အတွက် ကတော့

သောကြာဂြိုဟ် အုပ်စိုး ခံရသူများ ဖြစ်တယ်၊ ဒီရင်သွေးလေးတွေ ဟာ အလှအပ မြတ်နိုးမယ်၊ အပျော်အပါး နှစ်သက်မယ်၊ ဘာကိုမှ သိပ် အလေးအနက် မထားတတ်ဘူး၊

ရင်သွေး​လေး အတွက် ဆောင်ထား ပေးရမှာ က ငွေ နဲ့ လုပ်တဲ့ လခြမ်းပုံပါ လည်ဆွဲဖြစ်တယ်၊ ၁၅နှစ်၊ ၁၆နှစ် ကျန်းမာရေး ဂရုစိုက် ရမယ်။

ရင်သွေး​လေး ဖြစ်တတ်တဲ့ ဝေဒနာ က အထူးသဖြင့် ကတော့ အဆုတ်ရောင်ရောဂါပဲ၊ ဒါကြောင့် ရင်သွေး အဖို့ လေ ကောင်းလေသန့် ရဖို့ အရေးကြီးတယ်၊

ပဲအမျိုးမျိုး၊ သစ်ချသီး၊ တယ်သီး၊ သဖန်းသီး၊ နှင်းဆီပွင့် နဲ့ နှင်းဆီရွက် တို့ကို ဓါတ်စာ အဖြစ် ကျွေး သင့်တယ်။

( 3⃣ ) သင်္ကြန်တက်ပြီး ရက်၆၀ က နောက်ရက်၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေး​လေး ဟာ
         
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးသူ ဖြစ်တယ်၊ ဒီ ရင်သွေး ကို သန္ဓေရစဉ် ကတည်းက မိဘတွေဟာ စီးပွားရေး ပြေလည် လာမယ်။

ဖြစ်တတ်တဲ့ ဝေဒနာတွေ က အကြောရောဂါ၊ အဖောအရောင်၊ အိပ်မရရောဂါများ၊ ကိုယ် လက်တစ်ခြမ်းသေပဲဖြစ်တယ်။

၅နှစ်၊ ၁၄နှစ်အရွယ် မှာ အထူးဂရုစိုက်ရမယ်။
 ဒီရင်သွေး အတွက် အိပ်ရေးဝဖို့၊ အနားရစေ ဖို့ အရေးကြီးသလို ဆိတ်ငြိမ်အေးချမ်း တဲ့ ပတ်ဝန်း ကျင်လည်း လိုအပ်တယ်၊

ချူချာမယ်ဆိုရင်တော့ ငွေလက်စွပ်ဝတ်ဆင်ပေးရမယ်၊ ပေါင်မုန့်၊ မုန်လာဥ၊ ကရဝေးစေ့ သစ်ချသီး နဲ့အခွံမာတဲ့ သစ်သီးတွေ ကို ဓါတ်စာ အဖြစ် ကျွေးပေးရမယ်။

( 4⃣ ) သင်္ကြန်တက်ပြီး ရက်၉၀ကနေ နောက်၃၀ ရက် အတွင်း မွေးဖွားတဲ့ ရင်သွေးငယ် ဟာ

တနင်္လာဂြိုဟ် နဲ့ နက်ပကျွန်းဂြိုဟ် တို့ရဲ့ စိုးမိုး
တာကို ခံရတယ်။

ဒီရင်သွေးလေးငယ် တွေဟာ ချူချာ တတ်တယ်၊ စိတ်ဓါတ် ရေးရာ ပျော့ညံ့တယ်၊ အလွယ်တကူ စိတ်ထိခိုက် တတ်တယ်၊

ကျန်းမာရေး အထူး ဂရုစိုက် ရမယ့် ရင်သွေးလေး ပါပဲ၊ ၂နှစ်၊ ၇နှစ်၊ ၁၁နှစ်၊ အရွယ်တွေ မှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်တယ်။

ဒီရင်သွေးငယ်ကို လေကောင်းလေသန့် ရစေဖို့ အရေးကြီးတယ်၊ အဆောင် အဖြစ် ပုလဲ ကို ရွှေ နဲ့ ဖြစ်ဖြစ်၊ ငွေ နဲ့ ဖြစ်ဖြစ် ကွင်းဝတ်ရမယ်။

ရင်သွေး​လေး ဖြစ်တတ်တဲ့ ရောဂါ တွေက အစာမကြေရောဂါ၊ အစာအိမ် ရောဂါ အမျိုးမျိုး၊ ၀မ်းဗိုက်ဖောရောင် တာတို့ ဖြစ်ကြပါတယ်၊

ဓါတ်စာ အဖြစ် သောက်သုံးသင့်တာ က အသီးအမျိုးမျိုး ရဲ့အရည် ပဲ ဖြစ်တယ်၊
ဖရဲသီးစားလို့တည့်ပါတယ်။

( 5⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၁၂၀ က နောက်၃၀ ရက် အတွင်း မွေးတဲ့ ရင်သွေးလေးငယ်များ ဟာ

တနင်္ဂနွေဂြိုဟ် နဲ့ယူရေးနပ်ဂြိုဟ် တို့ စိုးမိုးတာ ကို ခံရတယ်၊ ဒီရင်သွေးလေးတွေ ဟာ စိတ်ကြီးတယ်၊ ဒေါသကြီးတယ်၊ ထက်မြက်တယ်။

သူတို့ကို၎နှစ်၊ ၁၀နှစ်၊ ၁၃နှစ် အရွယ် မှာ အထူး ဂရုစိုက် ရမယ်

နှလုံး နဲ့ ပတ်သက် တဲ့ ရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ရောဂါ၊ ဆီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခါးနာ၊ ခေါင်းကိုက် စတဲ့ ရောဂါတွေ ဖြစ် တတ်မယ်။
         
ဓါတ်စာ အဖြစ် သင့်လျော်တာတွေ က

ဇာတိပ္ဖိုလ်၊ လေးညှင်း၊ ချင်း၊ သံပုရာ၊ လိမ္မော်၊ ရှောက် စသည်တို့ပါပဲ။ ရှောင်ရမယ့် အစာတွေ က အဆိမ့်လွန်၊ အချိုလွန်၊ အချဉ်လွန်၊ အငန်လွန်အစာ တွေ ဖြစ်တယ် 

ဆောင်ရမှာ က ပယင်း ကို ရွှေ နဲ့ ကွင်းထားတဲ့ လက်စွပ်ပါ။

( 6⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၁၅၀ ကနေ
နောက် ရက်ပေါင်း၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ဟာ

ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတာကိုခံ ရသူလေးတွေပါပဲ၊ ဒါကြောင့် အပိုဒ် ( 3⃣ ) မှာ ပြောခဲ့တဲ့ အတိုင်း ဆောင်နိုင်၊ ရှောင်နိုင်၊ မှတ်သား အသုံးချ နိုင်ပါတယ်။

( 7⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၁၈၀ ကနေ
နောက် ရက်ပေါင်း၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ
         
သောကြာဂြိုဟ် က ပဲ စိုးမိုးနေပါတယ်၊ ဒါကြောင့် အပိုဒ် ( 2⃣ )မှာ ပြောခဲ့တဲ့ အတိုင်း မှတ်သား နိုင်ပါတယ်။

( 8⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၁၀ ကနေ နောက် ၃၀ရက် အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ

အင်္ဂါဂြိုဟ် က ပဲ စိုးမိုးပါတယ်၊ အင်္ဂါဂြိုဟ် စိုးမိုး တာမို့ သင်္ကြန်တက်ပြီး ၁၇ရက် ကနေ နောက် ၂၃ရက် အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တွေ လိုပဲ မှတ်သား နိုင်တယ်။ (အသက် ကြီးသွားရင် တော့ ကွာခြား သွားလေ့ရှိတယ်။)

( 9⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၄၀ က နောက်  ရက်၃၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ်တို့ ဟာ

ကြာသပတေးဂြိုဟ် က စိုးမိုးနေမယ်၊ ရင်သွေးငယ် အသက်၃နှစ်၊ ၁၂နှစ်မှာ ကျန်းမာရေးအထူး ဂရုပြုရ မယ်။ ကိုယ်လက်လှုပ်ရှား၊ အားကစားလုပ်တာ၊ အခြား အလုပ်တွေ လုပ်တာမို့၊ ခန္ဓာကိုယ် အောက်ပိုင်း ၊နာကျင် ကိုက်ခဲ တတ်မယ်၊ အကြော တက်တယ်။  အရေပြားရောဂါတွေ၊ ကြိုတင် ကာကွယ် တဲ့ အနေ နဲ့ အနားယူ တတ်ဖို့ လိုတယ်။

အကြောရောဂါ ဖြစ်ရင်၊ ကိုက်ခဲတာ ဖြစ်ရင်၊ ဇာတိပ္ဖိုလ်သီး ကို ဆား နဲ့ သွေးပြီး ခပ်ထူထူလေး မကြာခဏ လိမ်းပေး ရမယ်။ သင့်လျှော် တဲ့ ဓါတ်စာတွေ ကတော့ မြက်၊ ကညွတ်၊ ချယ်ရီသီး၊ နာနတ်သီး၊ စပျစ်သီး၊ ဒန်းသီး၊ သဖန်းသီး တို့ပါပဲ။

ကျန်းမာရေး ချူချာရင် ခဲမဖြူ  ကို လက်စွပ် ကွင်းဝတ်ရမယ်။

( 🔟 ) သင်္ကြန်တက်ပြီး ရက်ပေါင်း၂၇၀ က
နောက် ထပ် ရက်ပေါင်း၆၀ အတွင်း မွေးဖွားတဲ့ ရင်သွေးငယ် တို့ ဟာ

စနေဂြိုဟ် က စိုးမိုးတယ်။ ဒီရက် အတွင်း မွေးဖွား တဲ့ စနေသားသမီး ဟာ မိဘ ကို ဒုက္ခ ပေး တတ်တယ်၊ ( တစ်ခြား ရက်တွေ မှာ မွေး တဲ့ စနေသားသမီး တွေဟာ ဒုက္ခ မပေးတတ် ပါဘူး။)

ကျန်းမာရေး ဂရုစိုက်ရမယ့် အရွယ်က ၄နှစ်နဲ့ ၈နှစ် အရွယ် မှာ ဖြစ်တယ်၊ ဖြစ်တတ်တဲ့ ရောဂါတွေ က အသည်းရောဂါ၊ သည်းခြေရောဂါ၊ အူသိမ်မှာ ဖြစ် တတ်တဲ့ ရောဂါ၊ ထုံကျင်ကိုက်ခဲ၊ သွေးအဆိပ်တက် ရောဂါတွေပါပဲ၊ အသား နည်းနည်းပဲ ကျွေးပြီး အသီး အရွက် များများ ကျွေးပေး ရမယ်။

( 1⃣1⃣ ) သင်္ကြန်တက်ပြီး ရက်ပေါင်း၃၃၀ ကနေ
တစ်ကြိမ် သင်္ကြန်ကျလို့ အကြတ်နေ့ အထိ ရက်ပေါင်း၃၀ အတွင်း မွေးဖွားသူ တို့ကို
         
ကြာသပတေးဂြိုဟ် ကပဲ စိုးမိုးပါတယ်။
         
ဒီတော့ မှတ်သားစရာတွေ၊ ဆောင်စရာ၊ရှောင်စရာတွေက အပိုင်း( 9⃣ ) လိုပဲ ဖြစ်ပါတယ်။
         
💫 ကဲ ဒီလို ကိုယ့်ရင်သွေး မွေးတဲ့ ရက်ကိုမူတည် ပြီး စိုးမိုးတဲ့ဂြိုဟ် အရ၊ ကြိုတင် သိထားရင် ကိုယ့်
ရင်သွေး ကို ဘယ်လို ပြုစု စောင့်ရှောက် သင့်တယ် ဆိုတာ ရိပ်စားမိလောက်ပါပြီ။ 💫
         
👪 မိဘတိုင်း​ ရင်သွေးများကို ထိထိရောက်ရောက် ချစ်ခင်ယုယ နိုင်ပါစေ... 👪

🔯 မိမိတို့ အတွက်​ အသုံးဝင်​တဲ့ ပညာရပ်​ ၁ခု ဖြစ်​တယ်​ ဆိုရင်​ မိမိတို့ မိတ်​​ဆွေများပါ သိခွင့်​ရကြဖို့
Share သွားကြပါ​နော်​ 🔯

                                         ✍ ​ဝေဒင်္ဂ ✍